အခန်း ( ၄ )

476 42 3
                                    

< Unicode >

အမှန်ဆိုရလျှင် ထိုကောင်ကလေးကို အဓိပတိ သူ့ထက်အရင် လှမ်းမြင်ခဲ့တာဖြစ်၏

အနှီကောင်ကလေးသည်ကား မော်တော်ကားထဲမှတစ်စုံတစ်ဦးအား မျက်နှာချိုသွေးကာ စကားဆို​​နေသောကြောင့် ကျုပ်အား သတိထားမိပုံမပေါ် ။

သို့သော်ငြားလည်း အနှီကောင်ကလေးအား ​မြင်လိုက်ရခြင်းကြောင့် ကျုပ်ရင်ထဲတွင်တော့ စမ်းရေကလေးတို့ တစ်စိမ့်စိမ့်စီးဆင်းသွားသည့်နှယ် အေးငြိမ့်ငြိမ့်​ဖြစ်သွားသည်မှာ အမှန်ပင် ။

အနှီကောင်ကလေးသည် လူကိုခံစားချက်နှစ်မျိုး ပေးတတ်လွန်းသည် ထင် ။

ထိုကောင်ကလေး၏ မျက်နှာနုနု ၊ အပြုအမူပြောဆိုပုံတို့သည် တိမ်လွှာတို့ပမာ ဖြူစင်သည် ။ နေရောင်ပမာ နွေးထွေးသည် ။ ထို့တစ်ပြိုင်နက်မှာဘဲ လပြည့်ဝန်းလေးပမာ အေးချမ်းမှုကိုဆောင်သည် ။

ဟင်း! ... ဘယ်နှယ့်ကွာ ။

မင်းအကြောင်းကငါ့အတွေးထဲ ရောက်လာပြန်ပြီလဲလေ ။

မင်းက ငါ့နည်းတူ ယောက်ကျားတစ်ယောက်ဘဲ ။ ဒါကိုငါကဘာကြောင့် .... ကျစ်! ။

ခက်တယ် ။ သိပ်ကို ခက်တယ် ။

ဝေးဝေးနေစမ်းပါ ရွှေကျေးလေးရယ် ။

×××

" အငယ်​လေး ဒီနေ့ အတော်စိတ်ပျော်နေပုံရတယ်။"

" အင်း .... ကိုကိုကြီးထင်တာအမှန်ဘဲ ။ "

သက်ညှာက ထိုစကားကိုပြုံးရိပ်သန်းနေသော မျက်နှာထား​ဖြင့်ဆိုသည် ။

ထိုအ​ပြုံးကို စောထွေးသန့်က မျက်ဝန်းညိုညိုတို့ဖြင့် အလွတ်မှတ်လျှက်ရှိသည် ။

တစ်ဆက်တည်းမှာပင် 'အငယ်လေးကို ဘာတွေကများ ဒီလောက်ထိပြုံးစေသလဲ ' ဟူ၍လည်းတွေးမိသေးသည် ။

" တစ်ခါပြုံးရင် အသက်တစ်နှစ်ရှည်တယ်တဲ့လေ ။ ပြုံးတယ်ဆိုတာ ကောင်းတဲ့အလုပ်ပါဘဲ ။ အငယ်လေးခုလို အမြဲပြုံးနေတာဘဲ ကိုကိုကြီးမြင်ချင် စမ်းပါရဲ့ ။ "

လရိပ်​ပြာထဲမှာ မိုးတွေညို (Ongoing)Where stories live. Discover now