28

288 4 0
                                    

#Privateschool
မီ က G 8ထိ public schoolမှာတက်ပြီး G9ကြအိမ်ကနေပြည်တော်မှာရှိတဲ့ private schoolတစ်ခုကိုပြောင်းထားတာ(အဲ့ကျောင်းကနာမည်ကြီးတဲ့ထဲပါတယ်)ကိုယ်က ကျောင်းသူသစ်ဖြစ်တဲ့အပြင် တော်ရုံလူနဲ့ပါအရောမဝင်တတ်တော့ စတက်တဲ့နှစ်လ လောက်ထိ သူငယ်ချင်းရယ်လို့မရှိကျောင်းကန်တင်းသွားတာကအစ သန့်စင်ခန်းအဆုံးဘယ်သွား"တစ်ယောက်တည်း။ကိုယ်က သန့်စင်ခန်းကို အမြဲတစ်ယောက်တည်းသွားနေကြ အဲ့တာကို သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးကသတိထားမိတယ်ထင်တစ်ရက်ကြအဲ့အဒေါ်ကမီ့ကို "သမီး သန့်စင်ခန်းကို တစ်ယောက်တည်းမသွားရဘူး ကျောင်းတွေမှာက မမြင်သင့်တာတွေရှိတယ် မိန်းကလေး ဆိုတာက ကံအမြဲလိုလိုနိမ့် တော့ ပိုမြင်ရတတ်တယ်"တဲ့ ဆိုပြီးလာပြောပါရောမီကသရဲကိုကြောက်ပေမယ့် လက်တွေ့မှာမကြုံဘဲmovies တွေလောက်မှာပဲကြည့်ဖူးတာလေအဲ့အဒေါ်ကြီးပြောတော့ကြောက်ပေမယ့်ကိုယ်သွားရင်ခေါ်စရာအဖော်ရယ်လိုမရှိတက်နေတဲ့အကုန်လုံးကမျက်နှာကြောတင်းတင်းတွေနဲ့ဆိုတော့ ကိုယ်ကစသွားအဖက်မလုပ်ချင်အဲ့တာနဲ့ပဲ အရင်လိုတစ်ယောက်တည်းသွားဖြစ်တယ်ပေါ့နော်။

တစ်ရက်ကြ ကိုယ်က သန့်စင်ခန်းသွားမို့ဆိုပြီးအခန်းထဲဝင်ဝင်ချင်းအပုပ်နံ့လိုလိုအမှိုက်အနံ့လိုလိုနဲ့ အောင့်သက်သက်အနံ့ကြီးစရပါလေရော ကိုယ်ကလည်းအမှုမဲ့အမှတ်မဲ့ဆိုတော့အများကြီးထပ်မတွေးဘဲကြွက်tayပုပ်နေမှာလို့ အလွယ်တွေးပြီး ‌ကျောင်းအိမ်သာထဲဝင်ပြီး ကိစ္စရှင်းနေတာ ကိစ္စရှင်း နေရင်းနဲ့ အတွေး တွေက တောင်ရောက်မြောက်ရောက်ဖြစ်မှလူကစကြောက်လာတာ(မီ ဝင်တုန်းကသန့်စင်ခန်းထဲမှာလူလည်းမရှိတော့ အတွေးတွေကပိုဆိုး)အဲ့လိုတွေးနေတုန်းဘေးအခန်းကနေရေဘားဆွဲချတဲ့အသံကိုစကြားရတာပဲအဲ့အသံကြားတော့လေ တကယ်ပျော်သွားတာရယ် ဒီထဲမှာကိုယ်နဲ့အတူအဖော်ရှိတယ်ဆိုတဲ့စိတ်ကဝင်လာပြီးကြောက်တဲ့စိတ်တွေဘယ်ပျောက်သွားမှန်းကိုမသိတာ ကိစ္စပြီးအပြင်ပြန်ထွက်မို့ပြင်နေတုန်းဘေးအခန်းကနေ တံခါးလက်ကိုင်ဆွဲဖွင့်လိုက်တဲ့အသံကိုကြားရတာ(အဲ့အသံကြားတဲ့အချိန်အပြင်ထွက်ဖို့သတိမရတော့ အူတူတူဖြစ်နေတာ)အခန်းထဲကထွက်လာတဲ့ခြေသံတွေပါကြားနေရတာကြားနေရတဲ့ဘေးအခန်းခြေသံတွေကမပြတ်ဘူးကွာလုံးဝကိုဆူညံနေရောတစ်ယောက်တည်းမဟုတ်ဘဲ လူ‌ငါးယောက် ခြောက်ယောက်လောက်က toilet ထဲကနေအပြင်ကိုတစ်ယောက်စီထွက်လာတဲ့ပုံစံမျိုးနဲ့ ကြားနေရတာတော့လူကစကြောင်‌ တောင်"ဖြစ်လာရော ဘာလား တစ်ခန်းထဲကို လူအများကြီးဘာဝင်လုပ်နေတာလဲပေါ့။ခနနေတော့ ခြေသံကပြတ်သွားတယ်မီလည်းအကုန်အပြင်ရောက်သွားပြီအထင်နဲ့ပြန်ထွက်မို့လုပ်နေတဲ့အချိန်သန့်စင်ခန်းဝင်ပေါက်ကနေခုနကလိုခြေသံတွေကပြန်ကြားလာရောဒီတစ်ခါကြမီရှိတဲ့toiletအခန်းရှေ့ကိုခေါက်တုံ့ ခေါက်ပြန်လျှောက်နေတာရယ်အဲ့အချိန်ကြလူကကြောက်စိတ်ထက်စူးစမ်းချင်စိတ်ကပိုပေါ်နေတာမို့တံခါးအသာလှစ်ပြီး အခန်းရှေ့ကို လှမ်းချောင်းကြည့်တော့ ခြေသံကပြန်တိတ်သွားတယ် အသာလေးပြန်ပိတ်လိုက်‌တော့ ခုနကလိုခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့အသံတွေပြန်ကြားရောလူကသန့်စင်ခန်းထဲမှာနည်းနည်းကြာကြာ နေထားရတော့ဘူ၊စိတ်တိုလာပြီ

အဲ့တာနဲ့မီကကျောင်းသူအသစ်မို့အတန်းထဲကကောင်မတွေတမင်ရန်စတာရန်ပြန်တွေ့မယ်ဆိုပြီး တံခါးကိုဆောင့်ပြီးဖွင့်လိုက်တော့အပြင်မှာ ဘယ်သူမှရှိမနေဘူးရယ်သူတို့ တွေဘေးအခန်းတွေထဲဝင်ပုန်းနေမယ်အထင်နဲ့ညာဘက်အစွန်ဆုံးသွား တစ်ခန်းပြီးတစ်ခန်းလိုက်ဖွင့်တာ ဘယ်သူမှကိုမရှိတာဖွင့်ရင်းဖွင့်ရင်းနဲ့ဘေစင်နားကအစွန်ဆုံးအခန်းကိုဖွင့်မယ်လုပ်တဲ့အချိန်ကြက်သီးတွေ တဖြန်း"ထလာပြီး ကျောတွေချမ်းလာတာ ဘယ်လိုခံစားချက်မှန်းကိုမသိတာ တော်"ဆိုးဆိုးဝါးဝါးပဲ(အဲ့အခန်းထဲကိုယ့်အပြင်တစ်ယောက်ယောက်ရှိနေသလိုမျိုးကြီး)ဖွင့်ဖို့ပြင်နေတဲ့တံခါးကိုလည်းမဖွင့်ရဲအဲ့ကြမှလူကသရဲအခြောက်ခံရမှန်းစဥ်းစားမိပြီးကြောက်လွန်းလို့မျက်ရည်တွေပါကျလာတာရယ် ကျန်နေတဲ့အခန်းတံခါးဖွင့်ဖို့လည်းသတိမရ တော့ဘဲ ထိုင်ပြီး ငိုနေတာ နည်းနည်းကြာကြာငိုနေရင်းနဲ့နောက်ကနေ ကိုယ့်ဂုတ်ကို လေနဲ့အသာလေးမှုတ်နေတာ ဂုတ်ကနေတစ်ဆင့် ဆံပင်ကို လှမ်းမှုတ်မှ လူက ပြေးရမယ်ဆိုတဲ့အသိဝင်လာပြီး တန်းလစ်တော့တာပဲ🥰 အကောင်မမြင်ဘဲမျက်ရည်တန်းကျတဲ့ကိုယ့် သတ္တိကို သိလို့နောက်နောင်ကျောင်း toilet ဆိုယောင်လို့တောင်မသွားဘူးခေါ်လည်းမလိုက်ဘူး

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now