အခန်း ( ၂ )

698 45 6
                                    

< Unicode >

" ဖြစ်မှဖြစ်ရလေ ကလေးရယ်! ကံကြီးပေလို့သာ မေ့သားလေးကိုကယ်မယ့် သူ​တော်ကောင်းနဲ့တွေ့ရတာ ။ ဒါကြောင့်မေမေက သားကိုအသွားအလာအနေအထိုင်နဲ့ပက်သက်ပြီး စိုးရိမ်တကဲကဲဖြစ်နေရတာဘဲကွယ် ။"

"ဟင်း! မမနွယ်ပြောတာလည်း ဟုတ်ပေသားဘဲ! ခေတ်ကာလကြီးများပျက်စီးနေပြီဘဲကွယ်.... ယောက်ကျားလေးတစ်ယောက်ထဲ သွားရင်တောင်စိတ်မချရတော့ဘူး။

ပိုစိုးတာက အငယ်လေးကယောက်ကျားတစ်ယောက်ဆိုတာ မှန်ပေသိပေမယ့် အဆင်းသဏ္ဌာန်ဟာ အမျိုးသမီးတို့ထက်ပြေပျစ်တယ် ။ အသား၏ကောင်းခြင်း၊ အရည်၏ကောင်းခြင်းနဲ့ ပြည့်စုံနေတော့ တဏှာကြီးတဲ့​ယောက်ကျားတို့ရဲ့ ရန်ကကြောက်ရပြန်ပေကော....။ "

ဒေါ်နွယ်ကြည်နှင့်ဒေါ်လှယဥ်တို့မှာ သက်ညှာဦး၏ဖြစ်ရပ်အစအဆုံးကို ကြားသိပြီးပြီးသည်နှင့် ပူပန်ကြောင့်ကျ ဖြစ်လျှက်ရှိသည်။

သက်ညှာဦး ကိုယ်၌လည်း အနှီဖြစ်ရပ်ကြောင့် နောက်ရက်တွေများတော့ တစ်ဦးတည်းသွားဖို့ရာ တစိုးတစိမျှ လမ်းမမြင်ပါ။

ဒေါ်နွယ်ကြည်သည်ကား သားဖြစ်သူ၏ ဖြစ်စဥ်အား အပူတပြင်းဖြစ်နေသောကြောင့် တစ်စုံတစ်ဦးကို ယခုမှပင်သတိရသည်။

" အို! အသက်တွေကကြီးတော့လဲ သတိမကောင်းချင်တော့ဘူးကွယ် ။ မောင်စောထွေးသန့်လေးတစ်ယောက်ရယ်ဖြင့် သားငယ်ကိုရှာဖို့ဆိုပြီး ထွက်သွားလိုက်တာ ယခုထိပြန်မရောက်သေးဘူးကွယ်....။"

" အလို! ဟုတ်သားမမနွယ်ရယ် မောင်စောထွေးသန့်လေး ဘယ်တွေထိများလိုက်ရှာနေပါသလဲ ။ မိုးကယခုထိတိတ်သေးတာမဟုတ်.... ။ တော်တော်ကြာ တစ်ခုခုဖြစ်နေပါအုံးမယ် ..... ရင်လေးလိုက်ပါဘိ ။"

" စောထွေးသန့် ..... ဟုတ်စ မေမေ ။ ဒီနာမကို ကြားဖူးသလိုလိုတော့ ရှိသလားလို့ ။"

" အိုကွယ်.... ! သားငယ်ရယ်ဖြင့် မေတတ်ရန်ကော ။ အဲ့ဒီ စောထွေးသန့်ဆိုတဲ့သူငယ်လေးက သားငယ်ငယ်က သားနဲ့တူတူဆော့ကစားပေးတဲ့ ကိုကိုကြီး ဆိုသူလေ မှတ်မိသလား ။ "

သက်ညှာဦးသည် တစ်ခုခုကိုတွေးတောဟန်ဖြင့် ခေတ္တမျှငြိမ်ကျသွားကာ တစ်ဖန် မျက်နှာထက်တွင် အပြုံးနုနုတစ်ခုအား ချိတ်ဆွဲလျှက်ရှိသည်။

လရိပ်​ပြာထဲမှာ မိုးတွေညို (Ongoing)Where stories live. Discover now