☁️☁️☁️☁️☁️

373 63 26
                                    

ဘဝဆိုတာ မထင်ထားတာတွေဖြစ်တတ်တဲ့ ခန့်မှန်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်ဆိုတာသိပေမယ့်လဲ ငါကအခုထိ ငါကြုံနေရတာတွေကို အံ့ဩနေမိတုန်းဘဲ။

အဆောက်အဦးတစ်ခုထဲမှာ အတူနေတဲ့ပတ်ဆောင်းဟွန်းနဲ့ငါ၊ company တစ်ခုတည်းမှာနေ့တိုင်းမျက်နှာမြင်ရတဲ့ ပတ်ဆောင်းဟွန်းနဲ့ငါ၊ ရင်းနှီးလာတဲ့ပတ်ဆောင်းဟွန်းနဲ့ငါ ဒီလိုအဖြစ်အပျက်အခြေအနေတွေကို ငါကအခုထိအံ့ဩဆန်းကြယ်နေမိတုန်းဘဲ။ အံ့ဩစရာတော့တကယ်ကောင်းတယ်။ ငါက ငါ့ crush ဟောင်းနဲ့ဒီလိုတောင်ရင်းနှီးနေရတာကလေ။ ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် ငါသူ့ကိုအဲ့တုန်းက မကြိုက်ဘဲ ခုမှကြိုက်ပါတယ်ဆိုတဲ့အတွေးတောင်ဝင်လာမိသေးတယ်။ နောက်မှ အဲ့အတွေးကကြောင်တောင်တောင်မို့ ငါ့အတွေးထဲကထုတ်ပစ်လိုက်ရပါသေးတယ်။

"ပိတ်ရက်ကျလျှောက်လည်ကြမလို့ အတူလိုက်ခဲ့မလား ဂျယ်ယွန်း"

ဒီမေးခွန်းကို နှစ်ခါပြန်မစဉ်းစားပါဘဲ ခေါင်းငြိမ့်လိုက်မိခြင်းကို အခုမြေအောက်ရထားဘူတာမှာ ပတ်ဆောင်းဟွန်းနဲ့နှစ်ယောက်တည်းအတူရှိနေရတဲ့ငါက နားမလည်နိုင်ပါ။ လက်မခံခဲ့ရမှာဆိုတဲ့နောင်တအတွေး ဝင်မိပေမယ့်လဲ တစ်ဖက်မှာလဲ ပတ်ဆောင်းဟွန်းနဲ့လျှောက်လည်ချင်စိတ်ကဖြစ်နေမိပြန်တယ်။ ငါလဲ တကယ်ကိုကြောင်တောင်တောင်ဘဲ။

"Juffy က သူ့အိမ်မှာကိစ္စနည်းနည်းရှိလို့ မလာနိုင်တော့ဘူးတဲ့"

"အဲ့ဒါဆိုငါတို့နှစ်ယောက်တည်းလား"

"အင်း"

အစကအတူသွားဖို့ချိန်းထားကြသူတွေက ငါရယ်ပတ်ဆောင်းဟွန်းရယ်အပါအဝင်လေးယောက်။ အခုတစ်ယောက်က အိမ်ကိစ္စကြောင့်မလာနိုင်ဖြစ်ပြီး နောက်တစ်ယောက်ကလဲ ရုတ်တရက်ကြီးအချိန်ပိုဆင်းရမယ့်ကိစ္စပေါ်လာလို့မလာနိုင်တော့ဘူး။ အဲ့ဒါကြောင့်မို့ ဒီနေ့ခရီးစဉ်မှာတော့ ပတ်ဆောင်းဟွန်းနဲ့ငါ နှစ်ယောက်တည်းသာဖြစ်သွားရတော့တယ်။

အဲ့လိုနဲ့ နှစ်ယောက်တည်းဖြစ်ရင်း ပတ်ဆောင်းဟွန်းနဲ့ငါ မြေအောက်ရထားစီးလိုက်ကြတယ်။  လျှောက်လည်ကြရင် မြေအောက်ရထားစီးပြီးလျှောက်လည်တာက ပိုပြီးပျော်စရာကောင်းတာမို့ ငါလဲကားထုတ်မလာခဲ့တော့တာ။

တိမ်ပုံပြင်Donde viven las historias. Descúbrelo ahora