မင်္ဂလာဧည့်ခံပွဲပြီး၍ တစ်လပြည့်သွားပြီဖြစ်သည်။
ဟီဆွန်းတို့နှစ်ယောက်ကအခုထိအိမ်ခွဲမနေရသေးပေ။
မောင်ကအလုပ်ရှိရာ ပန်းခြံကို အသွားအပြန်အလုပ်ကို လုပ်နေရင်းအဆင်ပြေနေသဖြင့် သိပ်တော့ ခက်ခက်ခဲခဲမရှိလှ။
မနက်စာစားပြီးဆို ဂျုံဆောင်းနဲ့မောင်ကအိမ်ကထွက်သွားပြီး ဆိုင်နှင့်ပန်းခြံအလုပ်ရှိရာ အသီးသီးကို သွားကြသည်။
ဟီဆွန်းရယ် ဆောင်ဟွန်းရယ်က အိမ်မှာနေ ချက်ပြုတ်ရပြီး နေ့လည်စာကို တစ်ယာက်တစ်လှည့် သွားသွားပို့ပေးရသည်။
ညနေစောင်းသည်နှင့် မောင်ကပန်းခြံကပြန်လာပြီး ဆောင်ဟွန်းကဂျုံဆောင်းဆီလိုက်သွားသည် ။
တစ်ခါတစ်လေ မောင်စောစောပြန်လာသည့်ရက်နှင့်တိုးလျှင်တော့ သူတို့ပါဆိုင်ကိုလိုက်သွားတတ်သည်။
မောင်လည်းအားတဲ့ရက် သူလည်းအဆင်ပြေတဲ့ရက်ဆိုရင်တော့ ဖေကြီးနဲ့ကြီးမေတို့ဆီသွားလည်ဖြစ်သည်။
ဖေကြီးကမောင့်ကိုသိပ်သဘောမကျပေမဲ့ အဆိုးကြီးတော့မဟုတ်လှ။မောင်သည်လည်း အချိုးလေးတွေပြင်ကာနေလာတော့ အခြေအနေကပိုလို့ကောင်းလာဖို့ပဲရှိသည်လေ။
"အသည်း ဘာတွေတွေးနေတာတုန်းဗျ။"
အသီးသီးညစာစားသောက်ပြီး၍ ဟီဆွန်းက အပြင်မှာမထိုင်တော့ပဲ အခနိးထဲပြန်လာကာ တံမြတ်စည်းလှည်းကာကျင်း အိပ်ယာခင်းပြီး ပြန်မထွက်ဘဲ အိပ်ခန်းထဲထိုင်စဉ်းစားနေတုန်း မောင်ကနောက်ကလိုက်ဝင်လာကာ အနားကို ကျုံ့ကျုံ့လေးလာထိုင်ကာ မျက်နှာကိုလိုက်ကြည့်ကာ မေးလာသည်။
"ဪ..ဘာမှမတွေးပါဘူး။
ဘာလိုလိုနဲ့မောင်ငါနဲ့ယူထားတာ တစ်လတောင်ပြည့်ပြီလေ။
အဲ့တာစဉ်းစားနေတာ""ဘာတွေစဉ်းစားနေတာလည်း။
ဘာလုပ်ချင်တာရှိလို့လည်း""ငါလား ဘာလုပ်ချင်လည်းဆို မောင်နဲ့တူတူ ခြံထဲလိုက်ခဲ့မယ်လေ။
အလုပ်သမားတွေရှိပေမဲ့ ဝိုင်းကူပေးလို့ရတာပေါ့""အသည်းရယ် အသည်းပင်ပန်းမယ်ဗျ။
နေပူထဲမှာ လုပ်ရမှာ။
အသည်းအသားနုနုကလေးတွေ နေလောင်ကုန်လိမ့်မယ်"
YOU ARE READING
ကျုပ်အသည်း သို့ ခင်များ
Romanceအီဟီဆွန်းဆိုတဲ့ သူကြီးသားလေးက ဟောဒီ့နီရှီမူရာရီခီဆိုတဲ့ကောင်ရဲ့ အသည်းအသက်ကလေး nishimura ri-ki × lee heeseung