PART 13🏷️

9.3K 261 83
                                    

PART 13🏷️

      “မောနင်း ဟတ်တန်"

“အင်း မောနင်း”

   မာဃသည် အိမ်အပေါ်ထပ်ကနေအဆင်း ကောင်းက အိမ်ထဲကို အဝင်နဲ့ တန်းတိုးတော့ ကောင်းက အရင်နှုတ်ဆက်လာသည်။

   ဒီအိမ်ကို အချိန်မရွေး အလွယ်တကူ ဝင်ထွက်သွားလာလို့ရနေတာက ကောင်းတစ်ယောက်သာရှိသည်။
ဟတ်တန်နဲ့အတူ ကောင်းက တစ်ခါတစ်လေ မနက်စာအတူလာစားလေ့ရှိတာ သူအိမ်ထောင်မကျခင်တည်းကရှိ‌နေပြီး ယနေ့အချိန်အထိ ပျက်ကွက်မှုမရှိသေး။

   ကောင်းက လုပ်နေကြအတိုင်း Oatနဲ့ နွားနို့ အသီးအချို့ကိုပါ blenderထဲ ရောထည့်ကာ မွှေလိုက်ပြီး ပျားရည်တစ်ဇွန်းထည့် တစ်ခွက်ဆီ ငှဲ့ထည့်ပြီး ဟတ်တန်ဘေးမှာ ဝင်ထိုင်လိုက်သည်။ ဘေးတစောင်းအနေအထားကနေမြင်နေရသော ဟတ်တန်၏ဥပတိရုပ်ကို ကောင်း နှာမြောသသလွန်းစွာ  မသိမသာ ငေးကြည့်နေမိ၏။

   ခွေမရောင်ဆံနွယ်တို့က ခပ်အုံ့အုံက ကကြီးပုံဝိုက်သွားသလိုနဲ့သပ်ရပ်စွာဖြီးတင်ထားသည်။ နက်မှောင်သော မျက်ခုံးထူထူတို့က ဆွဲဆောင်မှုရှိသည်။  အေးချမ်းပြီး လှလိုက်တဲ့ လိမ္မော်ရင့်ရောင် မျက်ဝန်းအိမ်၊ လေးကိုင်းသဏ္ဍာန်ကိုမှ သပ်ရပ်သော နှုတ်ခမ်းပါးရယ်၊ ဘယ်ဘက်နားသယ်စပ် နားရွက်ဖျားတည့်တည့်နားက အစိမ်းနုရောင်မှဲ့ကလေးနဲ့ လည်တိုင်မှ လှုပ်ရှားနေသော အငူတို့ကို တစ်ခုချင်းဆီတောင် လှနေတာမဟုတ်ပဲ ပေါင်းစပ်လိုက်သောအခါမှာ  ချောမောခန့်ညားမှုလို့ ခေါင်းစဉ်တပ်လိုက်ချင်သည်။

ဟင်...

ဘယ်တုန်းက ထိခိုက်သွားတာလဲ....

    လည်တိုင်အငူနားမှာ အနာကပ်ပလာစတာမဟုတ်ပဲ ကျောကပ်ပလာစတာလိုမျိုးကို ကပ်ထားတော့ ကောင်းစိတ်ပူသွားကာ သွားထိကိုင်ကြည့်လျှင်.....

“ဟတ်တန် ဒါဘာဖြစ်တာလဲ၊ ဘာနဲ့ထိခိုက်သွားတာလဲ"

   သူ့လည်ပင်းကို လာထိဖို့လှမ်းနေသော လက်မရောက်ခင် အမြန်ဖမ်းလိုက်သည်။ ဒါမျိုးကို ကောင်း မထိသင့်ဟု...

  ဖြေရမှာတော့ အားနာသည်။ ဒါက လင်မယားကြားက ကိစ္စကို သူမက အလိုက်မသိစွာ မေးနေတော့ အနည်းငယ် စိတ်ကသိအောင့်ဖြစ်သွားရသည်။ ဒီအရွယ်ထိရောက်နေသော လူသားတစ်ယောက်က ဒါကို သိမယ်လို့ သူထင်သည်။ မုသားဆိုရင်တောင် ကောင်းလက်ခံရမယ်....

ရင်ခုန်သံထပ်တူကျသောအခါ အချစ်မှာအပြစ်ရှိသည်Where stories live. Discover now