အပိုင်း-၁၇

6.5K 234 9
                                    

တစ်နေ့တွင် အမရာ့ကိုအလယ်တန်းကကောင်မလေးတစ်ယောက်ကရည်းစားစာလာပေးသည် အမရာလည်းအားနာလို့ယူထားလိုက်တာကိုတီချယ်မေသိသွားပြီးပြဿနာရှာတော့သည်

"အမရာမင်းအဲ့ကလေးမကိုကြိုက်နေတာလား
ကြိုက်ရင်ငါကိုယ်တိုင်အောင်သွယ်ပေးမယ်"
"တီချယ်ကလည်းဒီလောက်ရှင်းပြနေတာကို"
"ကြာလာတော့ဒီလိုဖြစ်မယ်ဆိုတာသိတယ်"
"မဟုတ်ပါဘူးအဲ့လိုမျိုးမဟုတ်ပါဘူး အမရာကရှင်းပြနေတာကိုတီချယ်ကယုံမှမယုံတာ"
"ဒါဆိုယုံအောင်နေလေ ဘာလဲအီစီကလီလုပ်ချင်နေတာလား"
"တီချယ်ရာ မဟုတ်ပါဘူးဆို"
"မယုံဘူး"
"ဟော ဘယ်လိုပြောရပါ့မလဲ"
"ဘယ်လိုမှမပြောနဲ့ ငါ့အိမ်လည်းမလာနဲ့ စကားလည်းလာမပြောနဲ့ ဖုန်းလည်းမဆက်နဲ့ အခုလည်းပါးစပ်ပိတ်နေ လျှာမရှည်နဲ့စိတ်တိုနေတယ် ဘာမှမလုပ်ချင်ဘူး"
"ဟုတ်ကဲ့ဟုတ်ကဲ့"
"ရွဲ့တာလား"
"တီချယ်နော် စိတ်မရှည်ချင်တော့ဘူး"
"ဘယ်တုန်းကသတ္တိတွေရှိလာတာလဲ ပြန်ခံပြောတတ်နေပြီပေါ့ အားကိုးရှိနေပြီလား"
"မရှိပါဘူး"
"သေချာလား"
"သေချာတာပေါ့"
"ကောင်းကောင်းပြောလေ"
"ဟုတ်ကဲ့ အားကိုးလည်းမရှိပါဘူးရှင့် ရည်းစားလည်းမရှိပါဘူးရှင့် တစ်စုံတစ်ဦးဆီကအဖြေကိုစောင့်မျှော်နေတာပါရှင့်"
"အေး ဒါဆိုတို့သွားပြီ"
"ဟိတ် တီချယ်ရေ ချစ်တယ်လို့"
"အမရာမောင်!"
"အား... သေပါပြီ"
"တကယ်စိတ်တိုလာပြီနော်"
"ဒါဆိုခုနက စနေတာပေါ့နော်"
"မင်းကွာ တော်ပြီ"
"စတာကို သွား သွားတီချယ်"
"ပီးရော"

အမရာမောင် တီချယ်မေဇင်သွယ်နဲ့စကားပြောပြီး တီချယ်ကြွယ်ရောက်လာခဲ့သည်
"တီချယ်ကြွယ်"
"အေးသမီး ပြောလေ"
"မဟုတ်ဘူးလေ သမီးမေးရမှာလေ"
"ဟုတ်သား မနက်ဖြန်ဘုရားသွားချင်လို့လိုက်ပို့ပါလား"
"တီချယ့်အမျိုးသားကရော"
"သူအလုပ်ကိစ္စကြောင့်ခရီးထွက်ရမှာမို့"
"သမီးကလိုက်တာကလိုက်ပေးလို့ရတယ် ဒါပေမဲ့ခွင့်ပြုချက်ယူရအုံးမယ်"
"ဘယ်သူ့ဆီက"
"ဟိုအပျိုကြီးဆီကလေ"
"အော် အဲ့လောက်တောင်ဖြစ်နေကြပြီလား"
"မဟုတ်ပါဘူး ဒီတိုင်းပါတီချယ်"
"ဒါဆိုလဲရှည်ရှည်ဝေးဝေးမပြောတော့ဘူး သမီးငယ် မင်းကိုတို့ချစ်တယ် တို့မှာအမျိုးသားရှိတယ်ဆိုတာလည်းသိတယ် ဒါပေမဲ့ချစ်မြဲချစ်နေဆဲပါ ယုံတယ်မလားဟင်"
"ရှင်"
"အံ့သြသွားလား"
"အရမ်းပဲ တီချယ်"
"အင်း မြိုသိပ်ထားရတာပင်ပန်းနေပြီကွယ်"
"တီချယ်ပြောတာနောက်ကျနေပြီဆိုတာသိရဲ့လားဟင်"
"အချိန်ဆိုတာလူလုပ်တာလေ သမီးရဲ့"
"သမီးလည်းအရင်ကတီချယ့်ကိုချစ်ခဲ့တယ် ဒါပေမဲ့အခုချစ်လို့မရတော့ဘူး"
"မေဇင်သွယ့်ဆီကအဖြေတောင်းထားလို့လား"
"ဟုတ်ကဲ့"
"သမီးသာတီချယ့်ကိုလက်ခံပေးလေ တီချယ်အဲ့ကိစ္စကိုအပြတ်ဖျက်ပေးမယ်"
"တီချယ်သမီးကိုအထင်သေးရာမရောက်ဘူးလား သမီးကလူတစ်ယောက်ကိုလွယ်လွယ်နဲ့မချစ်တတ်သလို လွယ်လွယ်မစွန့်လွှတ်တတ်ဘူးတီချယ်"
"တီချယ့်ဘက်ကိုတွေးကြည့်ပေးအုံးလေ"
"ဒါဆို တီချယ်ရောအရင်ကသမီးဘက်ကိုငဲ့ကြည့်ဖူးလား အရာရာသမီးပဲရှူံးခဲ့တာလေ တီချယ်နိုင်ပါတယ်"
"မဟုတ်ဘူး တီချယ် လက်ထပ်ခဲ့တယ်ဆိုတာကလည်း အိမ်ကအတင်းစေ့စပ်လို့ မဖြစ်မနေယူလိုက်တာ"
"ဟင့်အင်းမယုံဘူး ဒါပေမဲ့တီချယ်ချစ်ခဲ့တယ်မလား"
"အင်းချစ်ခဲ့တယ် ဒါပေမဲ့သမီးကိုလိုချင်တယ် ပိုင်ဆိုင်ချင်တယ် သမီးငယ်တီချယ်နဲ့ပဲပြုံးပျော်နေတာပဲလိုချင်တယ်"
"တီချယ်အတ္တကြီးသွားသလိုမဖြစ်ဘူးလား"
"သိတာပေါ့သိတယ် ဒါပေမဲ့ချစ်တဲ့စိတ်ကဖုံးလွှမ်းနေရင်ဘာမှလုပ်လို့မရဘူးကွယ့်"
"သမီးစဥ်းစားပါရစေအုံးတီချယ် သွားလိုက်ပါအုံးမယ်"
"ကောင်းတဲ့အဖြေပဲကြားချင်ပါတယ်"

အမရာတစ်ယောက်ခေါင်းရှုပ်နေ၏
တီချယ်ပန်းနုကြွယ်သည်မေဇင်သွယ့်ဆီဖုန်းဆက်နေသည်
တစ်ဖက်တွင်သွယ့်မှာလည်း ကလေးငယ်ကိုတွေးပြီးဒေါသထွက်နေသည်
"ဟလို ညီမလေး"
"ဟုတ်ကဲ့ပြောပါ"
"ညီမ အိမ်ထောင်မပြုတော့ဘူးလား"
"ညီမအဲ့တာတွေစိတ်မဝင်စားတော့ဘူးမမ"
"အမ ရှင်းရှင်းပဲပြောမယ် အမရာမောင်နဲ့ဝေးဝေးနေပေးပါ"
"ညီမတို့ကရိုးရိုးသားသားပါ"
"ဒါပေမဲ့ပတ်ဝန်ကျင်ဆိုတာရှိတယ်လေ ဆရာနဲ့တပည့် ပွတ်သည်းပွတ်သပ်နေစရာလိုလား"
"လွန်မလာပါနဲ့ မမကြွယ်"
"တောင်းပန်တယ် အမဒေါသထွက်သွားလို့"
"တော်ပြီဒါပဲ ဆက်ပြောရင်ညီမလည်းစိတ်တိုမိလိမ့်မယ်"

သွယ်ကလေးငယ်ကိုမစွန့်လွှတ်နိုင်ဘူး သွယ့်ရဲ့ဂုဏ်သိက္ခာဟာလည်းသွယ့်အတွက်အလွန်အရေးပါသည် မောင်ရယ်တို့စိတ်ညစ်လိုက်တာ ဘာကိုရွေးချယ်ရမှန်းမသိတော့ပါဘူးကွယ်
တို့ကြောင့်မင်းပြောင်းလဲလာတာလေးတွေ့ရလို့ဝမ်းသာမိတယ် ဒါပေမဲ့လည်း ကံတရားပေါ့ကွယ်

အမရာမောင်ဟာလည်းတီချယ်မေ့ကိုချစ်သည် တီချယ်ကြွယ့်ကိုဆရာမတစ်ယောက်လိုအန်တီတယောက်လိုပဲချစ်သည်
မမမေရယ်ချစ်တယ်ဗျာ မောင်ဟာမမမေရဲ့အပြုံးလေးကိုတစ်နေ့မတွေ့ရမနေနိင်ဘူးဗျ

အရာအားလုံးကိုထားခဲ့ပြီးမင်းဆီကိုလာမှာ တီချယ်ကလေမင်းကိုအရမ်းချစ်တယ် တီချယ့်အမျိုးသားနဲ့အမြန်ဆုံးကွာရှင်းပြီးမင်းဆီလာခဲ့မယ် သမီးငယ်လေးရယ် တီချယ်ကသမီးငယ်ကိုအရမ်းမြတ်နိုးမိပါရဲ့ကွယ်...။



#တီချယ်နဲ့သိပ်အဆင်မပြေလို့နည်းသွားတယ်#syll#Mayshinthant#ဘယ်သူနဲ့ညားမလဲခန့်မှန်းကြည့်ကြပါအုံး

"မြတ်နိုးရပါသောတီချယ်"Where stories live. Discover now