PART 33🏷️

6K 181 51
                                    

   PART 33🏷️

ဂျိမ်း....

“ဝရော...”

“ဝေါ်....”

  ဒီနှစ်ရဲ့ ပထမဆုံးမိုးရွာသည့်နေ့....

   မိုးရွာလျှင်  ကျောင်းမသွားချင်ဘူးဟု ငိုယိုပြီး သောင်းကျန်းခဲ့ဖူးသလို ကောင်းကောင်းအိပ်စက်လို့မရခဲ့သည့် အတိတ်တို့ကို ပြန်မြင်ယောင်လာလျှင် တွေးစိတ်ထဲ ဝမ်းနည်းမိရုံမှ အရင်လိုကြောက်စိတ်တို့မရှိနေတော့ပေ။

   မိုးရွာလျှင် အခန်းထဲပြေးပုန်းနေတတ်သည့်ကောင်မလေးက အခုတော့ ခြံထဲဆင်းပြီး နားနေဆောင်ထဲတွင် ကော်ဖီတစ်ခွက်ရယ် အမှုနဲ့ဆိုင်သည့် စာရွက်စာတမ်းတို့ကိုလည်း အေးဆေးစွာဖတ်နိုင်ခဲ့ပြီ....

   မိုးနဲ့ပတ်သက်လျှင် သွေးမှာ အမှတ်တရများစွာရှိသည်။ ထိုအထဲမှာ အကောင်းဆုံးသော အမှတ်တရတစ်ခုက နွေးထွေးသော ရင်ခွင်တစ်ခုပဲ....

  ထိုရင်ခွင်ထဲမှာရှိနေလျှင် မိုးခြိမ်းသံတို့ကိုလည်းမကြားရသလို မကောင်းဆိုးဝါးကိုလည်း မကြောက်ခဲ့ဘဲ ပေးအပ်ခဲ့သော နွေးထွေးမှုနဲ့ သွေးသည်အရာရာကို ရင်ဆိုင်နိုင်ခဲ့သည်မဟုတ်လား....

  နှလုံးသားနဲ့ချစ်ခဲ့မိသောကြောင့် လွမ်းနေတဲ့စိတ်ကိုတော့ မပိတ်ပင်ထားမိဘူး။

    တွေ့ချင်နေသည့်စိတ် သူ့အကြောင်းကို မေးချင်နေသည့်စိတ်ကိုတော့ သွေးရင်ထဲမှာ ‌တိုက်ပိတ်အကျဉ်းချထားခဲ့ရသည်။

   အရင်က ကိုတည့်ကို ပြောခဲ့ဖူးသော စကားတို့ကို အမှတ်ရမိသည်။ အခုဆို ကိုတည်လည်း လွှတ်တော်မှာ အမတ်ဖြစ်နေပြီ လူထုကို အကျိုးပြုမဲ့အမတ်ဖြစ်လာဖို့ ကြိုးစားလုပ်ဆောင်နေရဲ့။

     လမ်းခွဲပြက်ဆဲပြီးတဲ့ချစ်သူနှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် နာကျင်ရလောက်အောင်မချစ်ခဲ့လို့သာ ပြန်ပတ်သက်လို့ရတာ။ အကယ်၍ ရင်နဲ့အမျှ နာကျင်ရလောက်အောင်ချစ်ခဲ့ကြမယ်ဆို လမ်းခွဲပြီးလျှင် ပြန်ပတ်သက်နိုင်ဖို့ မဖြစ်နိုင်ဘူးဟု ပေါ့ပေါ့ပါးပါးပြောခဲ့သည့်စကားတို့က ဒီအချိန်မှာ  သွေးထွက်လောက်အောင်သိပ်ကို မှန်သည်.....

ရင်ခုန်သံထပ်တူကျသောအခါ အချစ်မှာအပြစ်ရှိသည်Where stories live. Discover now