Hello everyone ပြန်တွေ့ကြပြီးနော် အများကြီးစောင့်ခိုင်းစေမိလို့ အားနာပါတယ်🤍
******
"ရော့ ဒီမှာ ကွာရှင်းစာချုပ် ကျွန်မ
လက်မှတ်ထိုးပြီးသား"ဦးမြတ်မောင် သူရှေ့ရောက်လာသောစာချုပ်ကို တစ်ချက်ကြည့်၍ စာချုပ်ပေးလာသောသူကို လှောင်နေသော မျက်၀န်းများဖြင့်ပြန်ကြည့်ပေးလိုက်သည်
"ဒါဘာသဘောလဲ သစ္စာ "
"ဘာသဘောဖြစ်ဖြစ် ကျွန်မကို ကွာရှင်းပေး "
"ကိုယ်ဘက်က မကွာပေးနိုင်ဘူးဆိုရင်ကော"
ထိုအချိန်ပိုင်းအတွင်း နှစ်ဦးစလုံးရဲ့လေသံတွေက စတင် တင်းမှာလာကြပြီဖြစ်သည်
"အဲတာ ရှင့်အပိုင်း ကျွန်မ ဒီမှာ ဆက်မနေနိုင်တော့ဘူး ပြီးတော့ ကျွန်မ လက်မှတ်ထိုးပြီးသာ ရှင်ဘာသာ ကြိုက်တဲ့အချိန်လက်မှတ်ထိုး ကွာလိုက်"
"ဒီမှာ သစ္စာ ဒီကိစ္စကအဲလောက်လွယ်လား "
"ကျွန်မ သဘောတူကြည်ဖြူပြီး ရှင့်ကိုယူထားတာမဟုတ်ဘူး အဲတာကြောင့် ရှင်သဘောတူတူ မတူတူ ကျွန်မ ကြိုက်သလိုဆုံးဖြတ်မယ် ကျွန်မကို ဒီလောက် ဒုက္ခပေးရရင်တော်ရောပေါ့ရှင်"
"ဟာ! မင်းမှားနေပြီ သစ္စာ မင်းကို ကိုယ် ဒုက္ခ မပြောနဲ့ စိတ်ညစ်စေမဲ့အရာတောင် ကိုယ် မပေးဘူး"
"ရှင်နဲ့နေရတာကိုက ဒုက္ခပေါင်းစုံနဲ့ ငရဲကျနေသလိုပဲ"
"မင်းအထင်လေ ကိုယ်ကတော့ ဘယ်တော့မှ မင်းကို လက်မလွှတ်ဘူး အဲတာမင်းကိုသိပ်ချစ်လို့ သစ္စာ သိပ်ချစ်လို့ မင်းသိလား"
"ဟွန့်"
သစ္စာ မဲ့ပြုံးတစ်ချက်ပြုံး၍"ရွံစရာကောင်းလိုက်တဲ့စကားတွေ မပြောစမ်းပါနဲ့ "
သစ္စာ စကားဆက်မပြောချင်တာကြောင့် ထိုနေရာမှ လှည့်ထွက်ချိန် ထိုသူက သစ္စာလက်ကိုအတင်းပြန်ဆွဲပြီး
"ဒီစာချုပ်က စာရွက်လေးတစ်ရွက်ပဲ သစ္စာ မင်းလက်မှတ်ထိုးလဲ ကိုယ်က ဒီလိုလေ ဖြဲလိုက်ရုံပဲ"
စက္ကန့်ပိုင်းအတွင်း ကွာရှင်းစာချုပ်လေးက အစိတ်စိတ်အမွာမွာဖြစ်သွားသည်
YOU ARE READING
အန်တီ ချစ်သူ
Actionအန်တီမင်းကိုချစ်တယ် ဒေါ်သဇင်ဖူး မောင်လဲအန်တီကိုသိပ်ချစ်တယ် ရတီမောင် နင်ငါကိုအမေလို့မခေါ်နဲ့ ငါနင့်အမေမဟုဘူး ငါဘ၀အမုန်းဆုံးက နင်နဲ့နင့်အဖေပဲ ...