18(uni)

404 15 2
                                    

Unicode

ဒီနေ့ကတော့မင်းခနဲ့ကိုကိုတွဲတာ၁လပြည့်တဲ့နေ့ဖြစ်လေသည်။ဒါပေမဲ့မင်းခကတော့ကိုကို့ကိုစိတ်ဆိုးနေလေသည်။ဘာလို့လဲဆိုတော့မနေ့ကကြော်ညာအတွက်ရိုက်ကွင်းကိုသွားကြတာအဲ့မှာကိုကိုကရိုက်တဲ့မော်ဒယ်နဲ့စကားတွေပြောပီးတော့သူ့ကိုလဲဂရုမစိုက်တော့ပေ။သူအရင်ပြန်တာတောင်မသိဘူးဖြစ်သည်။ညရောက်တော့ဖုန်းဆက်ပေမဲ့သူမကိုင်ပေ။ကိုကို့ကိုပညာပြပေးရမှာပေါ့။သူလဲမစဉ်းစားတော့ဘဲအလုပ်ဘဲပြန်လုပ်လိုက်သည်။သူရောက်နေတာကြာနေပေမဲ့ကိုကိုကတော့မရောက်သေးပေ။

"Bossမင်္ဂလာပါ"

မမာလာနှုတ်ဆက်တဲ့အသံကြောင့်ကိုကိုရောက်လာပီဆိုတာသူသိလိုက်သည်။

"အင်း ဒီနေ့လုပ်စရာရှိတာတွေလာတင်ပြ"

"ဟုတ်"

ဟိန်းခန့်သူ့ကိုစိတ်ဆိုးနေတဲ့ကလေးကြောင့်ချော့ဖို့စဉ်းစားရတော့သည်။မနေ့ကသူအလုပ်ကိစ္စပြောနေတာနဲ့ကလေးပြန်သွားတာကိုမသိလိုက်ပေ။ညရောက်တော့သူဖုန်းဆက်တော့လဲမကိုင်တော့ပေ။

"မာလာ မင်းခကိုမနေ့ကလုပ်ခိုင်းထားတဲ့ဟာလာပြလို့ပြောလိုက်"

"ဟုတ်ကဲ့"

"မင်းခbossကမနေ့ကသူလုပ်ခိုင်းထားတဲ့ဟာလာပြတဲ့"

ဒေါက်ဒေါက်...... "ဝင်ခဲ့ပါ"

"ဒီမှာပါbossအကုန်လုံးပီးသွားပါပီ"

"ကလေး ကိုယ့်ကိုစိတ်ဆိုးနေတာလား"

မင်းခသူ့လက်ကိုင်ကိုင်ပီးပြောတဲ့ကိုကိုကြောင့်လက်ကိုရုန်းလိုက်ပေမဲ့မလွှတ်ပေ။

"ကိုယ့်ကိုခွင့်လွှတ်ပါကွာ"

"မနေ့ကတော့ဂရုမစိုက်ဘဲနဲ့"

"ကိုယ်ဂရုမစိုက်တာမဟုတ်ပါဘူးကွာမနေ့ကကိုယ်အလုပ်ကိစ္စပြောနေလို့ကလေးပြန်သွားတာကိုသတိမထားမိလိုက်တာပါ"

"ကျွန်တော်မြင်တာတော့မော်ဒယ်အမနဲ့ဘဲစကားပြောနေတာလားလို့"

"ဟားဟား"

ဟိန်းခန့်ကလေးအပြောကြောင့်သဘောကျပီးရီမိသွားလေသည်။ကလေးကသူ့ကိုသဝန်တိုနေတာဘဲ။သဝန်တိုနေတဲ့ရုပ်လေးကိုအသည်းယားလာလေသည်။နှုတ်ခမ်းလေးကဆူထားပီးသူ့ကိုလဲမျက်စောင်းထိုးနေသေးသည်။

Crush နဲ့နီးဖို့....Where stories live. Discover now