part 1

2.7K 82 0
                                    

မေမေ....

မခေါ်နဲ့ နင့်ငါကိုမေမေလို့မခေါ်နဲ့ နင်ကငါသမီးမဟုဘူး နင်ကြောင့် ငါသမီးလေးသေခဲ့ရတာ နင်သတ်ခဲ့တာ ရတီမောင်"

ဒေါ်သစ္စာကို တစ်ယောက် မျက်ထောင့်နီဖြင့်ကြည့်ကာဒေါသတကြီးပြောလိုက်သည်

နင်နဲ့ နင်အဖေက ငါဘ၀ကိုကံဆိုးမှုတွေယူလာကြတာပဲ နင့်ကိုလဲငါသတ်မယ် နင့်အဖေကိုလဲငါသတ်မယ်"
ရတီမောင်ရဲ့လည်ပင်ဆီသို့အေးစက်နေသောလက်တစ်စုံရောက်လာပီ
မလုပ်ပါနဲ့ မောင်တောင်ပန်းပါတယ် မောင် သတ်တာမဟုပါဘူး မောင့်ကြောင့်မဟုပါဘူး"
လည်ပင်သို့တင်းကျပ် စွာညှစ်လာသော လက်တစ်စုံကြောင့် ရတီမောင် တစ်ယောက် အသက်ရှုများ ကျပ်လာပီ နှုတ်ခမ်းများပင် ပြာနေပီ
အားး..အာ..မေ..မေ မေမေ...."
မျက်နှာတွင်ချွေးစေများနှင့်အတူမောဟိုက်စွာလန့်နိုးလာခဲ့သည် ‌မောင်အတွက်ဒီလိုအိမ်မက်မျိုးဆိုတာမထူးဆန်းတော့ပါဘူး လူမှန်းသိတက်စထဲက အမြဲလိုလို နှောက်ယှက်နေခဲ့သည် အရာပင်
မောင် ကုတင်ဘေးက ခုံပေါ်မှ ရေဗူးအာ အမြန်ယူကာ သောက်လိုက်သည် ခုံပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့ 9နာရီပင်ခွဲနေပီ
မောင်ထကာ ရေချိုးခန်းထဲသို့လေလန်နေသည်ခြေလှမ်းများဖြင့်၀င်ရောက်သွားသည်

မောင်ရေချိုးပီ မနက်စာ စားရန် အောက်ဆင်းလာသည်

သမီး....
ဧည့်ခံထဲကခေါ်သံကြောင့် မောင် လှည့်ကြည့်မိလိုက်သည်, ခနအကြာငေးကြည့်နေလိုက်မိသည်

ဪ ဖေဖေပြန်ရောက်နေတာလား ကြိုတော့မပြောဘူး  "စောစောရှောင်လို့ရအောင်
စိတ်ထဲတွင်တီတိုးပြောမိသည်

ရတီမောင် 7နှစ်အရွယ်ထဲက ဖေဖေနဲ့မေမေကကွဲသွားခဲ့တာ ဖေဖေက မေမေကိုချစ်သလောက် မေမေကတော့ မုန်းပီရင်မုန်းနေတာပေါ့ ရတီမောင် 10အရွယ်ရောက်တော့ ဖေဖေက မေမေကိုမေ့ချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံခြားကိုထွက်သွားခဲ့တယ် မောင်ဘက်ကိုတော့ တယောက်မှ ထည့်မတွက်ကြဘူးပေါ့
လာပါအုံး ဖေဖေအနားကို ငါ့သမီးလေးက ပုပုသေးသေးလေးမဟုတော့ပါလား အရပ်ကြီးကရှည်လာလိုက်တာကွာ…

ဖေဖေဘာပြန်လာလုပ်ဝာာလဲ"
အေးအေးစက်စက်မေးလာသော ရတီမောင်စကားကြောင့် ဦးမြတ်မောင် သက်ပြင်းချမိသည်
ဖေဖေ သမီးကိုလွမ်းလို့ပေါ
ဟူးးးးးဖေဖေက ဟာသတွေတောင်ပြောတက်လာတယ်နော် 9နှစ်ကြာမှ ဘာလွမ်းနေတာလဲ ကျနောကိုချစ်တယ်လို့ တဖွဖွပြောပီ ဘာလို့ ပစ်ထားခဲ့တာလဲ "
မောင်မျက်ရည်တွေကိုမထိန်းနိုင်တော့ပါ
မဟုပါဘူး ဖေဖေက
တော်ပ့ါတော့ ....ကျနော ဆက်ပီ ဟာသတွေကိုနားမထောင်နိုင်တော့ဘူးနားထောင်နိုင်စွမ်းကိုမရှိတော့ဘူး ငယ်ငယ်လေးထဲကလေ မေမေအမုန်းကိုခံရတယ် ဖေဖေရဲ့မျက်ကွယ်ပြုမှုကိုခံရတယ် ကျနောအတွက်နွေးထွေးမှုဆိုတာ ဘာလဲ ကျနောမသိခဲ့ဘူး
ဖေဖေ ဒီအိမ်မာနေမယ်ဆို ကျနောမနေဘူး
ဖေဖေပြန်မာပါ သမီးကိုတွေ့ချင်လို့ ဖေဖေလာခဲ့တာ
အခုတွေ့ပီပီမလား ပြန်လို့ရတယ်ပီလေ

အန်တီ ချစ်သူ Where stories live. Discover now