20(End)(uni)

757 20 0
                                    

Unicode

"ဗျာ"

နံမည်ကိုကြားလိုက်ပီး ဗျာ ဆိုတဲ့အသံတစ်သံထဲထွက်လာတော့လေသည်။

"ဘာဖြစ်လို့လဲသားတို့"

"ဟို သစ္စာနွယ် ကကျွန်တော့်နဲ့စေ့စပ်ထားတဲ့သူပါ"

ဒီတစ်ခါအံ့ဩသွားရတဲ့သူကတော့ဦးနေခနဲ့ဒေါ်အေးမေဖြစ်လေသည်။

"အဲ့တာဆိုရင်သမီးငယ်ရဲ့ကောင်မလေးကသားဟိန်းခန့်ရဲ့စေ့စပ်သူပေါ့"

"ဟုတ်တယ်အန်တီ"

"ဘာတွေပြောနေကြတာလဲ"

သူတို့ပြောနေတုန်းဘဲတိုက်ဆိုင်စွာမေခနဲ့သစ္စာနွယ်ကရောက်လာလေသည်။

"အကိုတို့ရောရောက်နေတာလား"

"ဟုတ်တယ်နွယ် ဒါနဲ့ဂုဏ်ပြုပါတယ်နော် မေခနဲ့တွဲနေတာဆို"

"ကျေးဇူးတင်ပါတယ်အကို"

"အခုအကုန်လုံးလဲသိသွားပီဆိုတော့ကျွန်တော်အမှန်အတိုင်းဘဲပြောပါမယ် ကျွန်တော်နဲ့မင်းခကိုမာမီကသဘောမတူဘူး"

ဟိန်းခန့်ပြောလိုက်တော့အန်ကယ်တို့ကကြိုတင်တွေးထားသလိုဘာမှမဖြစ်ပေမယ့်ကလေးကတော့ဝမ်းနည််းသလိုဖြစ်သွားသည်။သူလဲကလေးရဲ့လက်လေးကိုအားပေးသလိုဆုတ်ကိုင်ထားလိုက်သည်။

"ဒါပေမဲ့အန်ကယ်နဲ့အန်တီစိတ်မပူပါနဲ့နော်ကျွန်တော်မာမီသဘောတူလာအောင်လုပ်ပါမယ် ပီးတော့နွယ်ကိုလဲအကူအညီတောင်းစရာရှိတယ်"

"နွယ်ကူညီနိုင်တာရှိရင်အားလုံးကူညီပေးပါ့မယ်"

"မာမီကအကိုနဲ့နွယ်ကိုဘဲသဘောတူနေတာ မင်္ဂလာပွဲအတွက်လဲရက််ရွေးတော့မယ်ဆိုပီးလုပ်နေပီအဲ့တာကြောင့်အကိုနဲ့နွယ်ကနှစ်ဖက်မိဘလုံးရှေ့မှာအမှန်အတိုင်းဖွင့်ပြောပီးနှစ်ဦးသဘောတူစေ့စပ်ပွဲကိုဖျတ်သိမ်းရမယ်"

"အဲ့ကိစ္စအတွက်စိတ်မပူပါနဲ့နော် နွယ်ကူညီပေးမယ်တကယ်လို့အန်တီလက်မခံရင်တောင်နွယ်ဘက်ကနေပျက်အောင်ဖျတ်ပေးလို့ရပါတယ်"

"အင်း မနက်ဖြန်မာမီတို့ရက်ရွေးကြမှာတဲ့အဲ့တာကြောင့်မနက်ဖြန်ကိုယ်တို့ဝန်ခံရမယ်"

Crush နဲ့နီးဖို့....Where stories live. Discover now