< Unicode >
ည၏ အမှောင်ထုသည် အာကာတစ်ခွင်တွင် ကြီးစိုးလို့နေသည် ။ ကောင်းကင်ယံထက်တွင် တဖြတ်ဖြတ်လင်းလက်နေသော ကြယ်တာရာအစုအဝေးနှင့် လရိပ်ပြာကလေးတို့မှာ တောက်ပစွာဖြင့် တည်ရှိလျှက်ရှိ၏
အနီးနားပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်ကာ အပ်ကျသံမျှပင်မကြားရလောက်အောင် ငြိမ်သက်လို့နေသည် ။
ထိုအခိုက်တွင် ' မေတ္တာရိပ် အဆောင် ´၏ ညာဘက်အစွန်ဆုံးအခန်း ပြတင်းပေါက်အနားမှ အရိပ်ကလေးသည်ကား ထိုင်လိုက် ၊ ထလိုက်နှင့် ဆောက်တည်ရာမရဖြစ်လျှက်ရှိ၏
ပြတင်းပေါက်နားမှ စာရေးခုံနားထိုင်လိုက် ၊ ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်လိုက်နှင့် တစ်ကိုယ်တည်း ဗျာများလျှက်ရှိသည် ။
' ဒင် ဒင် ´ မြည်လာသော တိုင်ကပ်နာရီကိုလှမ်းကြည့်မိတော့ 9 နာရီခန့်ပင်ရှိလေပြီ ။
အကိုသည် သူ့အား သေချာပေါက် ' ညကျလာမယ် စောင့်နေပါ ´ ဟူ၍ ပြောသွားသည် မဟုတ်ပါတကား ။
သို့သော် ... ယခုထိအရိပ်အယောင်အား တစိုးတစိမျှမတွေ့ရသောကြောင့် သက်ညှာလက်ချောင်းလေးတွေတစ်ဖက်နှင့်တစ်ဖက် ပွတ်သက်ကာ မတည်ငြိမ်ဖြစ်လျှက်ရှိသည် ။
သက်ပြင်းကလေးချကာ ပြတင်းပေါက်အနီးမှ လဝန်းရိပ်ပြာပြာကို မော်ကြည့်လိုက်သည် ။ ပြီးနောက် စကားစု တစ်ခုကို သူခပ်တိုးတိုး ရေရွတ်မိသည် ။
'အင်း .... ညစဥ်ညတိုင်း
လမင်းကြီးကို ငေးကြည့်ရတာလည်း
ရင်မောလိုက်တာလေ ။
နီးမလိုလိုနဲ့ ဝေးနေရတဲ့ ခံစားချက်ကြီးပါလား ။ အနီးဆုံးမရောက်ခဲ့ရင်တောင် ဝေးမသွားစေဖို့ကိုဘဲ လမင်းကြီးကို ခွင့်တောင်းချင်တယ် ။
မဝေးချင်ဘူး လရိပ်ပြာရယ် ။´သူ၏ နှုတ်မှခပ်ဖွဖွရေရွတ်ရင်း လက်ကလေးတစ်ဖက်သည်လည်း ပြတင်းပေါက်၏ အပြင်ဘက်မှ လမင်းကြီးရှိရာသို့ ဆန့်တန်းထားသည် ။
ထိုစဥ် ... သက်ညှာ၏ မျက်နှာပေါ်သို့ အလင်းတန်းလေးတစ်ခုသည် အမှောင်ထုထဲမှ ဖြတ်ပြေးကာ ရောက်လို့လာသည် ။
YOU ARE READING
လရိပ်ပြာထဲမှာ မိုးတွေညို (Ongoing)
Romansaရွှေကျေးတစ်ကောင်ဟာ ရွှေပင်ပေါ်မှာ နေဖို့ဘဲထိုက်တန်ပါတယ်လေ ။ Fic cover photo အား Pinterestမှ ယူသုံးထားခြင်းဖြစ်တာမို့ အပြည့်အဝ Crdပေးပါတယ်။ ဤဇာတ်လမ်းသည် စာရေးသူ၏အတွေးကို ပုံဖော်ထားသောဇာတ်တစ်ခုဖြစ်တာမို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုခြင်းမရ...