အပိုင်း (၁၇)

10.6K 144 0
                                    

♡ မောင့်သက်လျာ ♡ အပိုင်း (၁၇)
(🚨🔞🚨)

မောင်မင်းကြီးသားလဲ ကုမ္ပဏီ စာရင်းတွေကြည့်ပြီး သူမ သင်တန်းကြိုချိန်‌လဲ ရောက်တော့တာမို့ ကားသော့လေးကောက်ကိုင်ကာ သူထွက်ခဲ့လိုက်သည် ...

"ဟာကွာ ...တောက် ‌ေစာက်ရေးထဲမှာမှ ကားက လာကြပ်နေတယ် ..."
ခါတိုင်းလို အိမ်ကနေ လာကြိုတာမဟုတ်ပဲ ကုမ္ပဏီက လာကြိုတာမို့ ... နည်းနည်းဝေးပိုဝေးပါသည် ... ဒါထဲက ကားကကြပ်နေသေးတာမို့ မောင်မင်းကြီးသား စိတ်က ကြည်မလာတော့ပေ ...

သူ သူမ‌ဆီရောက် အချိန်က နည်းနည်းနောက်ကျနေလေပြီ ... သင်တန်းရှေ့  သူမလေးကို လိုက်ရှာတော့လဲ မတွေ့ ... သင်တန်းကလဲ ပိတ်ထားပြီဖို့ မျက်ခုံးလေးတွန့်ချိုးသွားရသည် ... ဒီကောင်မလေး သူလာကြိုမယ်လို့ ပြောထားတာကို တက္ကစီနဲ့ ပြန်သွားပြန်ပြီလား ...
သူမဆီ ဖုန်းလေး ထုတ်ကာ ဆက်မည်အလုပ် ...
တစ်ဖက် ကော်ဖီဆိုင်ကို အကြည့်ကရောက်သွားရလေသည် ...

တွေ့ပါပြီ သူ့ရဲ့ အရိပ်လေး ...
သူမကို တွေ့တာနဲ့ သူသွားမည်အလုပ် သူမနဲ့ မျက်နှာချင်းဆိုင်က လူကြောင့် မျက်နှာက အမှောင်ကျသွားရလေသည် ...
သူမှတ်မိတာပေါ့ ဟိုနေ့ကကောင် ... ရုပ်ကိုက ကြာကူလီရုပ်နဲ့ ... သူမလေးကိုကြည့်ပြီး ပြုံးနေပုံကလဲ ရွံစရာ ... သူလဲ သူမတို့ ဆီ အပြေးလာလိုက်သည် ...
ဆိုင်ထဲဝင်လာခဲ့ပေမယ့် သူမက သူ့ကိုကျောပေးအနေအထားမို့ မမြင်ရပေ ...

သူသူမတို့ဆီ လှမ်းလာရင်း ကြားလိုက်ရတဲ့စကားကြောင့် ခြေလှမ်းတို့ ခေတ္တမျှ ရပ်တန့်သွားရသည် ...

"ကိုယ်  ကိုယ် မေ့ကိုချစ်တယ် ..."

"ရှင် "
တစ်ဖက်က ကောင်းသန့်လင်းဆီမှ မထင်ထားမိတဲ့ စကားကြောင့် သူမလေး အံ့ဩကာ လန့်သွားရပါသည် ...

"ဟုတ်တယ် မေ ကိုယ်နဲ့မေ ပြန်တွေ့တာတောင် မကြာသေးပဲ ဒီစကားပြောတဲ့ အတွက် ကိုယ်မေ့ ကို အလေး မထားတာ မဟုတ်ပါဘူး ... နောက်ပြီး ဒီစကားကို ခုမှ ပြောတယ် ဆိုပေမယ့် ကိုယ်မေ့ကို စတိတ်ကျောင်းမှာကတည်းက ချစ်ခဲ့ရတာပါ အဲ့တူန်းက ကိုယ်သတ္တိနည်းလို့ မပြောရဲခဲ့တာပါ ... ခုတော့ ကိုယ်ပြောပြချင်တယ် ... မေ ရော ကိုယ့်ကို ဘယ်လိုမြင်လဲဟင် ..."

♡ မောင့်သက်လျာ ♡Where stories live. Discover now