12

426 16 0
                                    

ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့တာလေးတစ်ခုလောက်ပြောပြချင်ပါတယ်။ ပြီးတော့ သိစေချင်တာက ကိုယ့်ကိုတကယ်ချစ်ပြီးတန်ဖိုးထားတဲ့လူတွေကို သူတို့ရှိနေတုန်းတန်ဖိုးထားပြီးချစ်ပေးကြပါ သူတို့မရှိမှသတိရပြနေလည်းသူတို့ကပြန်လာနိုင်တော့မှာမဟုတ်တော့ဘူးလေ။ဒါတွေတစ်ချက်ထားပါ ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့တာလေမျှဝေပေးချင်ပါတယ်။
Covidဒုတိယအခေါက်တုန်းကဖြစ်သွားခဲ့တာပါ။ အဲ့တုန်းကသိကြတဲ့အတိုင်းဘဲ အစစအရာရာကအရမ်းခက်ခဲနေကြတာလေ၊ပြီးတော့ ကျွန်တော်တို့အိမ်မှာလည်း ကျွန်တော်ကလွဲရင် အကုန်ကူးနေကြတာ။ ကျွန်တော်တစ်ယောက်ထဲအကုန်ဒိုင်ခံလုပ်နေရတော့ ကျွန်တော်လည်း ကျွန်တော့်ကောင်မလေးကို အချိန်သိပ်မပေးမိဘူးဗျာ။ နှစ်ဘက်မိဘလုံးကလည်း သိနေပြီးသားတွေပါ။မှတ်မှတ်ရရအောက်တိုဘာလ၂၃ရက်နေ့မှာဘဲ သူ့အိမ်ကဖုန်းလာတယ်။ သမီလေးဖျားနေတယ်သား၊ သားအားရင်တစ်ချက်လာကြည့်အုံးတဲ့၊ ကျွန်တော်လည်းကြောင်သွားတာပေါ့ သူနေမကောင်းတာကျွန်တော့်ကို သူမှမပြောပြတာ။ ကျွန်တော်လည်းညနေဘက်ဘဲ ချက်ချင်းလိုက်သွားခဲ့တယ်။ တိုက်ခန်းရောက်လို့တံခါးခေါက်တော့ သူ့အမေက သားနေကောင်းလား အမေတို့ကောသက်သာလားဘာညာမေးတော့ ကျွန်တော်လည်း အကုန်အဆင်ပြေကြောင်းပြောပြီး ကောင်မလေးအခန်းထဲဝင်တော့ သူ့မှာအောက်စီဂျင်တောင်ရှူနေရပြီ။ ကျွန်တော်လည်း မ အခုလောက်ထိနေမကောင်ဖြစ်နေတာဘာလို့မပြောလဲပြောရင်းငိုမိတော့ သူကသူ့အမေကိုအောက်စီဂျင်ပိုက်ချွတ်ခိုင်းသလို  လက်ဟန်လုပ်ပြတော့ အောက်စီဂျင်ပိုက်ချွတ်ပြီးစကားပြောတယ်။ မောင်ကလည်း မ ကဒီလောက်လေးတော့အပျော့ပါကွ၊ မောင်က မောင့်မိဘကိစ္စတွေနဲ့ပင်ပန်းနေတာ မ နေမကောင်းဘူးမပြောရက်ပါဘူး၊ အခုလည်း မ ကအေးဆေးဘဲပြောတယ်။ ကျွန်တော်တကယ်ဝမ်းနည်းလွန်းလို့စကားတောင်ပြောစရာမရှိခဲ့ဘူး။ သူ့လက်လေးကိုင်လိုက် နဖူးကချွေးသုတ်လိုက်နဲ့သူ့နားပြုစုနေခဲတယ်။ ည၉နာရီခွဲလောက်အိမ်ပြန်ခဲံရတယ် မပြန်ခင် သူ့အမေ့ကိုတစ်ခုခုဖြစ်ရင်ချက်ချင်းဖုန်းဆက်ဖို့ဘာညာပြောခဲ့ရတယ်။ မ မောင်ပြန်လိုက်အုံးမယ်နော် မနက်ဖြန်ထပ်လာခဲ့မယ်ပြောတော့ သူက မ က ပါဝါကြီးတယ်လေမောင်ရဲ့ အေးဆေးဂရုစိုက်ပြန်ချစ်တယ်ပြောတယ် သူ့အသံကအရမ်းမောနေတယ်။ ကျွန်တာ်လည်းအရမ်းမဆိုးဘူးထင်ပြီ နှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့တယ်။ အဲ့ကပြန်တဲ့လမ်းတစ်လျှောက်ကတည်းက ကျွန်တော်စိတ်တော်တော်လေးနေတာ။
  နောက်နေ့မနက်၂၄ရက်နေ့ကျွန်တော့်ကောင်မလေးဆုံးသွားတယ်။ ရှုတ်တရတ်အရမ်းမောလာပြီး အမောဖောက်ပြီသေသွားခဲ့တယ်။ နောက်မှကျွန်တော်သိခဲ့တာက ကျွန်တော်နဲ့တွေ့တုန်းစကားအများကြီးတွေမနားဘဲပြောတာရယ် အောက်စီဂျင်ပိုက်မတပ်ထားတာတွေကြောင့် ရုတ်တရတ်အမောဖောက်ပြီးဆုံးသွားခဲ့တယ်။သူသေတဲ့နေ့ကတည်းက ကျွန်တော်သူမကြိုက်တဲ့အရက်တွေသောက်တယ် နေ့တိုင်းနီးပါးပါးဘဲ။ တစ်ရက်ကျွန်တော်သောက်နေတုန်း ကျွန်တော့်နားထဲ မောင် ဘာလို့ မ မကြိုက်တဲံအရက်သောက်နေလဲတဲ့။ ကျွန်တော်လည်း သူ့သတိရလို့နားကြားမှားတယ်ထင်ပြီ ဆက်သောက်နေတုန်း မောင် မ စိတ်ဆိုးလာပြီဆိုတဲ့အသံကြားပြီး တစ်ပြိုင်နက်လက်ထဲက အရက်ဖန်ခွက်ကွဲသွားတယ်။ သွေးရိုးသားရိုးမဟုတ်တာသေချာနေတော့ ကျွန်တော်လည်း အမေတို့ပြောပြတော့ ရက်လည်တဲံအထိတော့ စောင့်အုံးတဲ့။ ကျွန်တော်လည်း ကျွန်တော့်ကောင်မလေးကို ဖြစ်နိုင်ရင်ထပ်တွေ့ချင်တော့ ရက်မလည်ခင်တစ်ညမှာ အရက်ထက်သောက်တယ်။ နှစ်ခွက်ဘဲသောက်ရသေးတယ် မောင် အဲ့အရက်သောက်ပြန်ပြီးလားဆိုပြီ ကြားတယ် ကျွန်တော်အခန်းထဲ လိုက်ကြည့်မိတယ်။ အမှောင်ထဲ ကျွန်တော်တစ်ယောက်ထဲ အစကတော့ကြောက်သွားပေမဲ့ ငါ့ကောင်မလေးဘဲ ဆိုတဲ့အတွေးဝင်လာတော့ မ ဘယ်မှာလဲဆိုပြီး အရူးလိုလိုက်မေးနေမိတယ်။ သူက မ ကိုမောင်မမြင်ရဘူး မောင့်အနားအမြဲရှိတယ်။ အဲ့အရက်မသောက်ပါနဲ့နော်မောင် လို့ပြောသံက ကျွန်တော့်ဘေးမှာ မ ထိုင်ပြီးစကားပြောနေသလိုဘဲ။ မ မနက်ဖြန်သာဓုမခေါ်ချင်ဘူး မောင်နဲ့မဝေးချင်ဘူး မောင့်အနားဘဲနေချင်တယ် မောင်ရယ်။ မေ့မေ့ကိုပြောပေးပါလား အမျှမဝေပေးပါနဲ့လို့ ငိုသံနဲ့ ပြောတာ့ ကျွန်တော်လည်း တော်တော်ဝမ်းနည်းပြီးမျက်ရည်ကျမိခဲံ့တယ်။ ရှိတုန်းက သူ့အပေါ်ဂရုမစိုက် အရမ်းဆိုးခဲ့မိတာတွေပြန်တွေးရင် ငိုမိတော့ မောင်ရယ် မငိုပါနဲ့ မ အမျှမလိုချင်သေးဘူး မောင့်နားနေချင်သေးတယ် လို့ထပ်ပြောတော့ ကိုယ်ကောင်းဖို့တစ်ခုအတွက် ကိုယ့်ကောင်မလေးကို ဒီဘဝထဲ ကျွန်တော်ဘယ်လိုခွန်အားနဲ့ဆက်ထားလို့ရမှာလဲ။ မ ကလိမ္မာပါတယ်၊ သာဓုခေါ်နော် မောင်လိုက်ခဲ့ပါမယ်သိပ်မကြာခင်လို့ပြောတော့ မောင် မသေရဘူးနော် ကတိပေးရင် မ သာဓုခေါ်ပေးမယ်ပြောတော့ ကျွန်တော်လည်း ကတိပေးခဲ့တယ်။ နောက်န့ရက်လည်မှာအမျှဝေတော့ ကျွန်တော်မျက်ရဘ်မထိန်းနိုင်ခဲ့ဘူး ကျွန်တော့်ကောင်မလေးက ကျွန်တော့်နားမရှိတော့ဘူးဆိုတဲ့အသိက အရမ်းပြိုလဲစေတယ်။ အဲ့နေ့ညဘဲ ကျွန်တော့်ကောင်မလေးကို အိမ်မက်ထဲတွေ့တယ်၊ အရင်တုန်းကအတိုင်း သွားတက်လေးပေါ်အောင်ရယ်ပြပြီး မောင် မ သွားတော့မယ်၊ မောင်ကတိမဖျက်နဲ့နော် ပြီးတော့ မ မောင့်စီကို နောက်တစ်ခါပြန်လာခဲ့မယ်သိလား၊ မ မသေခင်က မေမေ့ကို လက်မှာအမှတ်လုပ်ခိုင်းထားတယ်။ ညာဘက်လက်တံတောင်စစ်နားမှာလို့ပြောပြီး မ သွားပြီနော်အရမ်းချစ်တယ်ဆိုတဲ့စကားပြောပြီးပျောက်သွားတာ အခုထိပါဘဲ။ ကျွန်တော်လည်းသူပြောတဲ့ပြန်လာတာဘာတွေနားမလည်ပေမဲ့ သူ့ကိုအခုထိမေ့မရသေးဘူး။ တစ်ခုခုချော်လဲခံနီး လက်ကတုတ်တန်းဆွဲမိရင်တောင် ငါ့ကောင်မလေး ငါ့ကိုဂရုစိုက်နေလားတွေးတဲ့အထိကို သတိရနေတုန်းပါဘဲ။           ။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now