အပိုင်း-၂၃

8.2K 238 15
                                    

"ငိုပေါ့ ငိုငို"
"ရတယ်လေ မနမ်းဘူးစိတ်ချ"
"ဒါက စိတ်ကောက်တာလား"
"မကောက်ရဲပါဘူးကြောက်ပါတယ်"
"သိရင်ပီးရော"
"....."
"မောင်"
"......"
"မောင်လို့"
"ပြော"
"အမယ် ထုလိုက်လို့ပုသွားမယ်"
"မောင်ကအရပ်ရှည်နေပါပြီ မေ ကသာဂျပုလေး"
"မင်းနော် များနေပြီ"
"စ လို့ကောင်းလိုက်တာ"
"မခေါ်ဘူး"
"စတာပါ ခေါ်ပါ"
"မသိဘူး"
"ချစ်လိုက်တာ ချစ်လိုက်တာ"
"ဟွန့် လာမချစ်နဲ့မကြိုက်ဘူး"
"ဟား အဲ့လိုမနေပါနဲ့ ဒီကအရည်ပျော်နေပါပြီဗျာ"
"အဲ့လောက်တောင်ပဲလား"
"အင်းအဲ့လောက်တောင်ပဲပေါ့ တီချယ့်ကိုပြန်တွေ့ဖို့မမျှော်လင့်ထားသလို အဖြေရမယ်လို့လည်းမထင်ထားခဲ့ဘူး မောင်တီချယ့်အဖြေကိုစောင့်ရကျိုးနက်သွားပြီပဲ"
"ဒါပေါ့ကွယ်"
"ချစ်လား"
"အင်း"
"ဘာအင်းတာလည်း"
"ချစ်တယ်ဟေ့ ချစ်တယ်ရှင်းပလား"
"ရှင်းပြီရှင်းပြီ"
အမရာတို့နှစ်ယောက်စကားတွေပြောနေကြတဲ့အချိန် တီချယ့်ဖုန်းဝင်လာသည် တီချယ့်အမေဆက်တာမို့တီချယ်လည်းကိုင်လိုက်
သည်
"ဟလိုသမီး"
"ပြောလေမေမေ"
"အရင်ကမေမေတို့ခြံနားမှာနေတဲ့ သမီးရဲ့ကိုကိုပြန်ရောက်နေတယ်"
"ဟုတ်လား ကိုကို့ကိုလွမ်းနေတာ"
အမရာသည် ကိုကို ဆိုသည့်အသံကိုကြားလိုက်သည့်အတွက်ဘာမသိညာမသိဖြင့်သဝန်တိုစိတ်တွေဖြစ်ပေါ်လာသည် တီချယ့်ဘက်ကဘာစိတ်မှမရှိလျှင်တောင်ထိုကိုကိုဆိုသည့်ဦးလေးကိုကြည့်မရပါ အလိုလိုနေရင်းဒေါသထွက်လာသည် တီချယ်ဟာလည်းကိုကို ကိုကိုဆိုပြီးပါးစပ်ဖျားကမချတော့ပင် အမရာ့ဒေါသဟာလည်းအထွတ်အထိပ်သို့ရောက်နေလေသည်

ဖုန်းပြောပြီးသွယ် မောင့်ကိုကြည့်လိုက်မိသည် နဂါးမျက်စောင်းဖြင့်ကြည့်နေသည် သဝန်တိုတာလည်းကြောက်စရာပါလား သွယ်ကိုကို့ကိုလွမ်းနေခဲ့တာကြာခဲ့ပြီ အရင်က ကိုကိုဟာ သွယ့်ရဲ့အရင်ကသဘောကျရတဲ့သူ
ဆိုလည်းမမှားပါ အခုတော့သွယ်ဟာ သွယ့်သဘောကျရတဲ့သူထက် အချစ်ဆုံးလေးကိုရှာတွေ့ခဲ့လေပြီ စိတ်ကစားမိခဲ့တဲ့သူကိုဆုံးရှုံးလိုက်ရပေမဲ့အချစ်ဆုံးကိုတော့အဆုံးအရှုံးမခံနိုင်ပါ ချစ်တယ်မောင်
"ဘာတွေမြန်းပြောနေတာလည်း တစ်ကိုကိုထဲကိုကိုနေတာပဲနားရှက်စရာကြီးတွေ"
"ဘာလို့လည်း ကိုယ့်ရဲ့အရင်းနှီးဆုံးသူကိုခေါ်တာပဲဟာကို"
"အော် ရတယ်လေခေါ်ပါ"
အမရာသည်တီချယ့်ကိုမကြည့်ပါ ပြတင်းပေါက်ကိုကြည့်လိုက်မိသည် အမရာငိုနေတာတီချယ့်ကိုမသိစေချင်ပါ ပျော့ညံ့လွန်းတယ်လည်းအထင်မခံချင်ပေ
သူများလက်ထဲပါသွားမှာစိုးရိမ်မိတယ် အချစ်ရယ်
"မောင် ငိုနေတာလားဟင်"
အမရာ့ဘက်မှတုန့်ပြန်ခြင်းမရှိပါ ဒါ့ကြောင့်သွယ် မောင့်အနားသွားမိလိုက်သည် ပုခုံးလေးပုတ်လိုက်တော့ မျက်ရည်အဝိုင်းသားနှင့်မောင်ဟာလှည့်ကြည့်သည်
"အို  ငိုနေတာလားမငိုနဲ့နော်"ဆိုပြီးသွယ် ဖက်ထားလိုက်သည်
"ဟင့် တီချယ်မောင့်ကိုနှိပ်စက်တယ် အခုမှအဖြေပေးပြီး တခြားတစ်ယောက်ကို ကိုကိုတဲ့"
"အဲ့လိုသဘောမျိုးလည်းမဟုတ်ပါဘူးကွယ် တီချယ်တို့ကခင်တာကြာပြီလေ အဲ့တာကြောင့်ရယ်"
"အင်းပါ မောင်လေတီချယ့်ဆီက မောင်မကြိုက်ရင်မခေါ်တော့ဘူးဆိုပြီးကြားချင်ခဲ့တာ အခုတော့အဲ့လိုမပြောဘူးပဲ ရပါတယ်အဆင်ပြေသလိုပေါ့"
"အင်း....."
"မချစ်ရင်မချစ်ကြောင်းဒဲ့သာပြောပါတီချယ်ရယ် မောင့်ကိုအခုလိုမျိုးတော့မလုပ်ပါနဲ့"
"မင်းငါ့ကိုစော်ကားနေတာပဲအမရာမောင် ငါကမင်းကလွဲလို့ဘယ်သူ့မှလည်းမချစ်ဘူးဆိုတာမင်းမှတ်ထား"
ဟော သူများစိတ်ကောက်မလို့ကိုသူကပြန်စိတ်ကောက်သွားတယ် ဘာမှန်းမသိဘူး ချော့ပေါ့အမရာမောင်ရယ် ပြဿနာကိုမီးထွန်းရှာတဲ့နင် ခံ ခံ

"တီချယ် လာဖက်ထားမယ်"
"မလာဘူး"
"လာဆို "
"မလာ...ဗုဒ္ဓေါ!"
အမရာသည်တီချယ့်ကိုချီပြီးကုတင်ပေါ်တွင်ချလိုက်သည်

သွယ်ကြောက်နေမိသည် တို့အဖြေပေးတာစောသွားသလား အဲ့လောက်ပေါ့ပျက်ပျက်ဖြစ်သွားတာလား
"ဒီမှာ မောင်"
"ဟုတ်ကဲ့"
"တို့အချစ်ကအပေါစားဆန်သွားတာလား"
"မဟုတ်ပါဘူးဘာလို့လည်းဟင်"
"မင်း တန်ဖိုးမထားလို့"
"တန်ဖိုးထားလွန်းလို့သဝန်တိုတာပေါ့"
"ပီးရော တို့အပေါ်ကလည်းထတော့ကွာ"
"ဟင့်အင်း ချစ်ချင်လို့"
"မင်းရုပ်လေးနဲ့ အောက်မှာပဲနေ"
သွယ်သည်အားယူ၍ အမရာ့ကိုပြန်ပက်လှက် လှန်ချလိုက်သည် အမရာမောင်ကြောင်တောင်တောင်လေးဖြင့် အစားခံရတော့မဲ့သမင်ငယ်လေးလို အသနားခံနေသောအကြည့်မျိုးဖြင့်သွယ့်ကိုကြည့်နေလေရဲ့

အော် ဘယ်သူထင်မှာလည်းငါ့လိုကျားကျားယားယားကြီးကအောက်ရောက်နေပြီး နုနုဖက်ဖက်လေး မောင့်ရဲ့အသဲတုံးပဲလုံးလေးတီချယ်က အပေါ်မှာတဲ့လေ သူများတွေသိရင်ရှက်စရာ

တီချယ်သည် အမရာ့လည်ပင်းကိုmarkingပေးနေသည် အမရာလိုက်ပါစီးမျောမိသည် အခုအချိန်တွင် အမရာ့ကိုတီချယ်ပိုင်သည် တီချယ့်သဘောကိုသာစောင့်မျှော်နေမိသည်
တီချယ်သွယ်သည် အမရာ့ကိုနူးနူးညံ့ညံ့နမ်းသည် တီချယ်အမရာ့ကိုkissingဆွဲနေတာကိုအမရာအားမရ အေးဆေးနိုင်လွန်းသည် အမရာကမြူးမြူးလေးမှကြိုက်သည် ဒါ့ကြောင့်တီချယ့်ကိုမတ်တပ်ရပ်ခိုင်းလိုက်သည် တီချယ်ဟာလည်းမျက်လုံးလေးပေကလပ် ပေကလပ်ဖြင့် မတ်တပ်ရပ်နေသည်
အမရာသည် အနိုင်ရသူအပြုံးဖြင့် အနမ်းတွေပေးရင်းမှန်တင်ခုံပေါ်တွင်တီချယ့်ကိုတင်လိုက်ပြီး နမ်းရင်းတီချယ့်ခန္ဓာကိုယ်ကိုပွတ်သပ်နေမိသည် တီချယ်ဟာ အမရာ့အပြုအစုအယုယကိုကြိုက်နှစ်သက်ဟန်တူတယ် အမရာသည်တီချယ့်ရဲ့အက်ျီကြယ်သီးဖြုတ်မယ်ကြံသောအချိန်တွင် တံခါးခေါက်သံကြားသည် တီချယ်သည်အမရာ့ကိုကြည့်ပြီး ရပ်ကြမလားဆက်ကြမလားဆိုသည့်အရိပ်အဟန်ဖြင့်စိုက်ကြည့်နေသည် အမရာသည်တီချယ့်နှုတ်ခမ်းလေးတွေကိုထပ်ပြီးအနမ်းပေးလိုက်သည် တံခါးခေါက်သံဟာတိတ်သွားသည့်အတွက် အမရာအစကပြန်နမ်းမိလေသည်
သို့ရာတွင် တဖန်တံခါးခေါက်သံထပ်ကြားရသည် အပြင်ကတီချယ်ကြွယ်ဟာ လှမ်းခေါ်နေသည်
"သမီးတီချယ်ပြန်လာတာ တံခါးလာဖွင့်ပေး"
ဟာ ကွာကောင်းခန်းဆိုလာလာဖျက်ကြပြီ စိတ်ပျက်စရာတွေ
အမရာသည် တီချယ်ကြွယ့်ကိုအထဲကနေပြန်ပြောလိုက်သည်
"တီချယ်အမရာမအားသေးလို့ အပြင်သွားပြီးမှပြန်လာခဲ့နော်"
"အော်အင်းအင်း"

#နောက်တစ်ပိုင်း18+ထည့်ပေးရမလား#စာဖတ်သူတွေသဘောအတိုင်းလုပ်ပေးမယ်#တီချယ်နဲ့အဆင်မပြေပေမဲ့မျှော်နေကြတာမို့တင်ပေးလိုက်ပါတယ်နော်#Syll#Mayshinthant

"မြတ်နိုးရပါသောတီချယ်"Where stories live. Discover now