PART 15🏷️

9.4K 269 49
                                    


     PART 15🏷️

      “မင်းရုံးခန်းကို ကိုလာခဲ့မယ်။ ကို့အသိမိတ်ဆွေတစ်ယောက်က အကူအညီလိုနေတယ်။ တွေးကြည့်တော့ မင်းက အသင့်တော်ဆုံးရှေ့နေဖြစ်နေလို့ အကူအညီလာတောင်းချင်တယ် သွေး"

    ဆို၍ ကိုတည့်ဆီက စာတစ်သံ ဖုန်းတစ်သံနဲ့ notice တတ်လာသောကြောင့် အမရာကွင်းနဲ့ သွေးမှာ တစ်နှစ်နေမှ တံမြတ်စည်းမလှည်းထားသလို ရှိနေသော ရုံးခန်းကို သန့်ရှင်းရေးအသေအလဲလုပ်နေကြရ၏။

  ကြောက်ရတယ်။

  Exဖြစ်ခဲ့ဖူးပေမယ့် စီနီယာကြီးအနေနဲ့ လာပြောတာဆိုတော့ ဥပဒေနဲ့ပတ်သက်လျှင် နောကျေသူမို့ ကြောက်ရပါတယ်။

   ကိုတည်တံ့အိမ်က မိဘ၏ အားကိုးမှု၊ အရှိန်အဝါနဲ့နာမည်ကြီးလာခဲ့သည်မဟုတ်ဘဲ သူ့ပညာရေး၊ သူ့အရည်အချင်းနဲ့ ဥပဒေလောကမှာ နာမည်ကြီးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ယောက်။ မကြာခင်မှာလည်း နိုင်ငံရေးလောကထဲဝင်တော့မည်တဲ့.....

  စာရွက်တို့ကို ညီနေအောင်ပြန်ညှိ၊ ကြမ်းတိုက် ပင့်ကူအိမ်ကြက်ခိုးများကို ဖယ်ထုတ်နဲ့ မောပန်းလွန်းလို့ လူလည်းမချော‌‌မောနိုင်တော့ဘဲ ဖလပ်ပြကာ မျောက်ရုပ်ပေါက်တော့မည်....

“နင့်ယောက်ျားနဲ့ အခုတလော အဆင်ပြေနေတယ်ထင်တယ်။ ရုံးလာရင် မြောက်ကြွ မြောက်ကြွနဲ့ မြင်နေရတယ်။ လာကြိုရမလား ဘာစားမလည်းနဲ့ ငါကြားနေရတာ မသိရင် အခုမှရည်စားစဖြစ်တဲ့အတိုင်းပဲ။ အခြေအနေလေးကို နိုတစ်ပေးပါအုံး...”

“အော်  ဖုန်းဆက်တော့လည်း ကိုင်ရတာပေါ့ဟယ်၊ စားချင်တာလေးတွေ ပြောပြရတာ ဘာခက်တာမို့လဲ၊ အစားအသောက်အကြောင်း မေးတာဘာဖြစ်လဲ၊ စားစေချင်လို့မေးတာကို စိတ်ဆိုးနေစရာလိုလို့လား၊ ဒါတွေနင်မသိပါဘူးဟာ အမရာရယ်"

  ဆိုပြီး ပြောသာပြောရတာ သွေးရဲ့ ပါးစပ်က နားရွက်အထိ တတ်ချိတ်တော့မတတ် ပြုံးဖြီးနေတာပဲ။ မှိုရနေသောမျက်ခွက်ကို အမရာက မဲ့ရွဲ့ပြပြီး မျက်စောင်းထိုးကာ....

“အောင်မယ်လေ  အစက သူတို့ပဲ မနက်လား နေ့လယ်လား ကွာရှင်းမယ် တကဲကဲလုပ်နေကြပြီး အခုတော့ ဆယ်ခြောက်နှစ်သမီးလို သစ်ရွက်လှုပ်ရင် ရင်ခုန်တတ်တဲ့အရွယ်များမှတ်နေလားမသိဘူး ယွပိုးထိုးနေတာ အမြင်ကပ်လိုက်တာ"

ရင်ခုန်သံထပ်တူကျသောအခါ အချစ်မှာအပြစ်ရှိသည်Where stories live. Discover now