88

179 3 0
                                    

#ပရလောက

ကျွန်တော် အခုတလော ကြုံတွေ့နေတာလေး ပြောပြချင်လို့ပါ အကြံလည်း လိုချင်ပါတယ်

   ကျွန်တော်က လက်ရှိ ပြည်ပမှာပါ အလုပ်နဲ့ မနီးမဝေး နေရရာမှာ တိုက်ခန်းလေး ဌားနေတာ ၈လလောက်ရှိပါပီ လွန်ခဲ့တဲ့ ၂လလောက်ကမှ စဖြစ်တာလို့ ပြောရမယ်

ပထမဆုံး စဖြစ်တာက ကျွန်တော် အိပ်ပျော်မလို ဖြစ်နေချိန်မှာ မဲမဲအရိပ်တစ်ခုက ကျွန်တော် အိပ်နေတဲ့ ဆီကို တန်းတန်းကြီး ရောက်လာပြီး အပေါ်ကနေ တပ်ဖိ့လိုက်တယ်ဗျ
အဲချိန်မှာ ဘုရားစာရွက်တယ် အစက မရဘူး ခဏလေး အတွင်းမှာ ဘုရားရွက်နေရင်း လူက ဝူးဝူးဝါးဝါးထဖြစ်ရော ဘေးက အိပ်နေတဲ့ သူက ဘာဖြစ်တာလဲ အလန့်တကြားပြောမှ အသိပြန်ဝင်လာပြီး သူ ကြောက်နေမှာ စိုးတာနဲ့ ဘာမှ မဖြစ်ဘူးပြောပြီး ပြန်အိပ်လိုက်တယ်

ဒီလိုနဲ့ ပုံမှန်ပဲ မထူးခြားပဲ ၂ပတ်လောက်နေတော့ ကျွန်တော်နဲ့ အတူနေတဲ့ သူက ထဖြစ်တယ် အိပ်နေချိန်မှာ ဘေးနားမှာ လာအိပ်သလို ဆံပင်ကို သိသိသာသာ ဖိ့လိုက်ပီး စောင်ကို ဆွဲလှန်တယ်ဗျ သူအတော်လေး ကြောက်သွားတာ သိပေမဲ့ ဘာမှ မရှိဘူး မကြောက်နဲ့ ဘုရားစာရွက်ခိုင်းလိုက်တယ်

ခု ဒီနေ့ပဲ ထပ်ပြီးပြန်ဖြစ်ပြန်တယ် ကျွန်တော်ကိုတော့ မဟုတ်ပါဘူး
အရင်ကြိမ်လိုပါပဲ ဘေးနားမှာ တစ်ခုခု လိမ့်လာသလို ဖြစ်ပြီး စောင်ဆွဲလှန်တယ်
ဒီကြိမ်မှာ တော်တော်ကြီးကို လန့်ပြီး အသက်ရှုတွေ ကြပ်သွားတဲ့ အထိပါပဲ

တစ်ကြိမ်နဲ့ တစ်ကြိမ် ပိုဆိုးလာတော့ လူကို အန္တရာယ်ပေးနိုင်လားဗျ ...တော်တော် ကြောက်လာလို့ပါ 😓

ဒီလို ဖြစ်လာတဲ့ အကြောင်းအရင်းက ကျွန်တော် တစ်ညမှာ အပြင်ကနေ အမဲသားစိမ်းတွေ ဝယ်လာမိတယ် အဲဒီနောက် ခုလိုတွေ ကြုံရတာဆိုတော့ တိုက်ဆိုင်မှုများလား

ကျွန်တော်က သရဲမကြောက်တက်ပေမဲ့ အတူတူနေတဲ့ သူက အရမ်းကြောက်နေလို့ပါ
သရဲတကယ်ရှိနေတာဆိုရင် ဘယ်လို နှင်လို့ ရလဲဗျ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now