15(uni)

454 15 2
                                    

Unicode

"သီချင်းဆိုတာအရမ်းကောင်းတာဘဲ"

ဝေယံသီချင်းဆိုပီးတော့သူတို့နှစ်ယောက်လူရှင်းတဲ့နေရာကိုထွက်ခဲ့လိုက်သည်။

"အဲ့တစ်ပုဒ်ထဲရတာပါ"

ဝေယံကနှင်း ဘက်ကိုလှည့်ပီးလက်ကိုကိုင်လိုက်သည်။

"နှင်း ကိုယ်လေအရင်တုန်းကပြောဖို့သတ္တိမရှိခဲ့ဘူး ဒါပေမဲ့အခုတော့ကိုယ်မင်းကိုလက်မလွှတ်နိုင်တော့ဘူး ကိုယ်မင်းကိုအရမ်းချစ်တယ်"

နှင်းပြုံးလိုက်လေသည်။

"အင်း နှင်းလဲကို့ကိုချစ်ပါတယ်"

နှင်း အပြောကြောင့်အံ့ဩပီးပျော်သွားသည်။

"နှင်း တကယ်ပြောတာလား"

"အွန်း"

သူနှင်း ကိုပွေ့ဖက်လိုက်လေသည်။

........
"မေ ဘာစားအုံးမလဲ မယူပေးမယ်လေ"

"တော်ပီ။ မေမစားနိုင်တော့လို့လမ်းလျှောက်ထွက်လိုက်အုံးမယ်"

"မ လဲလိုက်မယ်လေ"

"မ အကိုခန့်ကိုချစ်လား"

ကလေးမရဲ့အပြောကြောင့်သူတစ်ချက်စဉ်းစားမိသည်။သူတစ်ခါမှအဲ့အကြောင်းမစဉ်းစားဖူးဘူး။အကိုနဲ့စေ့စပ်တာလဲမေမေတို့သဘောတူလို့သာသူလက်ခံခဲ့တာ။

"မအထင်မချစ်ဘူး ထင်တယ်အကို့အပေါ်အကိုတစ်ယောက်ထက်တစ်ခါမှမပိုခဲ့ဘူးလေ"

မရဲ့အပြောရဲ့မေခရဲ့မျက်နှာမှာအပြုံးပန်းတွေဝေသွားခဲ့လေသည်။

"အဲ့တာဆိုရင် မေမှာကြိုးစားခွင့်ရှိလား"

"ဟင်ဘာကိုလဲ"

"မေ မကိုချစ်တယ်"

ကလေးမရဲ့စကားကြောင့်သူခြေလှမ်းတွေရပ်တန့်သွားလေသည်။မေ ကသူ့ကိုမျက်နှာချင်းဆိုင်လာသည်။

"မေ အစကမကိုမေ့ရဲ့idolတစ်ယောက်လိုဘဲချစ်တာလို့ထင်ခဲ့တာ ဒါပေမဲ့မနဲ့ရင်းနှီးပီးမှသေချာသိခဲ့တာ မေ မကိုချစ်သူတစ်ယောက်လိုချစ်တယ်"

"မေ မကမိန်းကလေးတစ်ယောက်နော်"

"မေသိတယ်မေချစ်နေတဲ့သူကမိန်းက​လေးတစ်ယောက်ပီးတော့စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာလဲသိတယ်"

Crush နဲ့နီးဖို့....Where stories live. Discover now