60

231 3 0
                                    

ထင်ထင်ရှားရှား
အသံအကြောင်းပြောပြဦးမယ်။

ကျွန်မတို့ နေတဲ့အိမ်က နေခါစမို့
ခြံမခတ်ရသေးပါဘူး။ ခြေရင်း ဘေး အိမ်ကလည်း
လူမနေပါဘူး။ ခေါင်းရင်းခြံကလည်း မြေကွက်လပ်ပါ။
၃ အိမ်စလုံးက ခြံမခတ်ထားတဲ့အတွက်
လမ်းနဲ့အိမ် တစ်ပြေးထဲဖြစ်နေတာပေါ့။
ကျွန်မတို့ အိမ်ရှေ့ လမ်းသွယ်ရဲ့ မျက်နှာချင်းဆိုင်ဟာ
ငှက်ပျောပင် ၊ သစ်စိပ်ပင်တွေပဲရှိပြီး လူနေအိမ်မရှိပါဘူး။
ကျွန်မတို့လမ်းက ရပ်ကွက်နောက်ဆုံးလမ်းအသစ်
ဖြစ်နေတာပါ။

လင်မယား နှစ်ယောက်ထဲနေတာကို
အမျိုးသားက တစ်ရက်ခြားတစ်ခါ
Night Duty ဆင်းရတာပါ။ အမျိုးသားမရှိတဲ့ညဆို
ကျွန်မက တော်တော်နဲ့အိပ်မပျော်ပါဘူး။
ဂိမ်းဆော့နေတုန်း အိမ်အပြင် ခေါင်းရင်းဘက်ခြမ်းက
ပြေးလာတဲ့ခြေသံကြားလို့ အချိန်အားဖြင့်
ည တစ်နာရီလောက်ရှိပြီမို့ သရဲလို့မတွေးမိဘဲ
ကျွန်မက သူခိုးလို့ထင်သွားပြီး ဖုန်းကိုအသံပိတ်
အပြင်အသံကိုနားစွင့်နေလိုက်ပါတယ်။
ပြေးလာတဲ့ခြေသံက ကျွန်မအခန်းတည့်တည့်
ပြတင်းပေါက်နားမှာ ရပ်သွားပါတယ်။
တော်တော်ကြာတဲ့အထိ အသံမထွက်လာပေမယ့်
ခဏကြာတော့ သက်ပြင်းချသံကြားလိုက်ရပါတယ်။
အဲ့ဒါနဲ့ကျွန်မလည်း ''ဘယ်သူလဲ အထဲမှာလူရှိတယ်ဟေ့''လို့
အသံခပ်မာမာအော်လိုက်ပါတယ်။ သူခိုးလန့်သွားအောင်ဆိုပြီး။
အဲ့အခါကျမှ အပြင်ကနေ ''အရမ်းမောနေလို့ပါ
နေစရာလည်းမရှိလို့ လိုက်ရှာနေတာ ပြေးရတာမောလို့ပါ''ဆိုပြီး
အမျိုးသမီးအသံနဲ့ပြောလာပါတယ်။

ကျွန်မလည်း ခေါင်းနားပန်းကြီးလာပြီး
စိတ်ကနေ သရဲလို့တထစ်ချတွေးမိသွားတာနဲ့
သရဏဂုံရွတ် ၊ ငါးပါးသီလခံ ၊ မေတ္တာသုတ်ရွတ်
သစ္စာဆိုပြီးတာနဲ့ သမ္ဗုဒေ ဂါထာ ကိုးခေါက်ရွတ်လိုက်ပါတယ်။
ကျွန်မ သရဏဂုံ စ ရွတ်ပါပြီဆိုကတည်းက
နောက်ဖေး ကို ထပ်ပြေးသွားတာကြားလိုက်ပါတယ်။
ကျွန်မကလည်း အိမ်ထဲကနေ နောက်ဖေး ခန်းထိ
လိုက်ပြီးထပ်ရွတ်တော့ သူကအစက
နောက်ဖေးအဖီထုတ်ထားတဲ့အခန်းအပြင်နားမှာ
မောဟိုက်နေတဲ့အသံနဲ့ ရပ်နေတုန်း။ ကျွန်မက
နောက်ဖေးတံခါး ဆတ်ခနဲဖွင့်ပြီးထပ်ရွတ်တော့
"အဲ့လိုမလုပ်ပါနဲ့'' လို့ပြောပြီး နောက်ကျောကပ်ရပ်
ခြံထဲ ဝင်ပြေးသွားတဲ့အသံကြားရပါတယ်။
အဲ့နောက်ဖေးအိမ်နဲ့ ကျွန်မတို့ အိမ်ကြား
သွပ်တွေကာထားတာမို့ လူအစစ်ဆိုပြေးလို့မရပါဘူး။
သူပြေးသွားတာတောင် သွပ်အသံတွေကြားရပြီး
ဘာမှမမြင်လိုက်ရဘူး။

နောက်နေ့မနက် ကျွန်မလည်း တစ်နေကုန်
ပဌာန်းရွတ် အမျှဝေပါတယ်။ ဤအိမ် ဤခြံအတွင်း
နေထိုင်၍ မရကြောင်း ၊ ခွင့်မပြုကြောင်း သုံးကြိမ်ပြောပြီး
အမျှဝေ ကုသိုလ်ပေးမည်ဖြစ်ကြောင်း သာဓုခေါ်
အစွဲမထားဖို့ ပြောပါတယ်။ အဲ့ဒီ့နေ့က စ
နေ့တိုင်း ညတိုင်း ပဌာန်းရွတ်ပါတယ်။

အဲ့နောက်ပိုင်း က စလို့ ကျွန်မ ဘာသံမှမကြားရတော့ပါဘူး။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now