Episode 2

30 6 2
                                    

Shit ဘယ်လိုစောက်ကျိုးနည်း အပြုအမူကြီးကို သူလုပ်မိသွားတာပါလိမ့်
သူက တစ်ခါမှ ဒီလိုပုံစံမျိုးကို ဘယ်သူ့ကိုမှမလုပ်ပြဖူးဘူးမလား 
မာနကျော်စွာ ကိုယ့်ကိုကိုယ်ပင်နားမလည်နိုင်တော့ပါ ဒီလွန်းပြည့်နောင်ဆိုသည့်အမျိုးသားလေးရှေ့ရောက်လျှင် သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘူးဆိုတာ ဘယ်လိုစောက်ကျိုးနည်း အမှန်တရားကြီးပါလိမ့်

"ငါမင်းကို လွန်းပြည့်နောင်လို့တော့ မခေါ်ချင်ဘူး ဘယ်လိုခေါ်ရင်ကောင်းမလဲ"

မာနကျော်စွာက အရှက်ပြေပြောလိုက်သည်

"မင်းသဘောပဲလေကွာ"

လွန်းပြည့်နောင်ရဲ့ အဆိုပါစကားသံကြောင့် မာနတစ်ယောက် နားရွက်များပင် နီရဲသွားရလေသည် ဒီလိုစကားလေး တစ်ခွန်းက ဘယ်လိုလုပ်ပြီး သူ့ကိုရှက်သွားစေရတာလဲ

"ပြည့်ပြည့်"

(ခေါင်းထဲရုတ်တရက်ပေါ်လာတဲ့ ထိုအမည်
ထိုနမည်ပြောင်လေး
အဲ့တာလေးက ငါအမြတ်နိုးဆုံး နာမ်စားတစ်ခုဖြစ်ခဲ့ရပြန်တယ် လွန်းပြည့်ရယ်...

              #မာနကျော်စွာ)

"ဟမ် ပြည့်ပြည့် ဘယ်လိုကြီးတုန်းဟ "

"ဟုတ်တယ်လေ နမည်မှာ ပြည့်ပါတာကြောင့်ရော မင်းရဲ့ပါးပြည့်ပြည့်လေးတွေ ကြောင့်ရောပေါ့"

"ကဲ ငါသွားပြီ ပြည့်ပြည့်ရေ စာအုပ်ငှားပေးလို့ ကျေးဇူးပါနော်"

ကရင်တရုတ်ဗမာ ကပြားလေးက အခြားတော့ တရုတ်ကပြားလေးအား ကြည့်နေမိခဲ့သည်

"ဘယ်လိုလေးတုန်းဟ ပြည့်ပြည့်တဲ့"

တိုးငြင်းလှတဲ့ စကားသံအဆုံးမှာ လွန်းပြည့်နောင် ရဲ့ နှုတ်ခမ်းထက်သို့ အပြုံးလေးတစ်ပွင့်က ကျရောက်လို့လာပြန်သည်

(မင်းဆီက ပြည့်ပြည့်ဆိုတဲ့ အသံလေးက ငါ့ကိုအမြဲပြုံးမိစေခဲ့တယ် မာနရယ်
တခြားလူခေါ်တာမဟုတ်ပဲ မင်းတယောက်ထဲက မာနကျော်စွာဆိုတဲ့ မင်းကပဲခေါ်တာမို့ ငါပြုံးမိခဲ့တယ်ဆိုတာ ယုံပါ
                     
                  #လွန်းပြည့်နောင်)

Maze🍀Where stories live. Discover now