အခန်း ( ၅ )

448 35 9
                                    

< Unicode >

ဒီကနေ့သည်ကား ကျောင်းပိတ်ရက်ဖြစ်၏​
ကျောင်းပိတ်ရက်ဖြစ်တာကြောင့်လည်း အဆောင်နေကျောင်းသားတို့၏ ဆူညံသံတွေမှာ အဆောင်တစ်ခုလုံး ပလုံစီလို့နေ၏

" ဗျို့! ဆရာသမားတို့ ဝင်လာမယ်နော် "

အောင်သန်းထိုက်က စပ်ဖြီးဖြီးဖြင့် အခန်းတံခါးဝမှခေါင်းပြူကာ ဆိုသည် ။

အပြောကနောက် ​ခြေတစ်ဖက်က တင်မောင်ညွှန့်နှင့် ကျော်မြင့် တို့၏ အခန်းထဲရောင့်နှင့်ပြီး​ဖြစ်၏ ။

အဆောင်မှာ တစ်ခန်းလျှင်နှစ်ဦးစီ မျှနေရတာဖြစ်သည် ။

အဆောင်ပိုင်ရှင်၏သားဖြစ်သူ သည်းသက်ညှာဦးအခန်းကလွဲ၍ ကျန်အခန်းတွေမှာ နှစ်ဦးစီနေရတာဖြစ်၏

" ဘာကိစ္စလဲ ဆိုပါအုံး ။ ရုပ်ကိုက မချိုချဥ်နဲ့ ။ "

" ဒီလိုကွာ ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ တို့အဖွဲ့တွေ စျေးချိုတော်ဘက်သွားပြီး စျေးချိုသူလေးတွေလည်းငေးရင်း လျှောက်လည်ရင်းပေါ့ကွာ ၊ ဟဲဟဲ ဘုရားဖူးရင်းလိပ်ဥတူးရင်းဆိုသလိုမျိုးပေါ့ကွာ ။ "

" လိုက်သွားကြမလား ကျော်မြင့် ။ "

" သဘောကွာ ။ ကျောင်းပိတ်ရက်လေးဘဲ လျှောက်လည်ရတာ ။ သွားကြတာပေါ့ ။ "

တင်မောင်ညွှန့်အမေးကို ကျော်မြင့်က ခေါင်းငြိမ့်ကာထောက်ခံလိုက်သည် ။

" အမယ်... ကျောင်းဖွင့်ရက်ကျပြန်တော့လည်း အတန်းလစ်ပြီး ဥပိန်တံတားသွားလည်နေတဲ့ကောင်တွေကများ "

အောင်သန်းထိုက်စကားကြောင့် ကျော်မြင့်နှင့်တင်မောင်ညွှန့်မျက်နှာမှာ မှုန်မဲသွားသည် ။

" ခွေးသား! မင်းရောဘာထူးလဲ ။ "

" တိုးတိုးဆဲဟ ဘေးအခန်းမှာ သည်းသက်ညှာဦးရှိတယ် ။ ဒေါ်နွယ်ကြည်ကြားရင် ငါတို့ နှင်ထုတ်နေပါအုံးမယ် ။ "

ကျော်မြင့်က တင်မောင်ညွှန့်ကိုတံတောင်နှင့်တွတ်လိုက်ရင်း ခပ်တိုးတိုးဆိုသည် ။

" တော်... တော် မင်းတို့လိုက်မှာဆို ပြင်ထားတော့ ။ ဝင်းနိုင်ဦးတို့အဖွဲ့ကိုသွားမေးလိုက်အုံးမယ် ။ လူများတော့်ပိုပျော်ဖို့ကောင်းသဟ ။ "

လရိပ်​ပြာထဲမှာ မိုးတွေညို (Ongoing)Where stories live. Discover now