"ဆေးခန်းသွားလိုက်မလား"
"ပြောတယ် မသွားဘူးကြီးပဲငြင်းနေတာကို"
နွေအကုန်မိုးအကူးးရာသီပြောင်းကာလပေမို့ ပူတစ်လှည့်အေးတစ်လှည့်ဖြင့် အနေအထိုင်မဆင်ခြင်မိ၍ ဟီဆွန်းတစ်ယောက် အပူကြီးကာ ဖျားလေပြီ။
"ဘာမှမဝင်တာ ဘယ်နှစ်ရက်ရှိပြီလည်း ပါးစပ်ထဲအပူနာတွေပေါက်ပြီး အစား'စားလို့မရတာ"
"မသွားချင်ပါဘူး ဆေးစပ်သောက်ရင်ရပြီ"
"အသည်း! မရပါဘူးဗျာ လာ ဆေးခန်းသွားကြမယ် ကျုပ်စိတ်မရှည်တော့ဘူး"
"မောင်ရာ ငါမသွားချင်ဘူးလို့"
အိပ်ယာထဲ ဘေးတစ်စောင်းအနေအထားကနေ ငိုသံပါနဲ့ပြန်အော်တော့ အသဲကျယ်ကျယ်မထွက်သွားပေမဲ့ အာခေါင်မှ အပူနာများကြောင်း သေမတတ်နာသွားပါသည်
။သူနေမကောင်းလို့ ဂျုံဆောင်းကလည်း ဆိုင်မသွားဖြစ်။ဆောင်ဟွန်းနှင့်မောင်ကလည်း ဘေးမှာငုတ်တုပ်။
"အစားမဝင်ရင် ပိုထိလိမ့်မယ်အသည်းရဲ့။
အဲ့အနာတွေနဲ့ဘာမှလည်းမစားနိုင်ဘူးမဟုတ်လား""အေးလေ ဟီဆွန်းရယ် ဂျီကျမနေဘဲ သွားလိုက် အနာနဲ့ဆေးတွေ့လို့ ကောင်းသွားရင် ပြီးပြီလေ"
သုံးယောက်တစ်ယောက်ဖြစ်နေတာမို့ နောက်ဆုံး ဟီဆွန်းကပဲလက်လျှော့ပြီး ဆေးခန်းသွားရန်လက်ခံလိုက်သည်။
အပေါ်မှ အနွေးဝတ်တစ်ထည် ထပ်ဝတ်လိုက်ပြီး ဆောင်ဟွန်းက မျက်နှာကို ရေစိုတစ်ရှူးတစ်ရွက်ဖြင့် သစ်ရန်ထုတ်ပေးလာသည်။
ဂျုံဆောင်းက ခေါင်းဖြီးပေးလို့ပြီးချိန်မှာ မောင်ကလည်း သွားရန်အသင့်ဖြစ်သွားပြီ။
"သေချာပြောပြခဲ့ ဘာဖြစ်နေလဲဆိုတာကို ကြားလား အငယ်လေး"
ဆိုင်ကယ်ပေါ်ရောက်လို့ ထွက်ဖို့လုပ်နေတဲ့ အချိန်ထိ တစ်ဖွဖွမှာပြီး ခြံဝမှရပ်ကြည့်ကာ ကျန်ခဲ့ကြသည်။
ဆေးခန်းရောက်တော့ ဘိုကင်သွားယူကာ ရှေ့လူဘယ်နှစ်ယောက်မှမလိုတော့သည်မို့ ထိုင်စောင့်နေလိုက်သည်။
YOU ARE READING
ကျုပ်အသည်း သို့ ခင်များ
Romanceအီဟီဆွန်းဆိုတဲ့ သူကြီးသားလေးက ဟောဒီ့နီရှီမူရာရီခီဆိုတဲ့ကောင်ရဲ့ အသည်းအသက်ကလေး nishimura ri-ki × lee heeseung