နောက်တစ်နေ့မနက်တွင် အမရာမောင်တစ်ယောက် စောစောထပြီး ဘုရားသာရှိခိုးနေမိတော့တယ်
အင်း ငါချစ်တဲ့သူပျော်အောင် ငါဆုရမှဖြစ်မယ် ဖိုက်တင်းအမရာ ဖိုက်တင်း...တို့ရဲ့သမီးငယ်လေး ဖြေနိုင်ပါစေ သူ့သွားခေါ်ရင်ကောင်းမလား
"ဟလို သမီး"
"အော်ဟုတ်ဆရာမ"
"သမီးကျောင်းသွားတော့မှာလား"
"မသွားသေးဘူးဆရာမ"
"ဒါဆို စောင့်နေနော် ဆရာမလာခေါ်မယ်"
"ဟုတ်ဟုတ်"
တီချယ်ကြွယ်ဘာဖြစ်လို့လဲမသိဘူး ငါကရောသူဒါလေးခေါ်တာကို ပါးစပ်စိမရဖြစ်နေဘီ ဟာဘာလဲ ငါ့ဟာငါလဲမသိတော့ဘူး"သမီးရေ နင့်ဆရာမအောက်မှာရောက်နေတယ်"
"ဟုတ်မေမေ လာပြီ"
အမရာလဲ လိုအပ်တာလေးတွေထည့်ပြီးထွက်လာခဲ့လိုက်တယ်
"သမီး ပြီးသွားပြီလား"
"ပြီးပြီမေမေ ဆရာမသွားကြမယ်လေ"
"အင်း သွားပြီနော်အမ"
"အေးအေး ဂရုစိုက်သွားကြအုံးကွယ်"ဆိုင်ကယ်ပေါ်တွင်နှစ်ယောက်လုံးတိတ်ဆိတ်နေမိခဲ့တယ် တစ်ခဏအကြာတွင်ဆိုင်တစ်ဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်သောအခါ
"ဆရာမ ဘာလုပ်မလို့လဲ"
"သမီးနဲ့အေးအေးဆေးဆေးစကားပြောချင်လို့"
ကြွယ် သမီးငယ်နဲ့အရင်လိုရင်းရင်းနှီးနှီးပြန်နေချင်တာမို့သမီးလေးကိုအမှန်အတိုင်းပြောပြလိုက်ရင်ကောင်းမလား မဖြစ်သေးပါဘူးလေ
ဆိုင်ထဲတွင်
"လာ သမီးထိုင် ဘာစားမလဲ"
"သမီး coffeeပဲသောက်မယ်ဆရာမ"
"black coffeeပဲလား"
"ဟုတ်ကဲ့ ဒါနဲ့ဆရာမဘာပြောမလို့လဲဟင်"
"သမီး ဆရာမကိုတီချယ်လို့ပဲပြန်ခေါ်ပါလား"
"အခုလဲအဆင်ပြေတယ်လေဆရာမရဲ့"
"မဟုတ်ဘူး သမီးကအသစ်ရောက်တာမှမကြာသေးတဲ့ဆရာမကျတော့တီချယ်ခေါ်ပြီး တို့ကိုကျတော့ ဟင့်"
တီချယ်ကြွယ် မျက်ရည်တွေဝေ့တက်လာတာမြင်ရတော့ အမရာစိတ်မကောင်းပါ အခုဘာလုပ်ရမလဲသာစိတ်ထဲရောက်နေမိတော့တယ်"ဟုတ်သမီးအဲ့လိုပြန်ခေါ်မယ်နော် မငိုပါနဲ့"
"တကယ်လား"
"တကယ်ပေါ့"
"အဲ့တာဆို ခေါ်ကြည့်"
"နောက်မှအေးဆေးခေါ်မယ်လေ"
"အခုကရောမအေးဆေးလို့လား"
"တီချယ်"
"ရှင်"
"တီချယ်လို့"
"ရှင်လို့"
"ဟားဟား တီချယ်အရူးလေး"
"ဘာပြောတယ် သမီးနော်"
"စတာပါနော် ဘာလဲထပ်မန်မလို့လား"
"မမန်တော့ဘူး စာတွေပိုင်ပြီလား"
"ပိုင်ပြီပေါ့ တီချယ်ရဲ့"
"သမီးကို တီချယ်မေဖုန်းခေါ်လို့ခနနော်"
"အင်းရတယ် အေးဆေးပြော"
ကြွယ်သမီးငယ်လေးကအရင်လိုပြန်ခေါ်ပြောလို့တော်သေးရဲ့ ဒါပေမဲ့မေဇင်သွယ်နဲ့သူ့ကိုခွဲရမယ် ဘာတွေပြောနေလဲသိချင်လိုက်တာကွယ် ကျောပြင်လေးပဲမြင်နေရတော့တစ်မျိုးပဲရယ်
YOU ARE READING
"မြတ်နိုးရပါသောတီချယ်"
عاطفية"တီချယ် မောင့်ကိုချစ်လား" "အင်းချစ်တယ်" "ခွင့်ပြုပေးမလား" "တို့အဆင်သင့်မဖြစ်သေးဘူးထင်တယ်မောင်" "ဘာလို့လည်းဟင်" "တို့ကြောက်တယ်ကွယ်"