အပိုင်း (၂၂)

14.4K 154 0
                                    

♡ မောင့်သက်လျာ ♡ အပိုင်း (၂၂)
🚨🚨🚨

"ထနိုင်မှာ မဟုတ်ဘူး "
ညက သူကြမ်းထားတာကြောင့် သူမနာနေမှာဆိုတာ မလွဲပေ ...

သူမက သူ့အပြောကို ဂရုမစိုက်ပဲ ထကာ ကုတင်ပေါ်က ဆင်းလိုက်သည် ...

"အ ..."
သူမအောက်ပိုင်း တစ်နေရာက အောင့်မျက်သွားရသည် ...
ဒူးလေး‌ခွေသွားတဲ့ သူမလေးကို မောင်မင်းကြီးသား ဝင်ထိန်းပေးလိုက်သည် ...

"လွှတ် မလိုဘူး "
သူ့လက်ကို လွှတ်ချကာ သူမဟာသူမ အားယူပြီး ရပ်လိုက်သည် ...
အခုမှ လာပြီး အပိုတွေ လုပ်ပြနေတယ် ... ဒီလိုဖြစ်အောင် သူပဲ လုပ်ထားတာမဟုတ်ဘူးလား ... ဟင့် လူယုတ်မာ

"ကျစ် ... ခေါင်းမမာစမ်းနဲ့ ဒေါ်မေသက်လျာ ..."

"ငါ့ဟာငါ သွားနိုင်တယ်လို့ ..."
သူမဟာသူမ တစ်လှမ်းချင်း လျှောက်ကာ ရေချိုးခန်းထဲ သွားလိုက်သည် ...
ရေချိုးခန်းထဲ ရောက်ရောက်ချင်း မှန်ထဲမှာ ပေါ်နေတဲ့ သူမကိုယ်သူမ ကြည့်လိုက်မိသည် ...
တစ်ကိုယ်လုံး ရစရာပင် မရှိပေ ... ခန္ဓာကိုယ်အနှံ့ အနီကွက်တွေ ပြည့်နှက်နေကာ ကိုက်ရာတွေရောအပြည့် ... နှုတ်ခမ်းလေးတွေ ဆိုတာလဲ ဖူးယောင်လို့ သွေးစလေးတွေပင် စို့နေလေသည် ...

"အဟင့် လူယုတ်မာ သူ့ကြောင့် ..."
မျက်လုံးလေးတွေကလဲ တစ်ညလုံးငိုထားတာကြောင့် ရဲတက်နေကာ မို့အစ်နေလေသည် ...
ညကအကြောင်းတွေ ပြန်မြင်ယောင်လာကာ ရှက်စိတ်နဲ့အတူ သူ့ကို ဒေါသထွက်နေမိသည် ...

သူနမ်းရှိုက်ထားတဲ့ နေရာတွေ အားလုံးကို ရေတွေနဲ့ အကြိမ်ကြိမ်ဆေးချနေမိသည် ...

"ဒေါက် ဒေါက် ... ဒေါ်မေသက်လျာ မပြီးသေးဘူးလား ..."
ရေချိုးခန်းထဲက အခုထိ ထွက်မလာသေးတဲ့ သူမကို သူစိုးရိမ်တကြီးခေါ်လိုက်လေသည် ... သူမက ရှက်ပြီး တစ်ခုခု လုပ်သွားမှ သူရင်ကျိုးရလိမ့်မည် ...

"ဒုန်း ဒုန်း ဒုန်း ... ဒေါ်မေသက်လျာ ကျုပ်တံခါးဖျက်ပြီး ဝင်လာမှာနော် ..."
ရေချိုးခန်းထဲကနေ ဘာသံမှလဲ ပေးမလာတဲ့ သူမကြောင့် သူရင်တွေ ပူလာရပါပြီ ..

"ကျွီ ... မင်းဘယ်လိုဖြစ်နေတာလဲ ..."
နှုတ်ခမ်းလေးဆူကာ စူပုတ်ပုတ်လေးနှင့် ထွက်လာတဲ့ သူမလေးကို မြင်မှ သူရင်အေးသွားရသည် ...

♡ မောင့်သက်လျာ ♡Tempat cerita menjadi hidup. Temukan sekarang