အပိုင်း (၂၅)

12.9K 140 6
                                    

♡ မောင့်သက်လျာ ♡ အပိုင်း (၂၅)
🚨🚨🚨

ဒေါ်လှသူဇာ တစ်ယောက် ခေါက်တုံ့ ခေါက်ပြန်လျှောက်နေရင်း ဖုန်းဝင်လာခဲ့သည် ...
"ဒေါ်နန်းမေ"
သူမဖုန်းကိုင်ဖို့ တွန့်ဆုတ်နေရသည် ... ဒါပေမယ့် မပြောပဲနေလို့ရမယ့် ကိစ္စလဲ မဟုတ်တာကြောင့် သူမဖုန်းလေးကိုင်လိုက်သည် ...

"ဟယ်လို ..."

"ဟယ်လို မလှသူဇာလား ...  သမီးလေးဆီ ဖုန်းခေါ်မရလို့ပါရှင် .."

"ဟုတ် မနန်းမေ ကျွန်မဘာမှမပြောခင် တောင်းပန်ချင်ပါတယ်ရှင် ... ကျွန်မ တကယ်လဲ အားနာပါတယ်ရှင် ..."

"ရှင် ဘာဖြစ်လို့လဲ မလှသူဇာရယ် သမီးလေး တစ်ခုခုများဖြစ်လို့လား ..."

"ဟို ဟို သမီးလေးက ဘာမှတော့ မဖြစ်ပါဘူး ... လှရဲ့သား‌ကလေ သမီးလေး သမီးလေးကို ခိုးပြေးသွားလို့ပါ ..."

"ရှင် ..."

"ဟုတ် မလှသူဇာရယ် ကျွန်မတောင်းပန်ပါတယ်ရှင် သားသမီးချင်းမစာနာလို့လဲ မဟုတ်ရပါဘူးရှင် ကျွန်မတို့လဲ သမီးလေးကို သမီးအရင်းလေးလို ချစ်တာပါရှင် ..."

"အဲ့ဒါဆို အခုကျွန်မသမီးလေးက ဘယ်မှာလဲ ..."

"သမီးလေးကို သားပြန်ခေါ်လာမှပါ ..."

"ကျွန်မတို့ ခု မန္တလေးကို လာခဲ့မယ် .. ."

"ရှင် ဟုတ် ဟုတ်ကဲ့ပါ ..."

သမီးလေးရဲ့ မိဘတွေက လာတော့မည် ... သားတို့က ခုထိပြန်မလာသေးဘူး သူမဘယ်လိုလုပ်ရမှန်းကို မသိတော့ပေ .. .

ထိုအချိန် အိမ်ထဲသို့ ကားတစ်စီးဝင်လာခဲ့သည် ...

"ဟင် ... သား သားတို့ပဲ ... ယောက်ျားရေ သားတို့ ပြန်လာပြီ"

သူမကားပေါ်က ဆင်းလာသော သားနှင့်သမီးအနားကို အပြေးလေးသွားလိုက်သည် ...
"သားရယ် မင်းဘယ်လိုလုပ်လိုက် ..."

"ခွပ် ..."
ဒေါ်လှသုဇာ၏စကားပင်မဆုံးလိုက် အိမ်ထဲဝင်ဝင်ချင်း မောင်မင်းကြီးသား ထိုးခံလိုက်ရသည် ...
တခြားသူတော့မဟုတ် သူ့အဖေပင် ...

ထိုးချင်ပြင်းတာကြောင့် မောင်မင်းကြီးသားပင် ယိုင်သွားရသည် ...
မေနဲ့ ဒေါ်လှသူဇာလဲ ရုတ်တရတ်မို့လန့်သွားရပါသည် ...

♡ မောင့်သက်လျာ ♡Opowieści tętniące życiem. Odkryj je teraz