အပိုင်း-၂၉

5.9K 180 9
                                    

နောက်တစ်နေ့....
"တီချယ် မောင်တို့မနက်ဖြန်ကျရင် တီချယ်တာဝန်ကျတဲ့ရွာပြန်ကြမယ်လေ"
"မောင်ကလိုက်ချင်လို့လား"
"ဟုတ်တယ်ပြီးတော့တီချယ့်ကိုစိတ်မချလို့"
"ဒါဆိုလည်းလိုက်ခဲ့ပေါ့"
"ဝမ်းသာလိုက်တာ အဲ့တာကြောင့်ချစ်နေရတာ"
"အပိုတွေ"

အမရာသည်တီချယ်နှင့်မြို့ပတ်နေမိသည် လိုအပ်တာတွေဝယ် မလိုတာတွေလည်းဝယ်သည် တီချယ်လည်းမာန်သည် ဒါပေမဲ့မကြောက်ပါ
"မောင် မင်းကလေတို့နဲ့ရည်းစားဖြစ်တာမှမကြာသေးဘူးအချိုးတွေပြောင်းနေပြီ"
"အချိုးကဒီအချိုးပါပဲတီချယ်ရဲ့"
"မဟုတ်ဘူးမဟုတ်ဘူး အချိုးတော်တော်ပြောင်းသွားတာ မင်းတို့ကိုမလေးစားတော့တာလား"
ဟာ အပျိုကြီးတို့ကတော့ ရစ်ပြီဟေ့
"မဟုတ်ပါဘူးအဲ့လိုသဘောမျိုးမဟုတ်ပါဘူး"
"တီချယ်တော့မောင့်ကိုမယုံတော့ဘူး"
"ယုံပါအချစ်ရယ်"

ညနေပိုင်းတီချယ်နဲ့လမ်းလျှောက်ထွက်ဖြစ်သည်
တီချယ်သည်ပါတိတ်ဝမ်းဆက်လေးနှင့် ရိုးရိုးယဥ်ယဥ်လေးဖြင့်လှနေသည် အမရာသည်တီချယ့်ကိုကြည့်လို့မဝပါ ပိုင်ဆိုင်ထားရတာတောင်ငေးကြည့်နေမိသည်
"ဝေ့ မောင်ဘာတွေကြည့်နေတာလည်း"
"ကျွန်တော့်ရဲ့အမျိုးသမီးလေးကချစ်စရာကောင်းနေလို့"
"အခုမှသိတာလား"
"အရင်ထဲကသိပြီးသား စတွေ့တဲ့နေ့ထဲကလေ"
"အဲ့တုန်းကလေမောင်ကူညီလို့တီချယ်အရမ်းပျော်သွားတာသိလား"
"မောင်က အဲ့နေရာမှာယောက်ကျားလေးဆိုမကူညီဘူးဆရာမချောချောလေးမို့ကူညီတာလေအဟိ"
"ဒါဆို အဲ့နေရာမှာတို့မဟုတ်ပဲတခြားတစ်ယောက်ဆိုလည်းကူညီမှာပေါ့နော်"
"ထင်တာပဲ"
"အော် ထင်တယ်ပေါ့"
"အဲ့တုန်းကမောင်ကရည်းစားမရှိဘူးလေ အာ့ကြောင့်ကူညီချင်ကူညီမှာပေါ့"
"အေးနော် ဒါလည်းဟုတ်တာပဲ အခုရောကူညီချင်သေးလား"
"အခုကတော့ဘယ်သူအကူအညီလာတောင်းတောင်းနိုးပါ"
"ကိုယ့်စကားကိုယ်မှတ်ထားပေါ့နော်"
"ဟုတ်ကဲ့"
"တီချယ့်သူငယ်ချင်းတစ်ယောက်ကရန်ကုန်မှာလေ အဲ့တာသူကတွေ့ချင်လို့တဲ့တီချယ့်ကို"
"ယောက်ကျားလားမိန်းမလား"
"မိန်းမလေ"
"ဘယ်မှာတွေ့ချင်တာလည်း မောင်ပါလိုက်လို့ရလား"
"မောင်မလိုက်တော့နဲ့ တို့တစ်ယောက်တည်းသွားမယ်"
"လိုက်ချင်တယ်လေ"
"မလိုက်နဲ့ဟာ"
"လိုက်မယ်ဟာ"
"မလိုက်နဲ့ဆို"
"လိုက်မယ်ဆို"
တီချယ့်ရဲ့သူငယ်ချင်း: "ကဲငါပဲလိုက်တော့မယ်ဟေ့"
"ဟဲ့ ခိုင်ဘယ်တုန်းကရောက်နေတာလည်း"
"ငါလမ်းလျှောက်ထွက်ရင်းနင့်ကိုတွေ့လို့လှမ်းနှုတ်ဆက်တာ"
"အတော်ပဲ ဒီမှာလေ ငါကနင်နဲ့သွားတွေ့မလို့ကိုသူပါလိုက်မယ်လုပ်နေတာ"
"နင့်ဟာလေးကနင့်စိတ်မချလို့နေမှာပေါ့"
"စိတ်မချရအောင်ငါကဘာလုပ်မှာမို့လို့လည်း"
"ချစ်သူချောချောလေးရထားတာဘယ်ရည်းစားကစိတ်ချလို့လည်း"

"မြတ်နိုးရပါသောတီချယ်"Where stories live. Discover now