☁️☁️

514 69 43
                                    

"ခက်ခဲလိမ့်မယ်နော် တော်တော်ခက်ခဲလိမ့်မယ် ဖွင့်ပြောရင်တောင် မသေချာဘူး"

မလိမ်တန်းပြောရရင် ငါအဲ့စကားကိုစကြားလိုက်ရတုန်းက မျှော်လင့်ချက်လေးနည်းနည်းတော့ပျောက်သွားခဲ့ရတယ်။

ငါတို့ကျောင်းက Eng တီချယ်တစ်ယောက်က လူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်ပြီး tarot ဗေဒင်ဟောတတ်တယ်။ မှန်လဲမှန်တာမို့ ဗေဒင်တွေ tarot တွေမယုံတတ်တဲ့ငါက သွားမေးခဲ့မိတာ။ အဲ့တီချယ်က ငါသူ့ကိုစိတ်ထဲစရောက်ကတည်းက ငါတစ်ယောက်ယောက်ကိုမျက်စိကျနေမှန်းငါ့မျက်လုံးတွေကိုကြည့်ပြီး ပြောခဲ့ဖူးတာမို့ ဒီတစ်ခေါက်လဲ ဒါက အမှန်ဖြစ်မယ်ဆိုတာကို ငါလုံးဝကြီးသိနေခဲ့တယ်။

ခက်ခဲမယ်တဲ့။ တော်တော်ခက်ခဲမယ်တဲ့။ ဘယ်လောက်တောင်ခက်ခဲမလဲမသိပေမယ့် သူ့ကိုသဘောကျစိတ်တွေနဲ့ပြည့်နေတဲ့ငါကတော့ အချစ်သူရဲကောင်းလိုမျိုး ဟီးရိုးကြီးလိုမျိုး ဘယ်လောက်ဘဲခက်ခဲခက်ခဲ ရအောင်ကြိုးစားမယ် ကြိုးစားရင်ဘာမဆိုဖြစ်တယ်ဆိုတဲ့စိတ်တွေ အလုံးအရင်းဝင်လာတော့တာဘဲ။

ဘယ်လောက်ခက်ခဲပါစေ ငါကသူ့ကိုသဘောကျတာမို့ သူ့ကိုအများကြီးအများကြီးသဘောကျတာမို့ အကုန်ကိုရအောင်ကျော်ဖြတ်မယ်ဆိုပြီးပေါ့။




















ငါက ပတ်ဆောင်းဟွန်းနဲ့မှဘဲ မလုပ်ဖူးတာတွေလုပ်နေမိတော့တာ။ ငါက tarot တွေ ဗေဒင်တွေမယုံတတ်ပေမယ့် အဲ့လိုငါမယုံတဲ့ဟာတွေကို ထပ်သွားမေးခဲ့မိပြန်တယ်။ အဲ့ဒါကလဲ သူနဲ့ပတ်သက်ပြီးမေးဖြစ်တာ။ တိီချယ့်ဆီမှာတော့မဟုတ်ဘဲ online ကနေ ပိုက်ဆံအကုန်ခံပြီးကို ငါမေးဖြစ်ခဲ့တယ်။

'Crushမှာသဘောကျနေတဲ့လူလေးရှိနိုင်ပါတယ်နော် လတ်တလောတော့အဆင်မပြေနိုင်သေးပါဘူး နောက်ကျရင်တော့ပြေလာနိုင်ပါတယ်'

စာကိုဖတ်ရင်း ပြုံးဖီးသွားခဲ့တာကို ငါကောင်းကောင်းကြီးမှတ်မိပါသေးတယ်။

အဲ့ဒါနဲ့မကျေနပ်နိုင်သေးတဲ့ငါက အဆင်ပြေအောင်ဘယ်လိုရမလဲတွေလည်းထပ်မေးခဲ့သေးတယ်။

'အဆင်ပြေအောင်တော့ကိုယ့်ဘက်ကအတင်းလုပ်ယူလို့မရပါဘူး သူ့စိတ်ကကိုယ့်ဆီမှာရှိမနေလို့လေ
စောင့်ပေးရင်တော့ရပါမယ် သူကသူ့ကိုအလေးထားတာမျိုးသဘောကျတော့လေ'

တိမ်ပုံပြင်Kde žijí příběhy. Začni objevovat