ည၏အမှောင်ထုကား ပတ်ဝန်းကျင်၌ ကြီးစိုးလျက်။
ရွာရဲ့ အလယ်မကျတကျရှိ အိမ်ဝိုင်းတစ်ခုတွင်ဖြစ်သည်။
အရာရာ တိတ်ဆိတ်နေပြီး တစ်အိမ်သားလုံးအိပ်မောကျနေကြပြီဖြစ်ပေမဲ့လို့ ။
အိပ်မပျော်နိုင်သူတစ်ဦးရှိနေသည်။
ထိုသူမှာ နီရှီမူရာပင်ဖြစ်ချေသည်။
"ဟာကွာ အာရုံနောက်လိုက်တာ အဲ့ဘိုးတော်!"
စိတ်ရှုပ်ရှုပ်နှင့်အိပ်မရမဲ့အတူတူ အိပ်ယာမှထ၍ ဧည့်ခန်းတွင်ထိုင်ကာ ခြင်တွေကို သွေးလှူနေလိုက်တော့သည်။
"ဟာ ဟျောင့်! ဘာလုပ်နေတာလဲဟ
လန့်လိုက်တာကွာ"အိပ်ယာမှ တစ်ရေးနိုးကာ အပေါ့အပါးသွားဖို့
ထလာတဲ့ ကိုကြီးက အလန့်တကြား သရဲမြင်သလိုမျက်နှာနဲ့ မေးလာသည်။"အိပ်မရလို့ ဒီမယ်ထွက်ထိုင်နေတာ"
"ဟေ အိပ်မရလို့ဟုတ်လား ဘာဖြစ်လို့လည်း နေမကောင်းလို့လား"
မျက်လုံးကို လက်ဖြင့်ပွတ်ရင်းအနားကိုလျှောက်လာကာ ကိုကြီးကမေးလာသည်။
"ဟူးးး အသည်းကွဲနေတာဗျ အသည်းကွဲနေတာကိုကြီးရ!"
"ဟင် မင်းနဲ့ ဟီဆွန်း ပြတ်သွားပြီလား"
"ဟင့်အင်း မပြတ်ပါဘူး ပြတ်စရာလား"
"ဟော အဲ့တာဆို ဘယ်လိုဖြစ်လို့အသည်းကကွဲသွားရတာတုံး"
"အသည်းအဖေ ဟိုဘိုးတော်ပေါ့ဗျာ။
ကျုပ်နဲ့အသည်းကြိုက်နေမှန်းသိရက်နဲ့ အသည်းကိုမိန်းမပေးစားဖို့စီစဉ်နေတယ်တဲ့""ဟုတ်လား မင်းဘယ်လိုလုပ်မလည်းအဲ့တာဆို"
"ဘာလုပ်ရမှန်းမသိလို့ စဉ်းစားရင်းအိပ်လို့တောင်မပျော်ပါဘူးဗျာ။
ကျုပ်လေတွေးလေလေ ဟိုဘိုးတော်ကို ဒေါသဖြစ်လေလေပဲ။""စိတ်လျှော့ပါကွာ။အခုတော့ ပြန်အိပ်လိုက်အုံး သွား"
"အင်း ကိုကြီးလည်း ပြန်အိပ်လိုက်အုံး "
"အေးအေး အငယ်လေး"
ကိုကြီးကသူ့အခန်းထဲကို အရင်ပြန်ဝင်သွားသည်။သူကတော့ တအောင့်လောက်ထိုင်ပြီးကာမှ ခြင်တွေဝိုင်းသမတာမခံနိုင်တော့တာမို့ အခန်းထဲပြန်ဝင်အိပ်လိုက်ရတော့သည်။
YOU ARE READING
ကျုပ်အသည်း သို့ ခင်များ
Romanceအီဟီဆွန်းဆိုတဲ့ သူကြီးသားလေးက ဟောဒီ့နီရှီမူရာရီခီဆိုတဲ့ကောင်ရဲ့ အသည်းအသက်ကလေး nishimura ri-ki × lee heeseung