#Unicode
"ဆန်းယန်ဘုရင်နဲ့ မိဖုရားက ဂိုလျောကိုလည်ပတ်မယ်တဲ့လား"
ထိုကိစ္စကို ညီလာခံတွင် စတင်ဆွေးနွေးရတော့သည် ။ဤကိစ္စက သွေးရိုးသားရိုးတော့မဖြစ်နိုင် ...
ဂိုလျောနှင့် ဆက်ဆံရေးမပြေလည်သည့် ဆန်းယန်က အလည်အပတ်လာမည်ဆိုတာထူးဆန်း၏ ။
အကြံအစည်တစ်ခုခုတော့ ရှိလိမ့်မည်ထင်သည် ။"မင်းကြီး .. သူတို့လာမယ်ဆိုရင်လဲ ကျွန်ုပ်တို့ဘက်က ဧည့်ဝတ်ကျေပွန်မှရပါလိမ့်မယ် ။ဒါမှလဲ ဂိုလျောရဲ့အမှား မဖြစ်မှာပါဘုရား"
အမတ်ကြီးလျှောက်တင်သည်က အကျိုးအကြောင်းသင့်လျော်သည်မို့ ဧကရာဇ် Jeonသည် ခေါင်းတစ်ဆက်ဆက်ငြိမ့်ရင်း ထောက်ခံလိုက်၏ ။
"လိုအပ်တဲ့ ကာကွယ်ရေးတွေကို စစ်သူကြီးကတာဝန်ယူဆောင်ရွက်ပါ ။ ဆန်းယန်စစ်တပ်ကိုလဲ စောင့်ကြည့်ဖို့မမေ့နဲ့"
ယုံကြည်ရတဲ့ စစ်သူကြီးကို ဧကရာဇ် Jeon အမိန့်ပေးလိုက်သည် ။
ထိုအခါ စစ်သူကြီးကလဲ ဒူးထောက်ခစားကာ အမိန့်တော်ကိုနာခံ၏ ။"နန်းတွင်းရဲ့ လုံခြုံရေးကိုလဲနှစ်ဆတိုးမြှင့်ထားပါ"
အားလုံးက တစ်ညီတစ်ညာတည်းဖြင့် နာခံကာ ဧကရာဇ်Jeonအား အရိုအသေပေးကြလေ၏ ။
ဤသို့ဖြင့် ညီလာခံက ပြီးဆုံးသွားခဲ့သည်။---
"အရှင် လက်မခံတဲ့ကိစ္စကို ကျွန်တော်မလုပ်ရဲပါဘူး မယ်မယ်"
အရှင့်ရဲ့သွေးသားကို လွယ်မွေးချင်တယ်ဆိုပေမယ့် အရှင်လက်မခံသည့်ကိစ္စကို Taehyung မလုပ်ရဲ ...
အရှင်စိတ်ဆိုးသွားမှာကို သူကြောက်သည်။"Taehyung .. ဧကရီ.. မင်းက Jeon Jungkookရဲ့အချစ်ရဆုံးသူတစ်ယောက်ဖြစ်သလို ဂိုလျောရဲ့ မျှော်လင့်ချက်ပဲ ။ မင်းတာဝန်ယူရမယ့်ကိစ္စတွေရှိတယ် ။ နောက်ပိုင်းကျ ရင်သွေးကိစ္စနဲ့ အရှုပ်အယှက်တွေဖြစ်လာနိုင်တယ် ... မင်းက ယောက်ျားလေးမို့ဆိုတဲ့ စကားတစ်ခုတည်းနဲ့ မင်းကို ထိုးနှက်ကြလိမ့်မယ် ။အဲ့ဒီအခါကျရင် မင်းကြီးကိုလဲ ပုန်ကန်မှုတွေဖြစ်လာပြန်အုံးမယ်"
ပုန်ကန်မှုဆိုတဲ့စကားကြောင့် Taehyung တုန်လှုပ်ရသည် ။ အဲ့ဒီ ပုန်ကန်မှုဆိုတာကြီးကို Taehyung သိပ်ကြောက်၏ ... ထပ်ပြီး ကြုံတွေ့လာမှာကိုလဲ မလိုလားပါပေ။
YOU ARE READING
ဧကရာဇ်၏ ခြူလုံးလေး(Completed)
Historical FictionJEON JUNGKOOK X KIM TAEHYUNG # Historical Type Start date-19.9.2023 End date-21.11.2023