ငါတို့တွေက ဘယ်သောအခါမှ လူတစ်ယောက်ကို လုံးဝမေ့ပြစ်လို့ရမှာမဟုတ်ဘူးဆိုတဲ့အဆိုကို ငါလက်ခံပါတယ်။
အတိတ်မေ့သွားတာမဟုတ်တဲ့အတွက်ကြောင့် ငါတို့တွေက ရှင်သန်တည်ရှိဖြတ်သန်းနေတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး လူတစ်ယောက်ကိုဘယ်တော့မှအပြီးတိုင်မေ့ပြစ်လို့ရမှာမဟုတ်ဘူး။ သွားရင်း လာရင်း နေရင်း ထိုင်ရင်း စားရင်း သောက်ရင်းလဲ အဲ့လူကိုသတိရချင်သွားမယ်။ မဟုတ်လဲ တိုက်ဆိုင်တာတစ်ခုခုရှိလာရင်ဖြစ်ဖြစ် အမှတ်တရတွေထဲကတူညီတာမျိူးထပ်ဖြစ်တဲ့အခါမျိုးမှာဖြစ်ဖြစ် မဟုတ်လဲ သီချင်းတစ်ပုဒ်ပုဒ်ကိုကြားတဲ့အခါမျိုးမှာဖြစ်ဖြစ် ငါတို့က ကောက်ခါငင်ခါဘဲ အဲ့သူကိုသတိရသွားနိုင်ပါတယ်။
အင်း ငါ့အတွက်လဲ သူကအဲ့သလိုမျိုးပါဘဲ။
ငါသူ့ကိုမေ့ပြစ်ဖို့ကြိုးစားပေမယ့်အရာမထင်ဘူး။ သူ့ကိုမေ့ပြစ်ဖို့ဆိုတာက ကောင်ကင်ကိုလက်နဲ့ကာသလိုမျိုး ပင်လယ်ကြီးကိုမြေဖို့ဖို့သဲတစ်ဆုပ်ချလိုက်သလိုမျိုး အဲ့လိုမျိုးဘဲဖြစ်နေတာ။ ငါကြိုးစားကြည့်ခဲ့ပေမယ့်လဲ ဘယ်လိုမှမရတော့ ငါသူ့ကိုမေ့ပြစ်ဖို့ကိုမကြိုးစားတော့ဘူး။ အဲ့အစားငါက မှတ်ဥာဏ်တွေကိုသိမ်းဆည်းထားရင်း အမှတ်တရတွေကို ထုတ်ပိုးထားရင်း သူ့ကိုလဲ ငါ့နှလုံးသားထက်မှာ အရိပ်ထင်စေရင်း နေ့ရက်တွေကိုဖြတ်သန်းလာခဲ့တယ်။
ဒါပေမယ့် ငါက အခြေအနေတော့ တိုးတက်လာတယ်ပြောရမယ်။ တစ်ချို့သောရက်တွေမှာဆို ငါသူ့ကိုလုံးဝသတိမရတဲ့အခါမျိုးတွေရှိတယ်။ ငါကစာတွေနဲ့လုံးပမ်းနေတဲ့အချိန်မှာဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့လျှောက်လည်နေတဲ့အခါမျိုး တစ်နေကုန်ပျော်ရွှင်နေတဲ့အခါမျိုး စိတ်ညစ်စရာလူမှုရေးကိစ္စတွေကြုံလာပြီး အဲ့ဒါတွေကိုဖြေရှင်းနေရတဲ့အခါမျိုး အဲ့လိုမျိုးတွေမှာဆို ငါသူ့ကိုတစ်စက်ကလေးမှသတိမရဘူး။ ငါက သူ့ကိုအပြီးတိုင်မေ့မပြစ်နိုင်ပါဘူး ဒါပေမယ့် ငါက သူ့ကိုငါ့ရဲ့နေ့စဉ်ဘဝမှာအများကြီးမပါဝင်နိုင်အောင်အထိတော့ ကြိုးစားနိုင်သွားခဲ့တယ်။ ငါ့အတွက်တော့ ဂုဏ်ယူစရာပါဘဲ။