24

332 8 0
                                    

ဒါက အငယ်ကောင် ငယ်ငယ်က အပမှီတဲ့အကြောင်းလေး..
အိမ်ကအမေက ဆေးလိပ်ခုံ မှာ နေ့တိုးပေးစားလို့ ညနေကနေ ည ၁၀ နာရီလောက်ထိ ဆေးလိပ်ခုံမှာ ပိုက်ဆံသွားသွားကောက်တတ်တယ်
အဖေက အမေ့ကိုကြိုဖို့ ဆေးလိပ်ခုံ ဘေးက ဘိလိပ်ယက်ခုံမှာ ဘိလိယက်ထိုးရင်း စောင့်တာပေါ့
ပြောရရင် ညနေစောင်းကနေ ညဘက် နောက်ကျတဲ့ထိ အိမ်မှာ TV တစ်လုံးနဲ့ မောင်နှမသုံးယောက်ပဲ ကျန်ခဲ့တာ
အဲ့နေ့က အငယ်ကောင်က ဖျားနေရော
သူတော်တော်ငယ်သေးတယ်
အဲ့အချိန် ရပ်ကွက်ထဲမှာ tv ရှိတဲ့အိမ်ကရှားလဲရှား
ကိုယ်တွေအိမ်က ခလေးတွေချည်းပဲဆိုတော့ ခလေးကြိုက်တွေကြည့်တတ်တာနဲ့ ရပ်ကွက်ထဲက ခလေးအကုန်နီးပါ ကိုယ့်အိမ်မှာပဲ tv လာကြည့်နေကျ
အငယ်ကောင်ကဖျားနေတော့ ဘေးမှာ အိပ်ယာလေးနဲ့အိပ်ပီး လှဲနေတာ
ကိုယ်တွေခလေး တစ်သိုက်ကတော့ tv ကြည့်ပေါ့
ကြည့်နေတုန်းပဲ အိမ်ရှေ့ကနေ ဖားရိုက်သမားတွေက ငါးငါးဆိုပီး အော်လို့ ခလေးတွေပီပီ
အကုန်ပြေးဆင်းအပြင်ထွက်ကြည့်ကြလို့ အိမ်ထဲ
အငယ်ကောင်လေးပဲကျန်ခဲ့တယ်
မြောင်းထဲက ငါးတွေကိုဖမ်းတာတွေကြည့်ပိီး
အိမ်ထဲပြန်ဝင် tv ကြည့်ကြပြန်ရော
ကိုယ်က အဲ့အချိန် အငယ်ကောင်ကိုသတိသွားရပီး သက်သာလား လှမ်းကြည့်တာ
ဒင်းက ကိုယ်တွေခလေးတစ်သိုက်ဖက်ကို
ဘေးတစ်စောင်းလှဲကြည့်ပီး မျက်လုံးပြူးပြ
လျှာထုတ်ပြနဲ့ ပြောင်ပြနေလို့
ကိုယ်လဲ အငယ်ကောင် သက်သာပိး မျက်နှာပြောင်ပြနေတယ်ထင်လို့ သဲတုန်းလေး ( အဲ့တုန်းကတော့ ချစ်လို့ သဲတုန်းလေးလို့ခေါ်တာပါ အခုတော့ ကျက်သတုံးလေးပါ ) သက်သာပီလား မေးတာ ပြန်မဖြေဘူး ပြူးပြဖြဲပြနဲ့ စပ်ဖြီးဖြီးလုပ်ပြတာရပ်မသွားလို့
အိမ်ကညီမအကို ကိုတောင် ကိုကို့ညီ သက်သာပီးပြောင်ပြနေပီလို့ လက်တို့ပြောလိုက်သေးတယ်
အကိုက  သူ့လှမ်းကြည့်ပီး ညိီလေး သက်သာပီလား
နေကောင်းအောင်နေ နေကောင်းရင် ပြိုင်ကား(အရုပ်) တူတူဝယ်ဆော့မယ်နော် လို့ပြောလဲ
အငယ်ကောင်က အင်းလဲမလုပ်အဲလဲမလုပ်
ပြူးပြ ပြောင်ပြ စပ်ဖြီးဖြီးလုပ်ပြတုန်း
အဲ့အခိုက်အတန့်ကလေ ကိုယ်က အငယ်ကောင်ကိုကြည့်ရင်း ဘာကိုစိတ်မသန့်လို့ မသန််မှန်းကိုမသိတာ သူ့ကိုလဲ လှည့်တကြည့်ကြည့်နဲ့ ကြည့်နေတာ
အဲ့တာကြီးကလေ ပြောင်ပြတာ လုံးဝရပ်မသွားဘူးနော် ကိုယ်ကလဲလန့်ပေမယ့် ဘာရယ်လို့မထင်သေးဘူး သဲတုန်း ရေသောက်ချင်လား ရေတိုက်မယ်ဆိုပိး အနားသွား ခေါင်းလေးမပီး ရေကိုဇွန်းလေးနဲ့တောင်တိုက်လိုက်သေးတယ် ရေတော့သောက်တယ် ရေသောက်ပီးလဲ ပြန်ပြောင်ပြတော့ လူကနည်းနည်းတော့ တင်းလာပီ သဲတုန်းနင်ဘာဖြစ်နေတာလဲ နင့်မျက်နှာခုပြင်လိုက်စမ်းဆိုပီး အော်လိုက်တာ ( တကယ်ကကြောက်လာလို့အော်လိုက်တာပါ)
Tv ကြည့်နေတဲ့ခလေးတွေအကုန် လှည့်ကြည့်ကြရော အကိိုက ဘာဖြစ်လို့လဲမေးပိး အနားရောက်လာချိန်ထိ အဲ့ဟာကြိးက မျက်နှာပြောင်တာ ရပ်မသွားဘူး စပ်ဖြီးဖြီးလုပ်တုန်း
ညိမလဲ ခေါငိးရင်းအိမ်က အဒေါ်ကို ......ရေ ဒိီမှာ အငယ်ကောင်ဘာဖြစ်မှန်းမသိလို့ လာကြပါဦးဆိုပီး အသံကုန်အော်တော့မှ အဒေါ်က ‌ဟဲ့ ဘာဖြစ်ကြတာလဲဆိုပီး အပြေးအလွှား ရောက်လာရော
အဒေါ်ရောက်တဲ့ထိလဲ ဟိုမျက်နှာထားကြီးက မပြောင်းဘူး အဒေါ်က အငယ်ကောင်ကိုပေါင်ပေါ်ပြေးပွေ့ပီး အပမှီနေတာခလေးကို ဘုရား သောက်တော်ရေ ယူလိုက်စမ်း အမြန်ပေးဆိူပီး သောက်တော်ရေနဲ့ ပက်ပက်ပီး သား သတိထား သား သား သတိထားစမ်း
အငယ်ကောင်က သောက်တော်ရေထိတာနဲ့ ခေါင်းတွေခါရမ်းလိုက်  ပီးရင် ပြန်ပြောင်ပြစပ်ဖြီးဖြီးလုပ်လိုက်နဲ့ (ဇကမသေးဘူး သရဲက)
အဒေါ်က သောက်တော်ရေတွေ ခေါင်းကနေလောင်းချပီး သား သား ဆိုပီးခေါ်တော့မှ အငယ်ကောင်က ဗျာဗျာဆ်ိုပီး ထထူးတာ သူက ထူးပီးပီးချင်း
လှေကားဘက် လက်ညှိူးထိုးပီး ဟိုမှာ မဲမဲကြီး မဲမဲကြီး ပြေးဆင်းသွားပီ မဲမဲကြီးဆ်ုပီး ထအော်လို့
ဘေးကခလေးတစ်သိုက်က ငိုတဲ့လူငို အော်တဲ့လူက အော်နဲ့ ဝရုန်းသုန်းကားကိုဖြစ်လို့
အဲ့နေ့က ကိုယ်ကတော့ ဒူးတုန်အောင် ကြောက်ခဲ့ရတဲ့နေ့လေးပါ
အဲ့အဖြစ်ပျက်ကြောင့် ရပ်ကွက်ထဲကခလေးတွေ (၃) ရက်လောက် tv လာမကြည့်ရဲကြဘူး 😆
အဒေါ်ကတော့ အကုန်လုံးကိုဆူတာ ခလေးနေမကောင်းတာကို ဖားရိုက်သမားတွေ ငါးဖမ်းတဲ့နေရာကိုသွားကြည့်တော့ အညှီနဲ့အတူ ကံနိမ့်တဲ့ခလေးက  အပကပ်ပါလာပီး အိမ်ထဲ ဖွဖွ မလုပ်ဘဲ ဝင်လာလို့ အခုလို ဖြစ်ရတာပါဆိုပိီး  ☹️

ထပ်ပီးကိုယ်ကအလုပ်နဲ့နယ်စုံပတ်ရင်း ကြုံလာရတဲ့ အကြောင်းလေးတွေထပ်ပြောပြမယ် နော် ❤️

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now