ကျုပ်အသည်း >4<

240 23 17
                                    

Pov  of  NiShiMuRA Ri-Ki

မောင့် ချစ်သည်းကလေးအတွက် မေတ္တာပန်းတစ်ခင်း မောင်ပျိုးထားတယ်။

အသည်းကိုယ်တိုင် နေ့စဥ်ရေလောင်းပေါင်းသင်ပေးရင်း ပိုပိုပွားများလာမဲ့ မောင့်ချစ်ခြင်းတွေ။

ခိုင်မြဲလာမဲ့ ‌သံယောဇဉ်ကြိုးနဲ့သစ္စာတရားက အသည်းဆိုတဲ့ မြေဆီမြေနှစ် အသက်ဓာတ်ကလေးဆီပဲ မြစ်ဖျားခံပါတယ်။

ဘဝမယ် ချစ်မဝတယ်ဆိုတာ အသည်းနဲ့မှ မောင့်မလည်း ကြုံဖူးဆုံဖူးတော့တယ်။

>>>>>>>>>>>>>

မော်တာနှင့်သွယ်ထားသော ရေစက်သံက ထိုနေရာအနီးတစ်ဝိုက် ခပ်ကျယ်ကျယ်ပျံ့လွင့်လျက်။

ရေစက်နှင့် ရေပိုက်လုံးသွယ်ဆက်ထားသော နေရာမှ တစ်ဖျောက်ဖျောက်နှင့် ကျနေသော ရေစက်များကို  ငိုင်တိုင်တိုင်ငေးကြည့်နေရင်း သူထိုင်နေမိတာ မောင်တစ်ယောက် ရေစလောင်းနေကတည်းကပင်။

"အသည်း ပျင်းနေပြီလား ဖုန်းအားသွင်းထားတာ ပြည့်နေပြီထင်တယ် ယူကြည့်လေ"

အိမ်နှင့်ခပ်လှမ်းလှမ်း ညနေစောင်းရဲ့ လက်ကျန်ခပ်ပူပူ နေရောင်ထဲကနေ နှဖူးရှေ့လက်ကာလို့ အိမ်ရှေ့ဝရံတာ ‌ခပ်သေးသေးလေးပေါ်မယ်ထိုင်နေတဲ့သူ့ကို လှမ်းပြောရှာသည်။

"မကြည့်ချင်ပါဘူးကွာ တစ်ခြားတစ်ခုခုလုပ်စရာမရှိဘူးလား လုပ်ပေးမယ်လေကူပြီး "

ဟုတ်သည်လေ။ရောက်ကတည်းက အိမ်ပေါ်တက်ထိုင်နေရတာ အခုပြန်ပင်ပြန်ရတော့မည် အိမ်အောက်မဆင်းရသေး။

"ဘာမှလုပ်ဖို့မရှိတော့ဘူးလေ ကျုပ်ဒါလေးလောင်းပြီးရင် ပြန်လို့ရပြီ"

မော်တာသံကိုဖုံးအောင် အော်ပြောနေကြရပြီး မကြာခင်မှာပဲ စက်သံလည်းရပ်သွားသလို ပိုက်ကရေအားကလည်း လျော့သွားသည်။

လက်ထဲကပိုက်ကို အိမ်ရှေ့ဖိနပ်ချွတ်လှေကားနားထိ ခွေယူလာပြီး ပုံချထားခဲ့ကာ အိမ်နောက်ဘက်ကို ပြန်ဝင်သွားတဲ့ မောင့်ကြောင့် ဟီဆွန်းလည်း နေရာမှထကာ အိမ်ထဲရှိ ပစ္စည်းတွေကို သိမ်းတန်တာသိမ်းပြီး ပြန်ဖို့လုပ်လိုက်သည် ။

ကျုပ်အသည်း သို့ ခင်များWhere stories live. Discover now