ချစ်ခြင်းမေတ္တာတွေ ထပ်တူကြတဲ့အခါ ဘဝဟာ တစ်ကယ့်ကို နိဗ္ဗာန်လေး။
*♡*
နီခီ ဘေးအိမ်က ကြက်ဖ၏ မနက်ခင်းလန်းဆန်းတက်ကြွစွာနှိူးတဲ့အသံကို နားမခံသာတဲ့အဆုံး နားပေါ်ဖိပိတ်ထားတဲ့ ခေါင်းအုံးကို ပစ်ချကာ ကုတင်ပေါ်တွင်ထထိုင်လိုက်မိသည်။
ဘေးကအသည်းကတော့ ဆင်တက်နင်းတောင်နိုးမည့်ပုံမပေါ်သေး။
"ဝှါးးး ဘယ်အချိန်ရှိပြီလည်းမသိဘူး"
စမ်းတဝါးဝါးဖြင့် ကုတင်အောက်ဘက်တွင် အားသွင်းထားသည့် ဖုန်းအား ဖြုတ်ကာ နာရီကြည့်လိုက်ပြီး ဟိုရွှေ့သည်ရွှေ့ဖြင့် ခနထိုင်သုံးရန်စဉ်းစားမိသည်။
အိပ်ယာထကာစဖုန်းသုံးလျှင် ပေါက်ပေါက်ဖောက်လွန်းသည့် သူ့အသည်းအသက်မနိုးခင် ခေတ္တသုံးရန်ဆုံးဖြတ်လိုက်ပါသည်။
"ဘာတဲ့ ပန်းကလစ်ဟုတ်စ"
သူတို့ကိုယ်တိုင်လည်းလူငယ်တွေပဲမို့ အွန်လိုင်းပေါ်မယ် ရေပန်းစား၊ခေတ်စားသမျှသိရပါသည်။
"အော်
ပုံစံအမျိုးမျိုးပဲ။ကျူးလစ်ရော လိပ်ပြာရော ဒူးရင်းသီးတောင်ပါသေး ဟင်း"အသည်းလည်းမနိုးစေဘဲ အသံတိုးတိုးဖြင့် ကြည့်လိုက်ပြောလိုက်လုပ်နေမိသည်။
"အသည်းကိုဒါဝယ်ပေးရင် ငါ့ခေါင်းကအမွှေးအရင်ပြောင်မှာ အသေချာပဲ "
အပေါ်ရွှေ့လည်း ပန်းကလစ်၊အောက်ရွှေ့လည်းပန်းကလစ်ဖြစ်နေကြတာမို့ မျက်စိနောက်လာသဖြင့် ဖုန်းကိုအားပြန်သွင်းပြီး ဇာတ်ချိုးကာ မျက်နှာသစ်ရန်ထထွက်လာခဲ့ပါသည်။
သူမျက်နှာသစ်ပြီး အားနေတာနဲ့ ကိုကြီးကို ဆိုင်လိုက်ပို့ပြီးပြန်ရောက်တော့ သူ့အသည်းက မနက်စာစားဖို့တောင်ပြင်နေပြီ။
"အသည်းကလေး ကျုပ်ကိုတောင်မစောင့်ဘူး"
" မုန့်ကပြင်ပြီးတာတောင်ကြာပါပြီနော် အပြစ်ပြောဖို့ပဲ ငါကမောင့်ကိုစောင့်နေတာကို"
စောင့်နေတာဆိုသည်အား ရိုးရိုးမပြောဘဲ မျက်စောင်းကလေးဝင့်ပြီးပြောသည်မို့ ရင်ထဲဒိုင်းခနဲပင်။
YOU ARE READING
ကျုပ်အသည်း သို့ ခင်များ
Romanceအီဟီဆွန်းဆိုတဲ့ သူကြီးသားလေးက ဟောဒီ့နီရှီမူရာရီခီဆိုတဲ့ကောင်ရဲ့ အသည်းအသက်ကလေး nishimura ri-ki × lee heeseung