တကယ်ဆို ငါက crush မှာ ရည်းစားမပြောနဲ့ သဘောကျနေတဲ့သူရှိတာ သိရတာနဲ့တင် move on တတ်တဲ့လူမျိုးဘဲ။
ဒါပေမယ့် အခုအချိန်မှာတော့ ငါကငါမဟုတ်နေတော့ သူ့ဆီကကိုယ်တိုင်ကြားရတာမဟုတ်လို့ မယုံနိုင်ဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ အဲ့သတင်းကိုလုံးဝငြင်းဆန်နေမိတယ်။
ငါ့ဆီမှာတော့ မဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးတွေကဘဲ ပြည့်နက်ကာနေလို့။ တကယ်လဲမဟုတ်လောက်ပါဘူး။ ငါအခု အဲ့ဒါကိုကြားခဲ့တာက သူ့ဆီကမဟုတ်ဘူး။ ဘေးကကြားခဲ့တာ။ သူ့ဆီက တိုက်ရိုက်မဟုတ်တာမို့ ငါမယုံနိုင်သေးဘူး။ ဒါပေမယ့် ဒါက ဘယ်ကနေဘယ်လိုစသိတာလဲဆိုတာကိုတော့ ငါစုံစမ်းရဦးမယ်။ ငါ့စိတ်ထဲမှာတော့ မဟုတ်ပါစေနဲ့ မဖြစ်ပါစေနဲ့ ဆိုတာတွေက ပြည့်နက်လို့နေတာပေါ့။
အဲ့အချိန်ကစပြီး ငါ့နေ့ရက်တွေမှာ ပူလောင်ခြင်းတွေ စဝင်လာတော့တာ။
ဒီလိုနဲ့ပြန်လည်တည်ဆောက်ထားရတဲ့ ငါ့စိတ်အစဉ်ကို 'သူကိုယ်တိုင်ပြောတာ' ဆိုတဲ့ စကားတစ်ခုက ထပ်မံကာ ဖြိုဖျက်သွားပြန်ပါတယ်။ ငါ့ကိုသူ့မှာ ကောင်မလေးရှိတယ်ဆိုပြီးပြောတဲ့ သူငယ်ချင်းကို နောက်ရက်ကျ ငါလှည့်ပတ်ပြီးမေးလိုက်တော့ နှစ်စတုန်းကသူကိုယ်တိုင်ပြောတာ ဆိုတဲ့စကားကထွက်လာခဲ့တယ်။
အတွေးတွေကိုစိတ်ပိုင်းဖြာပြီး ငါ့ဆီမှာ အတွေးအကွဲတွေက အများကြီးထွက်လာခဲ့တယ်။
နံပါတ်တစ် - သူ့မှာကောင်မလေးရှိတယ်ဆိုတာက တကယ်ဖြစ်နိုင်တယ် သူကိုယ်တိုင်လဲပြောတာမို့။ နံပါတ်နှစ် - အဲ့ဒါက တကယ်မဟုတ်နိုင်ဘူး။ ဘာလို့ဆို တစ်ခါတစ်လေမှာ ငါတို့တွေက ရည်းစားမရှိဘဲလဲ ရှိတယ်ဆိုပြီးစနောက်ပြောတတ်ကြတယ်မလား။ ပြီး ကိုယ်သဘောကျတဲ့ idol တွေ actor actress တွေ anime character တွေကိုလဲ ငါတို့တွေက ရည်းစားဆိုပြီးပြောလေ့ရှိကြတယ်လေ။ အဲ့ဒါကြောင့်မို့ ဒါကလဲ သူအဲ့လိုပြောတာမျိုး စနောက်ပြီးပြောတာမျိုးဖြစ်နိုင်တယ်။
နံပါတ်သုံး - သူ့မှာက ရည်းစားတကယ်ရှိခဲ့ပြီး အခုအချိန်မှာ ပြတ်သွားတာမျိုးဖြစ်နိုင်တယ်။ ဘာလို့ဆို နှစ်စဆိုတာက အခုဆို လေးလလောက်တောင်ကြာနေပြီမို့။ အခုအချိန်မှာ ပြတ်သွားတာမျိုးလဲရှိနိုင်တယ်။ ပြီး ငါသူ့ကိုခိုးရိုက်ထားတဲ့ပုံတွေကို အချစ်ရေးရာမှာကျွမ်းတဲ့သူငယ်ချင်းကိုပြတော့ သူ့ပုံစံက ရည်းစားရှိတဲ့ပုံမပေါ်ဘူး။ ရှိရင်တောင် ငူငူငိုင်ငိုင်နဲ့မို့ ပြတ်မှာဘဲ စတာတွေကိုခန့်မှန်းပေးခဲ့သေးတယ်။ ပြီးတော့ ငါ့အမြင်မှာလဲ သူက ရည်းစားရှိနေတဲ့ပုံမပေါ်ပါဘူး။ သူက အမြဲဂိမ်းဘဲဆော့နေပြီး တစ်ယောက်ယောက်နဲ့ chat နေတာမျိူးတောင်မတွေ့ရဘူး။ ဒါက ငါသူ့ကိုခိုးကြည့်ခဲ့တဲ့များစွာသောအချိန်တွေမှာ မြင်ခဲ့ရတာတွေဘဲ။