3လပြည့်ပြီ လွမ်းလိုက်တာဗျာ တကယ်ဘဝရဲ့တစ်နေရာရာက ကွက်လပ်ဖြစ်သွားသလိုပဲ..
နေ့စဉ်နေ့တိုင်း acc လေးကနေ memory တက်လာတိုင်းကြည့်ပြီး ဝမ်းနည်းမိတယ်.။
ငိုတော့မငိုမိတော့ပါဘူး အများကြီးငိုခဲ့ပြီးပြီပဲ ဒါပေမယ့်အများကြီးသတိရပြီး လွမ်းနေတာသိစေချင်တယ်ဗျာ။
ဒီနေ့3လပြည့်ပြီနော်..ဘဝဟာ အန်တီမမ မရှိရင် အဆင်မပြေကြောင်း မျက်နှာချင်းဆိုင်ထိုင်ပြောပြချင်တယ်။
သတိရတိုင်းပြန်ဖတ်မိတဲ့ အန်တီမမရေးထားတဲ့စာတွေဟာဘယ်လောက်ကောင်းကြောင်း..
ညတိုင်း live လွှင့်ရင် နာမည်ခေါ်ပေးပြီး ဂရုစိုက်ပေးတာကိုရော ပင်ပန်းနေကြောင်းပြောပြီး အမြဲmoti တောင်းတိုင်း မငြီးမငြူဘဲ moti ပေးခဲ့တာတွေကိုရော..
စာမလုပ်ဘဲ liveလာကြည့်နေတာပါလို့ပြောရင် စာကအရေးကြီးကြောင်း စာသွားကြည့်သင့်ကြောင်းပြောတာကိုရော..
အန်တီမမအသံဟာ ဘယ်လောက်နားထောင်ကောင်းကြောင်းကိုရော..
ဓာတ်ပုံလဲအတူရိုက်ချင်ကြောင်း စာအကြောင်းတွေလဲ ဆွေးနွေးချင်ကြောင်း အပြင်မှာတွေရင်သီချင်းဆိုပြဖို့ ပူဆာမယ်လို့ တွေးမိခဲ့ကြောင်းတွေကိုရော
ပြောပြချင်သေးပါတယ်။တော်ပါသေးရဲ့ သိတာ 1နှစ်ကျော်ပဲရှိသေးလို့ ကျွန်တော်တောင် ဒီလိုရူးမလိုသတိရနေတာ ကျွန်တော့်ထက် အရင်သိခဲ့တဲ့သူတွေသာဆိုဘယ်လိုလုပ်ပါ့မလဲ အန်တီမမကို သိပ်သတိရနေမှာပဲ.။
အန်တီမမက ကျွန်တော်တို့ မမြင်နိုင်တဲ့တစ်နေနေရာမှာ အေးချမ်းနေမှာပဲနော်.။
____________________
အေးချမ်းပါစေ...။
ချားလော့ခြည်_88 မှ
YOU ARE READING
I will always remember you
Random⚠ .Fic မဟုတ်ပါ.⚠ ဒီနေ့ 1.8.2023 မှာ အန်တီမမဆုံးသွားခဲ့ပြီ.. ဒီ သတိရစာလေးတွေ လေးက အန်တီမမအတွက် ရည်ရွယ်ပြီးရေးပေးတဲ့သဘောပါ.။ 1နှစ်ပြည့်တဲ့အထိ ရေးမှာဖြစ်ပါတယ်။