Prologue

472 38 2
                                    

[Unicode]

အထွတ်အမြတ်တောင် "ဝမ်"

‌တိုက်ခတ်လာသောလေသည် သဲမှုန်များအား သယ်ဆောင်လာ၍ ကျောက်တုံးများအား ရွေ့လျားစေပြီး ကောင်းကင်တစ်ခွင်၌ နေအလင်းရောင်‌အား ဖုံးအုပ်သွားစေသည်။

ကြောက်မက်ဖွယ်‌ရာကောင်းသော ဆိုက်ကလုန်း မုန်တိုင်းသည် မည်သူမျှ အောက်ခြေထိ မမြင်နိုင်သည့် အသူတရာ ချောက်နက်ထဲမှ ပြန့်နှံ့လာသည်။

ထိုမုန်တိုင်းမှာ သက်ရှိအရာအားလုံးကို ဝါးမြိုစားသောက်ရန်အသင့်ဖြစ်သော ကြီးမားသည့်
သွေးသံတရဲရဲပါးစပ် ရှိသည့် သားရဲတစ်ကောင် အလားပင်။

လူတိုင်းသည် ဝိညာဉ် စွမ်းအင် သို့တည်းမဟုတ် အမတ လက်နက်များအား အသုံးပြု၍ သေချာအခြေမြဲစွာ ရပ်နိုင်ရန် ပြုလုပ်ကြရသည်။

ကျင့်ကြံမှု မမြင့်သောလူများမှာ အဆက်မပြတ်တိုက်ခတ်နေသော လေကြောင့် အစအနမကျန် အဝေးသို့ ‌လွင့်စင်သွားကြသည်။

အသက်ရှင်ကျန်ရစ်သူများသည် မငြိမ်မသက် အခက်အခဲများကြားထဲ၌ သူတို့အတတ်နိုင်ဆုံး မြင်နိုင်ရင်ကြိုးစားနေကြသည်။

ကောင်းကင် အား သဲမုန်တိုင်း မှ ဖုံးကွယ် ထားပြီး ကမ္ဘာမြေကြီးအား ၎င်း၏ ဖုန်မှုန့်များက ဖုံးအုပ်ထားသည်။ အနက်ရောင်မြူခိုးများသည် ရေပန်းအလား အသူတရာနက်ချောက်အောက်ခြေမှ ထွက်ပေါ်လာသည်။

သို့ပေသည့် ရက်စက်ကြမ်းကြုတ်သော အနက်ရောင်မြူခိုးများသည် လှောင်အိမ်ထဲတွင် ပိတ်ထားခံရသော သားရဲကောင်တစ်ကောင်လိုသာ လှောင်အိမ်နံရံများကို လှုပ်ခါ‌နိုင်လေသည်။

များစွာသော အစက်အပျောက်များ နှင့် လိုင်းများသည် အနီရောင် တောက်ပနေသော စက်ဝိုင်းကွင်း ဖြစ်ပေါ်လာစေပြီး ထိုစက်ကွင်းသည် အနက်ရောင်မြူများ အား ဘောင်ခတ်ထားသလိုပင်ဖြစ်ပြီး အပြင်ဘက်သို့ မကျူးကျော်နိုင်အောင် ထိန်းသိမ်းပေးထားသည်။

အနီရောင်အလင်းသည် အနက်ရောင်မြူခိုးများထက် အားနည်းသည်။ ယခုတွင် အရောင် လင်းနေသော်လည်း ခနအကြာတွင် အရောင်မှိန်သွားသည်ဟုထင်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ လုံးဝပျောက်ကွယ်သွားခြင်းမရှိပေ။

ဝေးကွာခြင်းမှသည်  | မြန်မာဘာသာပြန်Where stories live. Discover now