PART 27🏷️

6.3K 135 47
                                    

   PART 27🏷️

   “Bonjour.....သားနဲ့ သမီးရေ....”

  “Bonjour မာမီ..."

“ဒဏ်ရာသက်သာလာပြီလား သမီး"

“ဟုတ် သက်သာလာပြီမာမီ...စိတ်မပူနဲ့နော်၊ ဒါက ကြီးကြီးမားမားလည်းမဟုတ်ဘူး မာမီ ပိစိလေးပါနော်"

“အိုး လာ လား သနားစရာချစ်သမီးလေးကွယ်”

      ပြင်သစ်ကနေ ဂျာမနီကိုရောက်နေသော မာမီနဲ့မကြာခန Vcall ခေါ်ဖြစ်၏။  စိတ်အရမ်းပူနေမှာဆိုး၍ မုသားအနည်းငယ်သုံးလိုက်ရသည်။ မာမီကနှလုံးရောဂါအခံရှိသူမို့ စကားရှောင်ပြေယနေရသည်။ သိသွားလျှင် စိတ်မကောင်းဖြစ်ပြီး ခန္တာကိုယ်ပမ်းနေအုံးမည်ဆိုးသောကြောင့်....

    မာမီက သူတို့ဆီကိုလာလည်ပါအုံးဟု မကြာခနခေါ်တတ်ပေမယ့် သွေးတို့မှာ လောလောဆယ်သွားဖို့အစီအစဉ်မရှိသေး။

“မာမီ မြေးချီချင်နေပြီး သမီးရယ်...”

“ဟိဟိ..."

  မေမေထိုသို့ပြောလျှင် သွေးမှာ အရှက်ပြေရယ်ရုံအပြင် ဘာမှမပြောတတ်။

     ကလေးယူဖို့လည်း စဉ်းစားထားပြီးသားပေမယ့် မရောက်လာသေးသောကြောင့်လည်းပါမည်။ ရလာတော့မှ မာမီကို စပရိုက်လုပ်မည်ဟု စိတ်ကူးထားသည်။

  သွေးမှာ ကလေးယူဖို့ကိစ္စကို ကိုနဲ့ပြောဖူးပေမယ့် မာမီကိုပြောပြဖို့တော့ အနည်းငယ်ရှက်နေမိ၏။

“ယူမှာပါ မာမီရာ ဖြည်းဖြည်းပေါ့..... လက်ထပ်ထားတာဖြင့် တစ်နှစ်တောင်မပြည့်သေးဘူး”

“မာမီက မာမီ့သမီးကိုပြောနေတာနော်.... သားကိုမပြောပါဘူး"

“ဟက်...”

“အဟင်း...”

     မာမီ၏ချစ်စဖွယ် မျက်စောင်းလှလှတစ်ချက်အောက်တွင် သွေးနဲ့ မာဃတို့သဘောကျ၍ရယ်မိသွား၏။

      မာမီက အခုထိအရွယ်တင်သလို Dadကလည်းအလိုလိုက်လွန်းနေကာ အခုထိကလေးဆိုးလေးလို ရှိနေဆဲ။ မာမီကို ဒီလိုလေးပဲ စိတ်ချမ်းသာစေချင်သည်။

“မာမီတို့ဆီတစ်လလောက် လာလည်ပါလားကွယ်.... ”

“လာမှာပါ၊ သွေးအားတဲ့အချိန် ဟိုမှာတစ်ရာသီစာလောက်လာနေမယ်လေ မာမီ၊ သွေး Eiffel မျှော်စင်နဲ့  သွေးရဲ့ကလေးလေး Timothèe Chalametကို အမြင်ချင်ဆုံး အတွေ့ချင်ဆုံးပဲ၊ တွေ့ရင် ရင်ခုန်လွန်းလို့ သွေးမေ့လဲသွားမလားပဲ၊ တွေ့တာနဲ့ အာဘွာတွေချည် လှိမ့်ပေးပစ်မယ် ကြည့်နေ"

ရင်ခုန်သံထပ်တူကျသောအခါ အချစ်မှာအပြစ်ရှိသည်Where stories live. Discover now