ငါသူ့ကိုပြန်တွေ့ခဲ့တာက San Francisco မှာ။
ငါသူ့ကိုပြန်တွေ့ခဲ့ရတာ San Francisco မြို့လယ်ခေါင်မှာတည်ရှိတဲ့ Mani အဆောက်အဦးထဲက ငါတို့ company ရဲ့ ဧည့်တွေ့ခန်းထဲမှာ။
ငါ့ရှေ့မှာရပ်နေတဲ့သူ ငါ့ကိုကြည့်လာတဲ့သူ ဘာမှမပြောင်းလဲသွားတဲ့သူ နှာခေါင်းပေါ်ကမှည့်နက်လေးတွေလှပဆဲဖြစ်နေတဲ့သူက ငါ့ကိုသိနေသလိုမျက်ဝန်းတွေနဲ့ November လရဲ့ ငါ့မွေးနေ့မှာ ငါ့ရှေ့မှာ ရှိနေခဲ့ပါသည်။
သူက ငါ့အထက်တန်းတုန်းကအချစ်ဟောင်းတစ်ခု။ ရှင်းရှင်းဆိုရရင်တော့ ငါ့ဘက်ကဘဲတစ်ဖက်သတ်ကြိတ်ကြိုက်ပြီး သူ့မှာရည်းစားရှိနေမှန်းသိလိုက်ရချိန်မှာ တစ်ကိုယ်တည်းနာနာကျင်ကျင်နဲ့ပြီးသွားခဲ့ရတဲ့ ဆယ်ကျော်သက်အချစ်ပုံပြင်လေးရဲ့ ဇာတ်လိုက်လို့မဆိုနိုင်တဲ့ ငါ့ရဲ့ဇာတ်လိုက်ပါဘဲ။
အခုသူ့ကိုကြည့်နေတဲ့ငါက အရင်အချိန်တုန်းက သူ့ရှေ့မှာရှိနေရတိုင်းဖြစ်ခဲ့ရတဲ့ပျော်ရွှင်ခြင်းတွေ စိတ်လှုပ်ရှားမှုတွေရှိနေသေးလားတော့ငါမသိဘူး။ ငါက ဒီအတိုင်း မတွေ့ရတာကြာပြီဖြစ်တဲ့ မျက်နှာလေးကို တအံ့တဩဖြစ်နေတဲ့စိတ်နဲ့ဘဲ ငေးကြည့်နေခဲ့မိပါတယ်။
ငါသူ့ကိုစဘောကျသွားမိပုံက နည်းနည်းတော့ထူးဆန်းနေမလားမပြောတတ်ဘူး။ ငါကလဲ အဲ့လိုထူးဆန်းတဲ့အရာလေးတွေကနေ ချည်နှောင်ရတာကို သဘောကျမိတာလားတော့မသိပါဘူး။
ထူးဆန်းတယ်ထင်ရပေမယ့်လဲ နည်းနည်းတော့ရိုးရှင်းပါသည်။ အဲ့တုန်းက သူနဲ့ငါ physics အချိန်မှာ experiment အတွက် တစ်သင်းတည်းကျသွားခဲ့တာ။ သူနဲ့ငါအတူကျမှန်းသိလိုက်ရတော့ ငါစိတ်ထဲနည်းနည်းတစ်မျိုးတောင်ဖြစ်ခဲ့သေးတယ်ဆိုတာကို ငါမှတ်မိပါသေးတယ်။
အဲ့တုန်းက ငါတို့ measuring "g" အတွက်တိုင်းရတယ်။ Hooke law အတွက်လဲတိုင်းရတယ်။ measuring "g" အတွက်တိုင်းတော့ သူနဲ့ငါက stop watch ကိုယ်စီနဲ့ အချိန်တိုင်းတဲ့ဘက်က။ အဲ့မှာဇာတ်လမ်းကစတော့တာဘဲ။
ကြိုးတန်းလန်းနဲ့အလုံးလေးရဲ့ ဟိုဘက်ယိမ်း ဒီဘက်ယိမ်း 20 ပတ်ကြာရွေ့တဲ့အရွေ့ကို အကွာအဝေးတွေပြောင်းပြောင်းလုပ်ရင်း ငါတို့ကအဲ့ဒါကိုအချိန်မှတ်ရတယ်။ အချိန်မှတ်တဲ့သူက သုံးယောက်။ သူရယ် ငါရယ် အခြားကျောင်းသူတစ်ယောက်ရယ်။ အဲ့မှာငါတို့သုံးယောက်အချိန်တွေမှတ်တယ်။ 1 ခု 2 ခုလောက်ကွာပြီးထွက်လာတဲ့အချိန်စက္ကန့်တွေရဲ့ average ကိုယူတယ်။ form ထဲမှာထည့်တယ်။ အဲ့လိုနဲ့လုပ်နေရင်း ငါ့အတွက်တော့ ထူးခြားတဲ့ ဖြစ်ရပ်က ဖြစ်လာခဲ့ပါသည်။