part 13

1.7K 71 6
                                    

ကို !

ပြောလေ သစ္စာ

ကို မျက်နှာမကောင်းလို့လေ အလုပ်မှာ တခုခုဖစ်လို့လား

မဟုတ်ပါဘူးဗျာ ဒီတိုင်း အလုပ်နဲနဲပင်ပန်းလို့ပါ

ဦးသူရ company ကပြန်လာပီ ဧည့်ခန်းထဲတွင် ထိုင်ပီ သက်ပြင်းခနခနချနေတာကြောင့်

သမီးလေးကော သစ္စာ

အိပ်နေပီ ဖေဖေ ပြန်လာတဲ့အထိစောင့်မယ်ဆိုပီနေနေတာ စောနလေးကမှအိပ်ပျော်သွားတာ

ကို လဲ အလုပ်မှာ ကိစ္စလေးနဲနဲရှုပ်နေတာနဲ့ နောက်ကျသွားတယ်ကွာ

ကို ရေမိုးချိုးပီ နားလိုက်အုံး သစ္စာ ညစာပြင်ထားမယ်

ကို မစားတော့ဘူး ရေချိုးပီ နားလိုက်တော့မယ်

ဟုတ်

ဦးသူရနဲ့ဒေါ်သစ္စာကို တို့က ချစ်သူဘ၀ကနေ့အိမ်ထောင်ဘ၀အထိတစ်ယောက်နဲ့တစ်ယောက်ဖေးမ ပြီ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလာခဲ့သည် သူတို့နှစ်ဦးမှာ အရမ်းသိတက်နားလည်းပီချစ်ဖို့ ကောင်းတဲ့သမီးလေးတစ်ယောက်ရှိသည် သူကတော့ ရတီကို ပေါ့

မေမေ!

ရှင်

ဖေဖေကော

အလုပ်သွားပီလေ သမီးရဲ့

အစောကြီးရှိသေးတာကို ဖေဖေက သမီးကိုတောင်မစောင့်ဘူး

ဖေဖေက မအားလို့ပါသမီးရယ် အလုပ်လဲနဲနဲရှုပ်နေလိုနော်

ဟွန့်!

ကဲ့ပါ မေမေ မင်းသမီးလေး မနက်စာစာ‌းတော့ ပီရင် မေမေကျောင်းလိုက်ပို့မယ် ဟုတ်ပီလား

ဟုတ်ကဲ့မေမေ

********
တဖက်တွင် ဦးသူရ တစ်ယောက် company တွင် ပြသာနာ တက်နေသည်

meeting room ထဲတွင်

ဒီပုံစံတိုင်းသာဆိုရင် ဒီ company က Dream company ရဲ့လက်အောက်ကိုကျရောက်တော့မယ် ရှယ်ယာရှင်တွေကလဲ ရှယ်ယာတွေပြန်ထုတ်ပီ Dream company နဲ့ပဲလက်တွဲမယ်တဲ့လေ

ဦးသူရတစ်ယောက် Dream company ပိုင်ရှင် ဦးမြတ်မောင်နဲ့ တွေ့ပီဆွေးနွေးဖို့အချိန်ရောက်လာပီလေ ဘယ်လောက်ပဲခင်ခဲ့ကြသည်ပြောပြော အခုတော့ရန်သူဆိုလဲဟုတ်တယ်မလား

အန်တီ ချစ်သူ Where stories live. Discover now