PART 8🏷️

9.4K 243 43
                                    


PART8🏷️

"မာဃ တစ်ယောက်ထဲလား အမျိုးသမီးကို ပွဲမထုတ်ဘူးလားဗျ"

"နောက်မှပေါ့ဗျား"

တကယ်ဆို သူသွေးကို ဒီပါတီကိုလာရန် မပြောခဲ့မိပါ။ မပြောမိတာထက် ပြောပြဖို့ကို အာရုံမရနေပဲ သူနဲ့သွေးထိုတစ်ညက ကိစ္စနဲ့ အခုထက်ထိကို စကားတစ်ခွန်းမှမပြောရ‌သေးသောကြောင့် ဒီအကြောင်းကို မစပ်ဆက်ခဲ့တာ။

"အမျိုးသမီးက ရှေ့နေလို့ကြားတယ်... ဘယ်Law Firmကလဲဗျ"

"AB Law Firm ပါ ကိုမင်းသန့်"

"ဟို AB Law Firmဆိုတာက အမရာနဲ့သွေးတို့လား.... တရားသူကြီးဟောင်းဦးထိန်လင်းသွေးရဲ့မြေး ယှဉ်ရဲရင့်သွေးလေ... ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"

"ဪ...သွေးကိုး.... သွေးနဲ့တည်တံ့ အာ...ဆောရီးဗျား... ကျွန်တော်ခင်ဗျားအမျိုးသမီးကို အရင်ကတွေ့ဖူးတယ် သွေးကတကယ့်ထက်မြက်တဲ့မိန်းမပဲဗျ...."

"ကျေးဇူးတင်ပါတယ် သူ့ကို ကျွန်တော်ပြောပြပေးပါ့မယ်ခင်ဗျား"

ကိုမင်းသန့်ဆိုသည်က သူနဲ့ စီးပွားရေးလောကတွင် မကြာခနတွေ့နေကြလူဖြစ်ပေမယ် သူ့မင်္ဂလာပွဲကိုတော့ မဖိတ်ခဲ့မိပါ။ ပြီးတော့ ဖိတ်စာမှာတုန်းကလည်း သူတို့နှစ်ယောက်ရဲ့နာမည်နောက်မှာ ဘာမှမထည့်ထားလို့ မေးတာလည်းဖြစ်နိုင်သည်။

အခုပြောပုံအရဆို သွေးကိုအခြားတစ်ယောက်နဲ့အရင်တွေ့ခဲ့တာဖြစ်မည်။

မည်သို့ပင်ဖြစ်စေအုံး အခုသွေးဟာ သူ့မိန်းမဖြစ်နေပြီကို အခြားတစ်ဦးနဲ့တွေ့တာကို သူ့ကိုလာပြောပြနေစရာလိုလို့လား.....

"ကျွန်တော်က ခင်ဗျားကို ကောင်းမြတ်ပမာနဲ့ထင်နေတာဗျား....ခင်ဗျားတို့က ပိုနီးစပ်တယ်မလား၊ သွေးနဲ့ဆိုတော့လည်း ရှေ့နေချင်းတော့တူသားပဲဗျား ကျွန်တော်ခန့်မှန်းတာနဲ့ဟဲဟဲ...... ကောင်းလည်းမထင်ထားဘူးထင်တယ်"

"ကောင်းတော့ စိတ်မကောင်းဖြစ်နေတော့မှာပဲဗျာ... သူ့အရင်းနှီးဆုံးမိတ်ဆွေ အိမ်ထောင်ကျသွားတော့...."

"ကောင်းက ကျွန်တော့်အတွက် အကောင်းဆုံးမိတ်ဆွေတစ်‌ယောက်ထဲကပါ"

ရင်ခုန်သံထပ်တူကျသောအခါ အချစ်မှာအပြစ်ရှိသည်Where stories live. Discover now