"အမရာတီချယ်တို့ပြန်ကြမယ်လေ အချိန်ကိုကြည့်အုံးအစည်းအဝေးတက်ရအုံးမှာ"
"မပြန်ဘူး ဘယ်မှလည်းမသွားခိုင်းဘူးအခုမှတွေ့ရတာကို
တီချယ်ကလဲ"
"မလဲဘူးထိုင်နေတာ"
"ရတယ်လေ ဒါဆိုလည်းဖက်ထားမယ်"
"မင်းဘာဖြစ်နေတာလဲ"
"လွမ်းလို့လေ မကြိုက်လို့လား"
"တို့လည်းလွမ်းပါတယ် ဒါပေမဲ့ မင်းအရမ်းပိုလွန်းနေတယ်"
"မပိုပါဘူးဖြစ်နိုင်ရင်ခေါ်ထားချင်တာ အတူတူနေချင်တာလေ"
"တစ်နေ့တော့ဖြစ်လာမှာပေါ့"
"ဒါဆိုဘယ်တော့အဖြေပေးမှာလဲ"
"အဖြေတောင်းတာအဲ့လေသံနဲ့လား"
"မဟုတ်ရပါဘူးဗျာ တီချယ့်ဆီကအမရာကလေအဖြေလေးလိုချင်လို့ပါနော် ပေးပါနော်"
"နောက်လတို့ရန်ကုန်ထပ်လာခဲ့မယ် အဲ့ကျပေးမယ်"
"ဟာ လိုသေးတယ်"
"မစောင့်နိုင်တော့တာလား မစောင့်လည်းရတယ်မပေးဘူးနော်"
"စိတ်ကြီးပဲ စောင့်မှာပေါ့နှစ်တွေအကြာကြီးတောင်စောင့်ခဲ့တာပဲဟာကို"
"ပီးရော"
"တီချယ် လူရှင်းတဲ့နေရာခဏသွားရအောင်"
"မင်းဘာလုပ်မလို့လဲ"
"ခဏလေးဖက်ထားချင်လို့လေ လွမ်းနေရတာဆိုတော့"
"မင်းဟာက မများလွန်းဘူးလား"
"နည်းနည်းလေး"
"မသွားဘူးမလိုက်ဘူး သွားချင်ရင်ကိုယ့်ဟာကိုယ်သွား"
"အဲ့လိုမလုပ်နဲ့လေ အမရာကတီချယ့်ကိုဖက်ချင်တာ တီချယ့်ထားခဲ့လို့ဘယ်ဖြစ်မလဲ"
"No ပါအမရာရယ်"
"အခုတော့အမရာပေါ့ ဟိုးအရင်က မောင်လို့ခေါ်လိုက်ကလေးလို့ခေါ်လိုက်နဲ့"
"ဘယ်လိုခေါ်ခေါ်ပေါ့လျှာမရှည်နဲ့"
"တီချယ်ရယ်လိုက်ခဲ့ပါ"
"ဟင့်အင်းပဲ"
"ဒါဆိုလည်းအခုဖက်ထားမယ်ဗျာ"
"ဘာလုပ်တာတုန်း လွှတ်စမ်း"
"လွှတ်ဝူး လွှတ်ဝူး"
"အရမ်းတွေဖြစ်နေတာလား လွမ်းလို့ထက်အသားယူနေတာမလား"
"ဟိဟိ"
"အသံက ရိုက်သတ်ချင်စရာ"
"ကိုယ့်အချစ်လေးကိုအဲ့လိုမပြောနဲ့လေ"
"အရူး"
အမရာမောင်နှင့်တီချယ်သည်အလွမ်းသည်နေကြသည် တီချယ်သွယ်ဟာလည်းအစည်းအဝေးကိုမတတ်ဖြစ်ခဲ့ နောက်မှပြန်မေးလိုက်မယ်ဆိုပြီးအမရာနဲ့အချိန်ဖြုန်းနေလိုက်သည်
တစ်ယောက်နဲ့တစ်ယောက်စကားတွေပြောပြီး တီချယ်သွယ့်ကိုအမရာ့အဆောင်ခေါ်လာမိသည် တီချယ့်ကိုနေ့ချင်းပြန် မပြန်စေချင် ပင်ပန်မှာစိုး၍အမရာနေသောအဆောင်ကိုခေါ်လာခဲ့ခြင်းဖြစ်သည် အဆောင်မှူးကိုပြော၍ အခန်းထဲသို့ဝင်လာသောအခါ တီချယ်ပန်းနုကြွယ်ဟာအမရာ့ကုတင်ပေါ်မှာစာဖတ်နေသည် တီချယ်သွယ်ဟာပြုံးပြုံးရွှင်ရွှင်ဖြစ်နေပေမဲ့ တီချယ်ကြွယ့်ကိုတွေ့လိုက်တော့ရုပ်တည်သွားသည်
တီချယ်ကြွယ်ဟာလည်းလူကြီးဖြစ်သောကြောင့်အလျော့ပေး၍ တီချယ်မေ့ကိုနှုတ်ဆက်သည်
"ညီမလေး မတွေ့ရတာတောင်ကြာပြီ"
"ဟုတ်ပါ့မမကြွယ်ရယ် မမရောဘာလာလုပ်တာလဲ"
"အမရာ့ဆီလာတာလေ မမကတစ်ပတ်တစ်ခါလောက်လာဖြစ်တယ်လေ"
"အော်အဲ့တာကို အမရာ တို့ပြန်တော့မယ်လေမင်းလည်းအဖော်ရှိတာပဲဟာကို"
"မဟုတ်ဘူးလေ တီချယ်ကြွယ်ကဒီနေ့သူ့အမအိမ်သွားစရာရှိတယ်ဆိုလို့လေ"
"မသွားတော့ရင်ကောင်းမလားလို့လေသမီးငယ်ရယ်"
"သွားလိုက်ပါတီချယ်ရယ် တစ်ခါတလေလာတာကိုကိုယ့်အမအိမ်မှာသွားနေသင့်တာပေါ့အဲ့မှာပဲအိပ်လိုက်နော်"
"အေးပါသွားပြီသမီးငယ်"အမရာတီချယ်ကြွယ်ထွက်သွားမှာစိတ်ချရသည် နောက်မို့ဆိုတီချယ်သွယ်စိတ်ဆိုးတော့မည် အခုလည်းနှုတ်ခမ်းစူထားသည်
"ဟိတ်တီချယ်"
"ဘာလဲ ငါမလိုဘူးမလားသမီးငယ်တဲ့ခေါ်တာကလည်း"
"တီချယ်ကအားကျမခံ မောင်လို့ခေါ်ပေါ့"
"ခေါ်မှာခေါ်မှာ စိတ်ချ"
"ခ်ခ် ကောင်းတယ်ခေါ်ခေါ်တီချယ်"
"မောင်"
"ဗျာ့"
"တို့ကိုပဲချစ်နော်"
"စိတ်ချပါ မေရယ်"
"ဘယ်လိုခေါ်လိုက်တာ"
"မေ လို့လေ"
"အသက်ရွယ်တူထင်နေတာလားဟမ်"
"စတာပါဗျာ မောင့်ရဲ့တီချယ်လေး"
"နားထောင်လို့ကောင်းတယ်ရှင့်"
"ချစ်တယ်ဗျ"
"ဘာမှမဆိုင်ဘူး"
"ဆိုင်တယ်လေ ချစ်တယ်ချစ်တယ်"
"တိတ်တော့ ခဏနားအုံးမယ်အိပ်ပြီ"
"နား နားတီချယ် ဘာသောက်အုံးမလဲ"
"သံပရာရည်လေးတစ်ခွက်"
"ရစေရမယ်ဗျာ ခဏပဲစောင့်နော်"
"အင်း အင်း"အမရာသည်တီချယ်မေ့ကိုယခုလိုတစ်သက်လုံးပြုစုပေးချင်သည် ခိုင်းတာလုပ်ပေးချင်သည် အလုပ်လုပ်ပြီးအလုပ်ကပြန်လာလျှင်တီချယ်မလုပ်ပဲအကုန်အမရာတစ်ယောက်တည်းသာလုပ်ပေးချင်သည် အိမ်မှုကိစ္စလည်းအမရာပဲလုပ်ပေးချင်သည် (အမရာတို့မယားကြောက်ချက်ကတော့လန်ထွက်နေရော)
#တီချယ်အူတိုနေလို့ပြဿနာရှင်းနေရလို့ပါ နည်းလည်းနည်းသွားတယ်sryပါဗျ#စောင့်နေတဲ့သူတွေကိုလည်းအရမ်းကျေးဇူးတင်ပါတယ်ဗျ
YOU ARE READING
"မြတ်နိုးရပါသောတီချယ်"
Romansa"တီချယ် မောင့်ကိုချစ်လား" "အင်းချစ်တယ်" "ခွင့်ပြုပေးမလား" "တို့အဆင်သင့်မဖြစ်သေးဘူးထင်တယ်မောင်" "ဘာလို့လည်းဟင်" "တို့ကြောက်တယ်ကွယ်"