အခန်း ( ၃ )

561 48 15
                                    

< Unicode >

သက်ညှာ၏ နှုတ်ဖျားမှ အဘယ်က အားအင်တွေနဲ့များ ကိုယ့်ကိုကိုယ် ' သက်ညှာ ' ဟူ၍ သုံးနှုန်း​ပြီး ပြောလိုက်မိသလဲဆိုတာ ကိုယ်တိုင်ပင်မသိလိုက်ပါ ။

စိတ်လှုပ်ရှားလွန်း၍ ပြောမိသည်လော ။အလျင်စလိုပြောမိသွားသည်လော ။

အတွေးဂယက်ထဲ ဝဲလည်ခတ်နေစဥ် နားစည်အတွင်း တိုးဝင်လာသော နူးညံ့သည်ဟုမဆိုထိုက်သည့် သြရှရှအသံသည် သူ့အား အမြင့်တစ်နေရာမှဆွဲချလိုက်သယောင် အားအင်တို့ယုတ်လျော့သွား၏

" ကျုပ်ငြင်းပါရစေ .... ဒေါ်ဒေါ် ။ "

အဓိပတိ၏ ခပ်ပြတ်ပြတ်စကားထွက်ကြောင့် ထိုကောင်လေးသည် မျက်ဝန်းဝိုင်းဝိုင်းတို့ဖြင့် သူ့အားငေးကြည့်သည်။

" လူ​လေးရယ် .... စဥ်းစားပါအုံးလားကွယ် ။ "

" အကိုအဓိပတိ .... သက်ညှာ အို ...! ကျွန်တော်တောင်းဆိုပါရစေလေ ။ "

" ကျုပ်ပြောပြီးသားစကားကို ပြန်ပြင်ရိုးထုံးစံမရှိပါဘူး ခွင့်ပြုပါအုံး ။ "

" အို ... ကွယ် "

သံယောဇဥ်ဆိုတဲ့ ကြိုးတစ်ချောင်းနဲ့အချည်ခံရမှာကျုပ်သိပ်စိုးရိမ်တယ် ။

ကျုပ်ဘဝမှာ ငြိတွယ်စရာကြိုးတွေရှိလာမှာမလိုလားဘူးလေ ။

အထူးသဖြင့် ..... အနှီကောင်က​လေးလို ရွှေကျေးကလေးတွေနဲ့ ပို၍ပင် မနီးစပ်ချင်ပါ ။

သက်ညှာရင်ထဲ ဟင်းလင်းပြင်ကြီးတစ်ခုလိုပင် လစ်ဟာသွားသည်။ကျောခိုင်းကာ ထွက်သွားသော ကျောပြင်ကျယ်ကြီးအား လှမ်း၍ဖမ်းဆုပ်လိုက်ချင်သည်။

သို့သော် .... လက်တွေ့မှာတော့ သူ့လက်အစုံတို့သည်တုန်ရီနေသည်။

ဘာကြောင့်ရယ်မသိ အကိုအဓိပတိကိုသူခင်သည်။ အားကိုးသည်။ တစ်ဆက်တည်းမှာပင် ကြောက်လည်းကြောက်သည်။

တစ်ခဏတာတွေ့ဆုံခဲ့သော်ငြား သူ့စိတ်ထဲတွင်တော့ရင်းနှီးကျွမ်းဝင်နေသယောင် ။

" အကိုအဓိပတိ .....! "

မြင်းလှည်းပေါ်တက်တော့မည့်ခြေလှမ်းတို့သည် ထိုအသံစွာစွာလေးကြောင့် ရပ်တန့်သွားသည်။

လရိပ်​ပြာထဲမှာ မိုးတွေညို (Ongoing)Where stories live. Discover now