#Unicode
Taehyung၏ စကားကြောင့် Jungkook စွန့်အသွားခဲ့သည် ။ ထွက်သွားခွင့်ပြုပါတဲ့လေ...
"ခြူလုံးလေး.."
အဲ့ဒီစကားကို ခြူလုံးလေးရဲ့ပါးစပ်ကနေထွက်လာတာကြောင့် ဝမ်းနည်းရသည်၊ နာကျင်ရသည် ။ ငယ်ငယ်ကတည်းက သူ့ကိုသာခင်တွယ်ခဲ့ပြီး သူတစ်ယောက်သာရှိခဲ့သည့် ခြူလုံးလေးက အခုတော့ သူ့အရိပ်အောက်ကနေ ထွက်သွားချင်သည်တဲ့လေ ။
"Jeon Taehyung ... မင်းဘာလို့ အဲ့ဒီစကားကိုပြောထွက်တာလဲ ။ ကိုယ်တော်မင်းကို ဘယ်လောက်တောင်ချစ်လဲဆိုတာ မင်းမသိဘူးလား ။ ဘာကြောင့် အဲ့ဒီစကားကို အလွယ်တကူပြောထွက်တာလဲ .. ဟမ်!"
လိုချင်လွန်းလို့ ၊ ချစ်မြတ်နိုးရလွန်းလို့ တစ်ပါးသူလက်ထဲကနေ ဝယ်ယူပြီး Jeon Taehyung ဆိုတဲ့ဖြစ်တည်မှုကိုပေးခဲ့တာ။
"ကျွန်တော်မျိုး နေနိုင်တော့မယ်မထင်ဘူး ။ ညီအစ်ကိုတွေရဲ့သွေးတွေစွန်းထင်ထားတဲ့အရှင့်ကို ဘယ်လောက်တောင်ကြောက်နေမိလဲဆိုတာ အရှင်သိရဲ့လား... ၁၀နှစ်လုံးလုံး စောင့်စားခဲ့တာက အရှင့်ရဲ့အဲ့ဒီပုံစံကို မြင်တွေ့ရဖို့မဟုတ်ဘူး"
ခြူလုံးလေးရဲ့စကားတွေက သူ့ရင်ကိုခွဲနေသလိုပင် ...
အဲ့ဒီလိုပုံစံကိုမြင်တွေ့ရဖို့မဟုတ်ဘူးတဲ့လား...
သူကရော အခုလိုတွေဖြစ်ချင်ခဲ့တာမှမဟုတ်ဘဲ ...
မိသားစုတွေရဲ့ တွန်းလှန်ပုန်ကန်မှုကို သူလိုချင်ခဲ့တာမှမဟုတ်ဘဲ ...
သူကိုယ်တိုင်လဲ အဆမတန်နာကျင်ရသည်။"ဖြစ်ခဲ့သမျှအရာအားလုံးကလဲ ကိုယ်တော့်အတွက်တော့ အိပ်မက်ဆိုးတစ်ခုပါပဲ ။ ကိုယ်တော် ဘယ်လောက်တောင်နာကျင်ခဲ့ရတယ်လို့ ထင်လဲ ! ဒီကြားထဲ အခုလို မင်းကပါထွက်သွားမယ်ဆိုရင် ကိုယ်တော်တကယ်ပဲ ရူးတော့မယ်ထင်တယ်"
Taehyung ဘာစကားမှပြန်မပြောနိုင်ပေ..
နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်မိသည်။"ဒီကလေးကိုခေါ်ပြီး ထွက်သွားမယ်ဟုတ်လား! ကိုယ်တော်သာ ဆန္ဒရှိရင် အဲ့ဒီကလေးကိုပါ သတ်လို့ရတယ်ဆိုတာ မင်းမမေ့နဲ့ Jeon Taehyung ..."
ကလေးငယ်ရဲ့မိဘတွေဖြစ်တဲ့ စစ်သူကြီး Choi နှင့် မင်းသမီးJeon Soo Ahက သူ့ကိုသစ္စာဖောက်ပြီး ပုန်ကန်မှုတွင် ထိပ်ဆုံးကပါဝင်ခဲ့သည် ။ သွေးသားဆိုတဲ့အသိကြောင့် ခွင့်လွှတ်ပေးချင်ခဲ့ပေမယ့် သစ္စာဖောက်မှုကို Jungkook ဘယ်လိုမှ ခွင့်မလွှတ်နိုင်ခဲ့ပေ ။
စစ်သူကြီး Choi က တိုက်ပွဲမှာတင် သေဆုံးခဲ့ပြီး Jeon Soo Ahကတော့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရသည့် ပြစ်ဒဏ်ကိုခံခဲ့ရသည် ။
ဂိုလျောရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင် ပုန်ကန်သူတို့ရဲ့ သွေးသားကို ကွပ်မျက်ခွင့်ရှိသည် ။ သို့ပေမဲ့ Jeon Taehyung၏ တားမြစ်မှုကြောင့်ပဲ ကလေးငယ်က အသက်ချမ်းသာခဲ့ခြင်း ....
YOU ARE READING
ဧကရာဇ်၏ ခြူလုံးလေး(Completed)
Historical FictionJEON JUNGKOOK X KIM TAEHYUNG # Historical Type Start date-19.9.2023 End date-21.11.2023