#Unicode
နန်းတွင်းပုန်ကန်မှုကြီးတွင် ထောင့်စေ့စွာစီမံတိုက်ခိုက်နိုင်ခဲ့တဲ့ အိမ်ရှေ့စံ Jeon Jungkookက အသာစီးရပြီးအနိုင်ရရှိခဲ့သည်။ ပုန်ကန်သူတွေတချို့တစ်ဝက်ကို အပြတ်ရှင်းနိုင်ခဲ့သလို တချို့ကိုလဲ မသတ်ဘဲ အရှင်ဖမ်းဆီးနိုင်ခဲ့၏ ။
"မင်းကြီး နတ်ရွာစံသွားပါပြီ အိမ်ရှေ့စံ"
သမားတော်ကြီး၏စကားကြောင့် အိမ်ရှေ့စံသည် လက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်မိသည် ။ အဆိပ်မိထားတဲ့ ခမည်းတော်ရဲ့အသက်ကို ရအောင်မကယ်နိုင်ခဲ့ပေ။ သားတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့အသက်ကိုတောင် မကာကွယ်နိုင်ခဲ့သည်မို့ ယူကျုံးမရဖြစ်ရသည် ။ ၁၀ နှစ်အကြာ ခွဲခွာခဲ့သည်က အခုလိုအဆုံးသတ်ကို သူ ရချင်ခဲ့တာမဟုတ်...
"မယ်မယ့်ကို သေချာသက်သာအောင်ကုသပေးပါ ။ ခမည်းတော် နတ်ရွာစံတာကို မယ်မယ်မသိပါစေနဲ့"
Jungkook နေရာကနေလှည့်ထွက်လာခဲ့လိုက်သည် ။ သူအခုချိန်မှာ ခမည်းတော်ရဲ့ရုပ်အလောင်းကိုကြည့်ဖို့အတွက်လဲ သတ္တိမရှိပေ ... သူရှက်ရွံ့နေမိ၏ ။
"အိမ်ရှေ့စံ ... သခင်လေး Jeon Taehyungသတိရပါပြီ"
အထိန်းတော်ဂျူ၏စကားကြောင့် Jungkook မျက်ရည်တွေကြားကနေပြုံးကာ Taehyung၏ခန်းဆောင်ဆီသို့ ပြေးလွှားသွားမိ၏ ။
"ခြူလုံးလေး..."
Jungkook ဝမ်းသာအားရနှင့်ခေါ်လိုက်သည်။သို့သော်လည်း ခြူလုံးလေးက သူ့ကိုမြင်တာနှင့်ကြောက်လန့်ကာ အိပ်ရာ၏ထောင့်စွန်းအထိကပ်သွားသည် ။
"ကိုယ်တော့်ကိုမကြောက်ပါနဲ့ ... ကိုယ်တော်က ခြူလုံးလေးကိုအန္တရာယ်ပြုမယ့်သူမဟုတ်ဘူးလေ ... နော်"
Jungkook ချော့မော့ကာ တစ်လှမ်းခြင်းတိုးနေမိသည် ။
"ဟင့်အင်း !! မလာပါနဲ့!! ကျွန်တော် မင်းသားကိုကြောက်တာမို့မလာပါနဲ့!! ကျွန်တော်ကြောက်လို့ပါ..."
အော်ဟစ်ငိုယိုနေတဲ့ Taehyungရဲ့ပုံစံကိုကြည့်၍ Jungkook ၏ရင်ဘက်ထဲက စူးအောင့်သွားသည် ။
အချိန်တွေပြောင်းလဲသွားခဲ့သလိုမျိုး လူတွေကလဲပြောင်းလဲသွားတတ်ကြတာမျိုးလား။
အဲ့ဒီပြောင်းလဲမှုထဲတွင် ခြူလုံးလေးမပါဖို့တော့ သူမျှော်လင့်ခဲ့မိသေး၏။
YOU ARE READING
ဧကရာဇ်၏ ခြူလုံးလေး(Completed)
Historical FictionJEON JUNGKOOK X KIM TAEHYUNG # Historical Type Start date-19.9.2023 End date-21.11.2023