Part 6

9.8K 953 88
                                    

#Unicode

"ဘာဖြစ်လို့လဲသားတော် ။ တခြားအရပ်မှာ ပညာတော်သင်သွားဖို့ကို ဆန္ဒမရှိလို့လား"

မယ်တော် Eun Jin၏အမေးကြောင့် Jungkookခေါင်းကို အသာအယာရမ်းပြလိုက်သည် ။ ပညာတော်သင်သွားဖို့အတွက် ဆန္ဒမရှိတာမဟုတ်ဘဲ ခြူလုံးလေးနဲ့ခွဲဖို့အတွက် အဆင်သင့်မဖြစ်သေးတာဖြစ်၏ ။
ပညာတော်သင်က ၅နှစ် ဒါမှမဟုတ် ၁၀နှစ်ကြာနိုင်တာကြောင့် ခြူလုံးလေးကြီးပြင်းတာကို သူမြင်ခွင့်မရှိတော့ဘူးမဟုတ်လား ။

"ပညာတော်သင်ကိုသွားမှာပါ .. ဒါပေမဲ့ ကျွန်ုပ် ကတိတစ်ခုလိုချင်တယ် မယ်မယ်"

"ပြောပါ .. သားတော်တောင်းဆိုတဲ့ ဘယ်ကတိကိုမဆို မယ်မယ်ကပေးမှာပါ"

Jungkook သူ၏မယ်တော်ကိုသေချာကြည့်လိုက်ပြီး

"Jeon Taehyung ကိုသေချာဂရုစိုက်ပေးပါ။သူ့ကို မှဲ့တစ်ပေါက်တောင်မစွန်းပါစေနဲ့ ... ကျွန်ုပ် ဧကရာဇ်ဖြစ်တဲ့အခါ Jeon Taehyungက ဧကရီဖြစ်ရမှာမို့"

အိမ်ရှေ့စံ၏စကားကို Eun Jin အံ့သြမနေပါ။အိမ်ရှေ့စံက Jeon Taehyung အပေါ် သာမန်မဟုတ်တဲ့ခံစားချက်တွေထားနေခဲ့တာကို သူမ သိပြီးသားပင် ။
အဲ့ဒီအတွက်လဲ လက်မခံစရာမရှိ ...
Jeon Taehyung ဆိုတာ အိမ်ရှေ့စံ၏လက်ပေါ်မှာတင် ကြီးပြင်းလာခဲ့ပြီး အိမ်ရှေ့စံကိုယ်တိုင် ထိန်းကျောင်းထားတဲ့ ကလေးတစ်ယောက် ။

ယောက်ျားလေးတစ်ယောက်ဖြစ်နေတာကလွဲလို့ ဧကရီဖြစ်ဖို့အရည်အချင်းရှိသည် ။
စိတ်သဘောထား နူးညံ့တယ် ၊ ပြီးတော့ ပန်းလေးတစ်ပွင့်လို လှပတယ် ။
ဉာဏ်ပညာထက်မြတ်ပြီး လက်မှုပညာတွေမှာလဲ ထူးချွန်တယ် ။
အရေးကြီးဆုံးတစ်ချက်က အိမ်ရှေ့စံကို ထိန်းချုပ်နိုင်တယ် ။ထိုအချက်ကြောင့်လဲ Eun Jin လက်ခံမိတာဖြစ်သည် ။
အိမ်ရှေ့စံ လမ်းမှားမရောက်ဖို့အတွက် ဧကရီကထိန်းသိမ်းပေးဖို့လိုသည်လေ။

အိမ်ရှေ့စံကလဲ မယ်တော်ဖြစ်သူရဲ့စကားကလွဲပြီး တခြားသူရဲ့စကားတွေကိုနားမဝင်ပေမယ့် Jeon Taehyung ပြောလျှင်တော့ရသည် ။ Jeon Taehyung က သူမလိုမျိုး အရည်အချင်းရှိ၏ ။

"မယ်မယ်ကတိပေးပါတယ် ။ Jeon Taehyung ကိုသေချာဂရုစိုက်ထားပေးမယ်။ သားတော် နန်းတက်တာနဲ့ Jeon Taehyung က သားတော်ရဲ့ ဧကရီဖြစ်ရမယ်"

ဧကရာဇ်၏ ခြူလုံးလေး(Completed)Donde viven las historias. Descúbrelo ahora