Unicode
တောက်.....
"စိတ်လျှော့ပါကွာ""ကျွန်မကဘယ်လိုစိတ်လျှော့ရမှာလဲသားကဟိုကောင်လေးနဲ့ပွေ့ဖက်ပီးနမ်းနေကြတာလေ"
ဦးဟိန်းခန့်စိတ်တိုနေတဲ့မိန်းမကိုကြည့်ပီးသားတို့အတွက်တော့မသက်သာဘူးဆိုတာသိလိုက်လေသည်။
"ဒါနဲ့ဟိုကောင်လေးကိုမြင်ဖူးနေသလိုဘဲဘယ်မှာပါလိမ့်"
"သားရဲ့အတွင်းရေးမှုးအကူလေမင်းခတဲ့နံမည်က"
"မင်းခဆိုတော့ နှင်းခရဲ့မောင်လေးလား"
"ဟုတ်တယ်"
"အဲ့တာကြောင့်မို့ကျွန်မပြောတာအဲ့ကလေးမကမယုံကြည်ရပါဘူးလို့အခုတော့ဘယ်လိုဖြစ်သွားပီလဲတွေ့လား"
"စိတ်ထိန်းပါကွာကိုယ်တို့သားလာမှသေချာမေးကြည့်ကြတာပေါ့"
.........
"နောက်နေ့မှတွေ့မယ်နော်ကိုကို""မခွဲချင်သေးဘူးကလေး"
သူ့ကိုဖက်ထားတဲ့ကိုကိုကြောင့်မင်းခဆင်းလို့မရသေးပေ။
"နောက်ကျနေပီလေကိုကိုကအဝေးကြီးပြန်ရအုံးမှာကိုလွှတ်တော့နော်"
မင်းခကပြောပီးတော့ကိုကို့ပါးလေးကိုနမ်းလိုက်သည်။ကိုကိုကနမ်းလိုက်မှလွှတ်ပေးတော့လေသည်။
"ပြန်တော့နော်bye bye"
"Bye Byeပါဗျ"
ဟိန်းခန့်ကလေးဝင်သွားတာကိုကြည့်ပီးမှကားထွက်ခဲ့လိုက်လေသည်။သူ့မျက်နှာကလဲခုနကမင်းခနဲ့တွေ့တုန်းကနဲ့မတူဘဲတည်တင်းသွားသည်။တစ်နေ့နေ့တော့မာမီသိသွားမှာမှန်းတွေးထားပေမဲ့မြန်လွန်းမယ်လို့တော့သူမထင်ပေ။ကလေးကိုထိခိုက်မှုမရှိအောင်တော့အတတ်နိုင်ဆုံးလုပ်ရမှာပေါ့။
———————
"အကိုလေး ဆရာကတော်ကပြောစရာရှိလို့အလုပ်ခန်းထဲလာခဲ့ပါတဲ့"ဟိန်းခန့်အိမ်ရောက်တော့ကောင်မလေးတစ်ယောက်ကပြောခဲ့သည်။
"အင်းငါသွားလိုက်မယ်"
"ဟုတ်ကဲ့"
ဟိန်းခန့်လဲဒယ်ဒီရဲ့အလုပ်ခန်းဆီသွားလိုက်သည်။
YOU ARE READING
Crush နဲ့နီးဖို့....
Romantizmပထမဦးဆုံးရေးတာမို့လို့အမှားပါရင်ခွင့်လွှတ်ပေးပါ🙏🏻 Hnin 🐉 Start-27/7/2023 Thursday End-27/10/2023 Friday