အပိုင်း [၅] : 'သူထောင်ချောက်ထဲကျသွားတယ်'

125 19 0
                                    

အပိုင်း [၅] : 'သူထောင်ချောက်ထဲကျသွားတယ်'

ချန်မင် ခြံဝင်းထဲမှ ထွက်လျှင်ထွက်ချင်း ဆီးချဉ်သီး များ မြေပြင်ပေါ်တွင် ပျံ့ကြဲနေသည်ကို တွေ့လိုက်ရသည်။

အနီးနားတွင်မှောက်နေသော ကြိမ်ခြင်းတောင်း မှာ နံနက်ခင်းအချိန် တွင် ရောက်ရှိနေသော
'မနက်ခင်းနှင်းစက်' မှိုတောင်းကဲ့သို့ ရင်းနှီးနေလျက်ရှိသည်။

ဤနေရာသို့ ရှောင်ယွင်မှလွဲ၍ မည်သူမှ ပို့မည်မဟုတ်ပါ။

ချန်မင်  ‌မျက်မှောင်အနည်းငယ်ကြုတ်မိလိုက်ပြီး ပျံ့ကြဲနေသော ခြေရာ အကျွင်းအကျန်များ နောက်သို့ ‌လိုက်သွားခဲ့သည်။

ချီရှန်းဂိုဏ်းသည် မကြီးသော်လည်း တောင်ထွဋ်
များစွာ ရှိသည်။

သူတို့သည် အပြင်စည်း၏ အစွန်းပိုင်း တွင်ရှိသော လင်းသယ့် တောင်ထွဋ် ပေါ်တွင် ဖြစ်သည်။ အပြင်စည်း တပည့်များအတွက် နေ့စဉ် အ‌သုံးအဆောင်ပစ္စည်း များ ထောက်ပံ့ပေးရန်အတွက်သာ တာဝန်ရှိသည့်အတွက် ဤနေရာတွင် လူ များ သိပ်မရှိသလို လူနေအိမ်များမှာလည်း တစ်နေရာနှင့်တစ်နေရာ ဝေးကွာနေသည်။ သူ စာဖိုမှူးဟယ် ထံသို့ သွားလျှင် လမ်းပေါ်တွင် အ‌မွှေးတိုင်တစ်တိုင်စာ အချိန်ဖြုန်းရမြဲ ဖြစ်သည်။

ထိုကဲ့သို့ အခြေအနေတွင် တစ်စုံတစ်ယောက်၏ အော်ဟစ်သံ ကြားခဲ့လျှင်ပင် လူများ ထိုနေရာသို့အချိန်မှီ ရောက်ရှိရန် အတွက် ခက်ခဲလေသည်။
ပြောရလျှင် အပြင်စည်းရှိ အိမ်တော်ထိန်းများ နှင့် အလုပ်သမား များမှာ အတော်လေး အားနည်းလှပြီး
ပျံ့သန်းခြင်းအတတ်သည်လည်း အတွင်းစည်းရှိ အတန်းမြင့်သော တပည့်များသာ သင်ယူနိုင်သောပညာ ဖြစ်နေပေသည်။

ချန်မင်သည် အော်သံ ၏ လားရာ သို့ နီးကပ်လာပြီ ဖြစ်သည်။

သူ သည် ခြေရာများနောက်သို့ လိုက်လာခဲ့သည်။ မြေကြီးပေါ်ရှိ တက်နင်းခံထားရသော မြက်များမှာ တစ်ဖက်လူ၏ တည်နေရာကို ဖော်ပြနေသလို အရွက်ဖျားများရှိ ဆီးနှင်းခဲများသည်လည်း ထိုနည်းလည်းကောင်းပင်။

ဖြတ်သွားတုန်း အဲ့လူက အရွက် တွေကို ခဲစေလိုက်တယ်...

ရာသီဥတုမှာ လုံးလုံးမျှ မအေးပေ ။ ဤအချင်းအရာ ကို ကြည့်ရသည်မှာ  'စစ်မှန်သော ချီ စွမ်းအားကို အေးခဲစေခြင်း' ကျင့်ကြံရေးလမ်းစဉ် ဖြစ်နိုင်ပေသည်။

ဝေးကွာခြင်းမှသည်  | မြန်မာဘာသာပြန်Where stories live. Discover now