အပိုင်း (၂၁)

16.2K 155 8
                                    

♡ မောင့်သက်လျာ ♡ အပိုင်း (၂၁)
🚨🚨🚨

"ကျွန်တော် မေသက်လျာကို ခိုးပြေးသွားပြီ ..."

ဒေါ်လှသူဇာတစ်ယောက် သားနဲ့သမီးကြောင့်ရင်တွေပူကာ မအိပ်နိုင်သေးပေ ...
ထိုအချိန် ဖုန်းကနေ အသံမြည်လာတာကြောင့် ဖွင့်ကြည့်လိုက်တော့ မက်ဆေ့ခ်ျတစ်စောင် ... သားဆီကပါ ...

"အမလေး ဘုရားရေ "
ထိုစာကိုဖတ်ပြီး သူလန့်သွားရသည် ...

"ယောက်ျားရေ ယောက်ျားရေ မျက်နှာပျက်စရာတွေတော့ ဖြစ်ကုန်ပါပြီတော် ..."

"ဟင် ဘာဖြစ်လို့လဲကွ ..."

"ကြည့်ပါအုံး ... သားက သားက သမီးကို ခိုးပြေးသွားပြီတဲ့တော် ..."

"ဟေ ... ဖုန်းခေါ် ဖုန်းခေါ် မင်းသားဆီ ... တောက် ဒီကောင်ကတော့ကွာ ..."

"ယောက်ျားရေ ဖုန်းက စက်ပြန်ပိတ်သွားပြီ ..."

"ဒီကောင်ကတော့ကွာ ..."

"ကျွန်မတို့ ဦးစေရာ ‌ဒေါ်နန်းမေတို့ကို ဘယ်လိုမျက်နှာပြကြမလဲ ... ကျွန်မတော့ ဘာက စလုပ်ရမှန်းကို မသိတော့ပါဘူးတော် ..."
ဒေါ်လှသူဇာတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရသည် ... ဒေါ်နန်းမေတို့ကို သူ့သမီးလေးကို အပြင်မှာစိတ်မချလို့တောင် သူတို့ဆီမှာ သေချာစိတ်ချလက်ချ အပ်ထားတာမလား ခုတော့ ...

"သားနဲ့ သမီးက ချစ်သူတွေ ဖြစ်နေကြတာလား ..."

"ဟင် ... အဲ့တာတော့ ကျွန်မလဲ သေချာမသိဘူး ...သကြည့်ရတာတော့ သမီးလေးကို သဘောကျနေတဲ့ပုံပဲ ... သမီးလေးတို့ဘက်ကမှ အမှုဖွင့် ဘာဖွင့်ဆို ဘယ်လိုလုပ်ကြမလဲ ... ဟင့် ဟင့် "
ဟုတ်သည်လေ မေတို့ဘက်ကသာ သားလေးကို မကျေနပ်လျှင် ပုဒ်မမျိုးစုံနဲ့ တရားစွဲလို့ရသည် ...

"ဒီကောင်ကတော့ကွာ ... အေး ဟိုက အမှုတွေ ဘာတွေဖွင့်ရင်လဲ ကြည့်နေလိုက်မှာ ... ဒီလောက်ရှိတဲ့ကောင် မိဘမျက်နှာကို အိုးမဲသုတ်တဲ့ကောင် ..."
သူ့အတွက်နဲ့ ရန်ပွဲတွေ လိုက်ရှင်းရပေါင်းလဲများနေပြီ ... ခုတော့ ဒီကောင်က လုံးဝခွင့်မလွှတ်နိုင်စရာ ကိစ္စကို လုပ်သွာ‌းချေပြီ ...

.................

"အင့် ... အဟင့် "
နာကျင်မှုတွေကြောင့် ညည်းသံလေးတွေနဲ့အတူ သူမလေးနိုးလာခဲ့သည် ...

♡ မောင့်သက်လျာ ♡Tempat cerita menjadi hidup. Temukan sekarang