အပိုင်း [၄] : 'တစ်ယောက်ယောက် အော်လိုက်တယ်'
" မင်းစားပြီးပြီလား..? "
ချန်မင် ထိုကောင်လေး၏ လက်ထဲမှ ကန်စွန်းဥဖုတ် ကို ကြည့်လိုက်သည်။
ထိုကန်စွန်းဥ ဖုတ်ထားသည်မှာ မည်မျှကြာသည်ကို မပြောနိုင်သော်လည်း ထိုအရာမှာ သိပ်လတ်ဆတ်ပုံမရပေ။
ထိုကောင်လေးသည် သူ့၏လက်များအားတိတ်ဆိတ်စွာ နောက်သို့ပို့လိုက်သည်။
ချန်မင်သည် လတ်ဆတ်သည့် မျှစ် နှင့် ငါးအသားလွှာ ဟင်းလျာကို မီးဖိုချောင်ထဲမှ ထုတ်ယူလာပြီး ကျန်ရှိနေသေးသော ထမင်းဟင်းအချို့ နှင့်အတူ စားပွဲပေါ်တွင် ထမင်းဝိုင်း ပြင်ပေးလိုက်သည်။
အစားအစားများသည် အေးနေသော်လည်း ချန်မင်သည် ၎င်းတို့အားနွှေးရန် မီးပြန်မွေးရမည်ဖြစ်သည်။ ထိုကဲ့သို့ အလုပ်ရှုပ်ရမည့် ကိစ္စ အား သူပြန်မလုပ်ချင်ပေ။
ကျင့်ကြံရေး လမ်းစဉ်ပေါ် ၌ လျှောက်လှမ်းလိုလျှင်
အခက်အခဲများနှင့် တွေ့ကြုံရမည်ဖြစ်ပြီး အတားအဆီးများအားလုံးကို ကျော်ဖြတ်ရလိမ့်မည် ဖြစ်သည်။ ထို့အပြင် အချိန်အကြာကြီးပစ်ထားသော ကန်းစွန်းဥဖုတ် ထက် ထမင်းကျန်ဟင်းကျန်များ စားခြင်းက ပိုကောင်းလေသည်။ချန်မင် ထင်ထားသည့်အတိုင်း ထိုကောင်လေးသည် ပြင်ထားသောအစားအစာများကို ကြည့်၍ သူ့၏ အိတ်ကပ်ထဲသို့ ကန်စွန်းဥဖုတ် ထိုးထည့်လိုက်ပြီး စားပွဲသို့ အလောတကြီး ပြေးလာသည်။ တူများကိုပင် မသုံးနိုင်ဘဲ အစားအစာများကို လက်ဖြင့်သာ ကိုင်၍ အလျင်စလို စားသောက်လေသည်။ သူ မည်မျှ ဆာလောင်ခဲ့သည်ကို မည်သူမှ မသိနိုင်ချေ။
သူ စားသောက်ပြီး၍ ခေါင်းပြန်မော့လိုက်သည့်အခါမှသာ ချန်မင် မရှိတော့ကြောင်း သတိထားမိလိုက်သည်။
ကောင်လေးသည် သူ့ပါးစပ်အား ဝတ်ရုံလက်ဖြင့် သုတ်လိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းနေမိသည်။ ထို့နောက် ထလိုက်၍ တူနှင့်ပန်းကန်များကို ဆေးကြောလိုက်သည်။ သူ ထွက်သွားရန် တံခါးဖွင့်လိုက်သော်လည်း ထိုနေရာ၌ ခေတ္တမျှ နေလိုက်မိသည်။
YOU ARE READING
ဝေးကွာခြင်းမှသည် | မြန်မာဘာသာပြန်
Fantasyတောင်တန်းများနှင့် ပင်လယ်များအား ယဉ်ပါးအောင် ပြုလုပ်နိုင်သလို နေ့ နှင့်ည များသည်လည်း ပျောက်ကွယ်သွားနိုင်ပေသည်။ မင်းယောက်တည်း ။ တစ်မူထူးခြားတဲ့ မင်းတစ်ယောက်တည်းကပဲ.. လက်လျှော့ဖို့ ငြင်းဆန်ခဲ့တာ ... . . . Status in COO - 150 chapters + 5 extras Engli...